လီဗာပူးလ် တိုက်စစ်မှူး အိုရီဂီ နဲ့ လက်စတာ တိုက်စစ်ကစားသမား အီဟန်နာချို တို့ကို ခေါ်ယူရန် မျက်စိကျနေတဲ့ လိုက်ပ်ဇစ်

ဂျာမန်ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်အသင်းဟာ ပရီးမီးယားလိဂ်က တိုက်စစ်မှူးတွေကို ခေါ်ယူပြီး အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းချင်နေတယ်လို့ သိရပါတယ်။ ဒီဆောင်းရာသီဈေးကွက်မှာ လိုက်ပ်ဇစ်အသင်းတာဝန်ရှိသူတွေဟာ ဈေးကွက်အတွင်း တိုက်စစ်မှူး အသစ်တစ်ယောက်ကို ခေါ်ယူချင်နေတာဖြစ်ပြီး လက်ရှိပစ်မှတ်ထားနေတာက (၃) ယောက်ရှိနေတာဖြစ်ပါတယ်။

သူတို့တွေကတော့ လီဗာပူးလ်အသင်းရဲ့ အထောင်တိုက်စစ်မှူး အိုရီဂီ ၊ လက်စတာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အီဟန်နာချို နဲ့ နိုက်စ် တိုက်စစ်မှူး ကက်စပါဒိုးလ်ဘက် တို့ ဖြစ်တယ်လို့ သိရပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ သူတို့ထဲက (၁) ယောက်ကို အရင်အငှားနဲ့ ခေါ်ယူရန် ဆွေးနွေးလိုနေတာပဲ ဖြစ်ပါတယ်။သူတို့ (၃) ယောက်စလုံးဟာ ဒီရာသီမှာ သက်ဆိုင်ရာ ကလပ်အသီးသီး၌ ပွဲကစားချိန်ရရန် ရုန်းကန်နေရသူတွေပါ။


