အက်စတွန်ဗီလာနဲ့ နိုင်ပွဲက အသင်းအတွက် အရမ်းအရေးကြီးတယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗား

မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အက်စတွန်ဗီလာအသင်းကို မနေ့ညက (၂-ဝ) နဲ့ အနိုင်ရခဲ့တဲ့အတွက် ဝမ်းသာနေပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ ပွဲပြီးရန် (၁၀) မိနစ်အလိုမှာ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို လှလှပပ ဧရိယာထိပ်ကနေ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

သူက “ဒီလို ခက်ခဲတဲ့ပွဲက ကျွန်တော်တို့အတွက် အနိုင်ရခဲ့တာ အရမ်းကို အရေးပါတဲ့ အနိုင်ဖြစ်ပါတယ်။ အနိုင် (၃) မှတ်ထက်တောင်ပိုတဲ့ နိုင်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ၇၅ မိနစ်လောက်အထိ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် အရမ်းကို အရေးပါတဲ့ နိုင်ပွဲဖြစ်တယ်လို့ ခံစားရပါတယ်။ ပြီးတော့ (၂) ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အရမ်းကို ပျော်ရွှင်ရပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ နိုင်ပွဲရခဲ့တဲ့အပြင် ပေးဂိုးလည်း မပေးခဲ့ရတဲ့အပေါ် အသင်းရဲ့ မကြာသေးခင်က ရလဒ်တွေကြောင့်ဖြစ်တယ်လို့ ဘာနာဒိုဆေးလ်ဗားက ထပ်ပြီး ပြောခဲ့ပါသေးတယ်။

“ကျွန်တော် ဂိုးမသွင်းနိုင်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ အခုလို ဂိုးသွင်းပြီး အသင်းကို ပြန်ပြီး ကူညီခွင့်ရတဲ့အတွက် တစ်ကယ်ပျော်ရွှင်မိပါတယ်။ အရေးအကြီးဆုံးက ကျွန်တော်တို့ဟာ အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်နေတာပါ။ အသင်းကလည်း အကောင်းဆုံး စွမ်းဆောင်နေပြီး အခုလို နိုင်ပွဲ ဆက်ပြီး ရသွားဖို့ ကြိုးစားသွားပါမယ်” လို့ ပေါ်တူဂီ ကွင်းလယ်ကစားသမားက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အက္စတြန္ဗီလာနဲ႔ ႏိုင္ပြဲက အသင္းအတြက္ အရမ္းအေရးႀကီးတယ္လို႔ ဆိုလိုက္တဲ့ မန္စီးတီးကြင္းလယ္တိုက္စစ္ကစားသမား ဘာနာဒိုေဆးလ္ဗား

မန္စီးတီးကြင္းလယ္လူ ဘာနာဒိုေဆးလ္ဗားက အက္စတြန္ဗီလာအသင္းကို မေန႔ညက (၂-၀) နဲ႔ အႏိုင္ရခဲ့တဲ့အတြက္ ၀မ္းသာေနပါတယ္။ ေပၚတူဂီကြင္းလယ္လူဟာ ပြဲၿပီးရန္ (၁၀) မိနစ္အလိုမွာ မန္စီးတီးအသင္းအတြက္ အဖြင့္ဂိုးကို လွလွပပ ဧရိယာထိပ္ကေန သြင္းယူေပးခဲ့သူ ျဖစ္ပါတယ္။ သူက

“ဒီလို ခက္ခဲတဲ့ပြဲက ကၽြန္ေတာ္တို႔အတြက္ အႏိုင္ရခဲ့တာ အရမ္းကို အေရးပါတဲ့ အႏိုင္ျဖစ္ပါတယ္။ အႏိုင္ (၃) မွတ္ထက္ေတာင္ပိုတဲ့ ႏိုင္ပြဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ၇၅ မိနစ္ေလာက္အထိ ဂိုးမသြင္းႏိုင္ခဲ့တဲ့အတြက္ အရမ္းကို အေရးပါတဲ့ ႏိုင္ပြဲျဖစ္တယ္လို႔ ခံစားရပါတယ္။ ၿပီးေတာ့ (၂) ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ အရမ္းကို ေပ်ာ္ရႊင္ရပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ႏိုင္ပြဲရခဲ့တဲ့အျပင္ ေပးဂိုးလည္း မေပးခဲ့ရတဲ့အေပၚ အသင္းရဲ႕ မၾကာေသးခင္က ရလဒ္ေတြေၾကာင့္ျဖစ္တယ္လို႔ ဘာနာဒိုေဆးလ္ဗားက ထပ္ၿပီး ေျပာခဲ့ပါေသးတယ္။

“ကၽြန္ေတာ္ ဂိုးမသြင္းႏိုင္ခဲ့တာ ၾကာၿပီျဖစ္ပါတယ္။ အခုလို ဂိုးသြင္းၿပီး အသင္းကို ျပန္ၿပီး ကူညီခြင့္ရတဲ့အတြက္ တစ္ကယ္ေပ်ာ္ရႊင္မိပါတယ္။ အေရးအႀကီးဆံုးက ကၽြန္ေတာ္တို႔ဟာ အမွတ္ေပးဇယားထိပ္ကို ျပန္ေရာက္ေနတာပါ။ အသင္းကလည္း အေကာင္းဆံုး စြမ္းေဆာင္ေနၿပီး အခုလို ႏိုင္ပြဲ ဆက္ၿပီး ရသြားဖို႔ ႀကိဳးစားသြားပါမယ္” လို႔ ေပၚတူဂီ ကြင္းလယ္ကစားသမားက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။