ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်လက်မလွှတ်သေးဘဲ လာမယ့်နွေရာသီမှာ ခေါ်ဖို့ပြင်ဆင်နေ


ယူနိုက်တက်အသင်းဟာ ကာလရှည်စောင့်ကြည့်နေပြီး ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဒေါ့မန်တောင်ပံကစားသမား ဆန်ချိုအ တွက် လက်လျော့မှုမရှိသေးဘဲ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကိုခေါ်ယူချင်ပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်ကို တစ်ကြိမ်တည်းနဲ့ အပြည့်ပေးချေလိုခြင်းမရှိတာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာလို့လည်း သိရပါတယ်။


ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဆန်ချိုကို ခေါ်ယူနိုင်ရေးက ဦးစား ပေးဖြစ်ပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်းလည်း ပြောခဲ့ကြပါတယ်။ ဒီကစားသမားကို ယူနိုက်တက်အပြင် လီဗာပူး၊ ချဲလ်ဆီး၊ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ ဂျာမန်ဘောလုံး ကျွမ်းကျင်သူ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဟိုနစ်စတိန်းလ်ကတော့ ဆန်ချိုရဲ့အပြောင်းအရွှေ့ဟာ ဇန်နဝါရီလအကုန်ပိုင်း မှာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။


ဟိုနစ်စတိန်းလ်က “ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေဟာ ယူရို ၂၀၂၀ ပြိုင်ပွဲကျင်းပဖို့ ရှိနေတာကြောင့် နှောင့်နှေး နေနိုင်တယ်ဆိုပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် ပိတ်ပြီးချိန်မှာကတည်းက ဆွေးနွေးမှုတွေရှိလာနိုင်ပါတယ်။ ပြီး ခဲ့တဲ့ ၂နှစ် ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဒေါ့မန်ဟာ ပူလီဆစ်ကို ချဲလ်ဆီးထံ ရောင်းချခဲ့တာကြောင့် ဒီနှစ်ဇန်နဝါရီမှာ တော့ အသင်းရဲ့ အဓိက,ကစားသမားတစ်ဦးကို ထပ်မံရောင်းချမှာ မဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္လက္မလႊတ္ေသးဘဲ လာမယ့္ေႏြရာသီမွာ ေခၚဖို႔ျပင္ဆင္ေန
ယူႏိုက္တက္အသင္းဟာ ကာလရွည္ေစာင့္ၾကည့္ေနၿပီး ေခၚယူဖို႔ ႀကိဳးစားေနတဲ့ ေဒါ့မန္ေတာင္ပံကစားသမား ဆန္ခ်ိဳအ တြက္ လက္ေလ်ာ့မႈမရွိေသးဘဲ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူဖို႔အတြက္ စီစဥ္ေနတယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ယူႏိုက္တက္ဟာ ဆန္ခ်ိဳကိုေခၚယူခ်င္ေပမယ့္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၁၀၀ ေက်ာ္ကို တစ္ႀကိမ္တည္းနဲ႔ အျပည့္ေပးေခ်လိုျခင္းမရွိတာေၾကာင့္ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့တာလို႔လည္း သိရပါတယ္။
ယူႏိုက္တက္အသင္း တာဝန္ရွိသူေတြကေတာ့ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ဆန္ခ်ိဳကို ေခၚယူႏိုင္ေရးက ဦးစား ေပးျဖစ္ၿပီး ေခၚယူႏိုင္မယ္လို႔ ယံုၾကည္မႈရွိေၾကာင္းလည္း ေျပာခဲ့ၾကပါတယ္။ ဒီကစားသမားကို ယူႏိုက္တက္အျပင္ လီဗာပူး၊ ခ်ဲလ္ဆီး၊ ဘာစီလိုနာတို႔ကလည္း စိတ္ဝင္စားေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ ဂ်ာမန္ေဘာလံုး ကၽြမ္းက်င္သူ ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဟိုနစ္စတိန္းလ္ကေတာ့ ဆန္ခ်ိဳရဲ႕အေျပာင္းအေရႊ႕ဟာ ဇန္နဝါရီလအကုန္ပိုင္း မွာ ျဖစ္ႏိုင္တယ္လို႔လည္း သံုးသပ္ခဲ့ပါတယ္။
ဟိုနစ္စတိန္းလ္က “ အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးမႈေတြဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲက်င္းပဖို႔ ရွိေနတာေၾကာင့္ ေႏွာင့္ေႏွး ေနႏိုင္တယ္ဆိုေပမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္ၿပီးခ်ိန္မွာကတည္းက ေဆြးေႏြးမႈေတြရွိလာႏိုင္ပါတယ္။ ၿပီး ခဲ့တဲ့ ၂ႏွစ္ ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ေဒါ့မန္ဟာ ပူလီဆစ္ကို ခ်ဲလ္ဆီးထံ ေရာင္းခ်ခဲ့တာေၾကာင့္ ဒီႏွစ္ဇန္နဝါရီမွာ ေတာ့ အသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးကို ထပ္မံေရာင္းခ်မွာ မဟုတ္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။