ကလေးဘဝတုန်းက အားပေးတဲ့အသင်းကို ပြိုင်ဘက်အဖြစ် ပြန်ကစားရတဲ့ ပရီးမီးယားလိဂ်ကကစားသမား ခုနှစ်ယောက်


ဘောလုံးသမားတစ်ယောက်ဖြစ်ချင်တဲ့ ကလေးဘဝက အိပ်မက်တွေအရ ဘောလုံးသမားဖြစ်လာခဲ့ပြီး ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်လာပြီးချိန်မှာတော့ ကလေးဘဝတုန်းက အားပေးခဲ့တဲ့အသင်းကို ပြိုင်ဘက်အသင်းကနေ ယှဉ်ပြိုင်ကစား ရတဲ့ ပရီးမီးယားလိဂ်က ကစားသမား ခုနှစ်ယောက်အထိရှိခဲ့ပါတယ်။ ဒီကစားသမားတွေ ငယ်ငယ်ကအားပေးတဲ့အသင်းနဲ့ ကစားခဲ့တဲ့အသင်းတွေက မတူဘဲ ပြိုင်ဘက်တွေအဖြစ်ရှိခဲ့တာကြောင့် သံယောဇဉ်နဲ့ ပရော်ဖက်ရှင်နယ်ကြားက ကစားသ မားခုနှစ်ယောက်ကို ဖော်ပြလိုက်ပါတယ်။


လက်ရှိအချိန်မှာတော့ ဟယ်ရီကိန်းထက် စပါးအသင်းကိုပိုချစ်တဲ့ ကစားသမားမရှိဘူးလို့ဆိုရမှာပါ။ဒါပေမယ့် ဟယ်ရီကိန်း ကလေးဘဝတုန်းက အားပေးတဲ့အသင်းက အာဆင်နယ်အသင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ကွင်းလယ်လူ ဒီဘရူနီက လည်း သူအားပေးခဲ့တဲ့အသင်းက လီဗာပူးဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦး ဖြစ်တဲ့ ဂျွန်တယ်ရီက ငယ်ငယ်တုန်းက အားပေးခဲ့တဲ့အသင်းက ယူနိုက်တက်ပဲ ဖြစ်တယ်ဆိုပြီး ပြောသွားခဲ့တာဖြစ်ပါတယ်။


စပါးအသင်းရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကလည်း သူငယ်ငယ်တုန်းက အားပေးခဲ့တဲ့အသင်းက အာဆင်နယ် လို့ ပြောခဲ့ပြီး တိုက်စစ်မှူးအွန်နရီက သူအကြိုက်ဆုံးကစားသမားလို့ ပြောခဲ့ပါတယ်။ လီဗာပူးဂန္တဝင်ကစားသမားတစ်ဦး ဖြစ် တဲ့ နောက်ခံလူဟောင်း ကာရေဂါကတော့ မြို့ခံပြိုင်ဘက် အဲဗာတန်ကို အားပေးခဲ့ပြီး လီဗာပူး၊ မန်စီးတီးတို့မှာကစားတဲ့ စတာလင်းကတော့ ယူနိုက်တက်အသင်းကို ကလေးဘဝက အားပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကတော့ ပြင်သစ်ကစားသမားအများစုရှိတဲ့ အာဆင်နယ်ကို ကလေးဘဝကို အားပေးခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ကေလးဘဝတုန္းက အားေပးတဲ့အသင္းကို ၿပိဳင္ဘက္အျဖစ္ ျပန္ကစားရတဲ့ ပရီးမီးယားလိဂ္ကကစားသမား ခုႏွစ္ေယာက္
ေဘာလံုးသမားတစ္ေယာက္ျဖစ္ခ်င္တဲ့ ကေလးဘဝက အိပ္မက္ေတြအရ ေဘာလံုးသမားျဖစ္လာခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ တစ္ေယာက္ျဖစ္လာၿပီးခ်ိန္မွာေတာ့ ကေလးဘဝတုန္းက အားေပးခဲ့တဲ့အသင္းကို ၿပိဳင္ဘက္အသင္းကေန ယွဥ္ၿပိဳင္ကစား ရတဲ့ ပရီးမီးယားလိဂ္က ကစားသမား ခုႏွစ္ေယာက္အထိရွိခဲ့ပါတယ္။ ဒီကစားသမားေတြ ငယ္ငယ္ကအားေပးတဲ့အသင္းနဲ႔ ကစားခဲ့တဲ့အသင္းေတြက မတူဘဲ ၿပိဳင္ဘက္ေတြအျဖစ္ရွိခဲ့တာေၾကာင့္ သံေယာဇဥ္နဲ႔ ပေရာ္ဖက္ရွင္နယ္ၾကားက ကစားသ မားခုႏွစ္ေယာက္ကို ေဖာ္ျပလိုက္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဟယ္ရီကိန္းထက္ စပါးအသင္းကိုပိုခ်စ္တဲ့ ကစားသမားမရွိဘူးလို႔ဆိုရမွာပါ။ဒါေပမယ့္ ဟယ္ရီကိန္း ကေလးဘဝတုန္းက အားေပးတဲ့အသင္းက အာဆင္နယ္အသင္းျဖစ္ပါတယ္။ မန္စီးတီးအသင္းရဲ႕ကြင္းလယ္လူ ဒီဘ႐ူနီက လည္း သူအားေပးခဲ့တဲ့အသင္းက လီဗာပူးျဖစ္တယ္လို႔ ဝန္ခံသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦး ျဖစ္တဲ့ ဂၽြန္တယ္ရီက ငယ္ငယ္တုန္းက အားေပးခဲ့တဲ့အသင္းက ယူႏိုက္တက္ပဲ ျဖစ္တယ္ဆိုၿပီး ေျပာသြားခဲ့တာျဖစ္ပါတယ္။
စပါးအသင္းရဲ႕ ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ကလည္း သူငယ္ငယ္တုန္းက အားေပးခဲ့တဲ့အသင္းက အာဆင္နယ္ လို႔ ေျပာခဲ့ၿပီး တိုက္စစ္မွဴးအြန္နရီက သူအႀကိဳက္ဆံုးကစားသမားလို႔ ေျပာခဲ့ပါတယ္။ လီဗာပူးဂႏၲဝင္ကစားသမားတစ္ဦး ျဖစ္ တဲ့ ေနာက္ခံလူေဟာင္း ကာေရဂါကေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ အဲဗာတန္ကို အားေပးခဲ့ၿပီး လီဗာပူး၊ မန္စီးတီးတို႔မွာကစားတဲ့ စတာလင္းကေတာ့ ယူႏိုက္တက္အသင္းကို ကေလးဘဝက အားေပးခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာကေတာ့ ျပင္သစ္ကစားသမားအမ်ားစုရွိတဲ့ အာဆင္နယ္ကို ကေလးဘဝကို အားေပးခဲ့ပါတယ္လို႔ ေျပာခဲ့ပါတယ္။