လမ်းပတ်ကို နောက်ထပ် သုံးပွဲပဲ စောင့်ကြည့်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့


ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် ထုတ်ပယ်ခံရဖို့ သတင်းတွေထွက်နေတဲ့ ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ကို လာမယ့် ပွဲ စဉ် သုံးပွဲပဲ စောင့်ကြည့်တော့မှာဖြစ်တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့်ပွဲစဉ်သုံးပွဲမှာ ပြိုင်ဘက်အသင်းတွေကို အိမ်ကွင်းမှာပဲ လက်ခံကစားရမှာဖြစ်ပြီး ယှဉ်ပြိုင်ရမယ့်အသင်းတွေကတော့ လူတန်တောင်း၊ ဝုလ် ဗာဟမ်တန်နဲ့ ဘန်လေ အသင်းတို့ပဲ ဖြစ်ပါတယ်။


အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ ကစားသမားဘဝတုန်းက ချဲလ်ဆီးအသင်းရဲ့အဓိက,ကစားသမားတစ်ယောက် ဖြစ်ခဲ့သလို အသင်းအတွက် ၂၁၁ ဂိုးသွင်းယူပေးထားခဲ့သူလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနည်းပြ ဖြစ်လာပြီးနောက် မှာလည်း အသင်းပိုင်ရှင်ဖြစ်တဲ့ အေဘရာမိုဗစ်ရဲ့ နှစ်သက်သဘောကျခြင်းကိုခံခဲ့ရပေမယ့် လက်ရှိရလဒ်ပိုင်းဆိုးရွားမှုတွေ ကြောင့် ထုတ်ပယ်ခံရဖို့ နီးစပ်နေတာပဲ ဖြစ်ပါတယ်။


ကလပ်အတွင်းသတင်းသိသူတစ်ယောက်ကတော့ လမ်းပတ်အနေနဲ့ လာမယ့်အိမ်ကွင်းမှာ ကစားရမယ့်ပွဲစဉ် သုံးပွဲမှာ ရလဒ်ကောင်းရဖို့ လိုအပ်ပြီး တကယ်လို့ ရလဒ်ပိုင်းဆိုးရွားခဲ့မယ်ဆိုရင်တော့ ချဲလ်ဆီးအသင်းနည်းပြဘဝ အဆုံးသတ်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အခြားသတင်းတစ်ခုအရတော့ အေဘရာမိုဗစ်အနေနဲ့ လမ်းပတ်ကို နည်းပြအဖြစ်မထုတ်ချင် တာကြောင့် အသင်းငယ်တွေနဲ့ ကစားမယ့် အိမ်ကွင်းပွဲစဉ် သုံးပွဲကို စောင့်ကြည့်မယ်လို့ ပြောခဲ့တာဖြစ်တယ်လို့လည်း သိရ ပါတယ်။

zawgyi version

လမ္းပတ္ကို ေနာက္ထပ္ သံုးပြဲပဲ ေစာင့္ၾကည့္ေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေနေၾကာင္း The Sun သတင္းစာက ေဖာ္ျပခဲ့
ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ ထုတ္ပယ္ခံရဖို႔ သတင္းေတြထြက္ေနတဲ့ ခ်ဲလ္ဆီးအသင္းနည္းျပ လမ္းပတ္ကို လာမယ့္ ပြဲ စဥ္ သံုးပြဲပဲ ေစာင့္ၾကည့္ေတာ့မွာျဖစ္တယ္လို႔ The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ လာမယ့္ပြဲစဥ္သံုးပြဲမွာ ၿပိဳင္ဘက္အသင္းေတြကို အိမ္ကြင္းမွာပဲ လက္ခံကစားရမွာျဖစ္ၿပီး ယွဥ္ၿပိဳင္ရမယ့္အသင္းေတြကေတာ့ လူတန္ေတာင္း၊ ဝုလ္ ဗာဟမ္တန္နဲ႔ ဘန္ေလ အသင္းတို႔ပဲ ျဖစ္ပါတယ္။
အသက္ ၄၂ ႏွစ္ရွိၿပီျဖစ္တဲ့ လမ္းပတ္ဟာ ကစားသမားဘဝတုန္းက ခ်ဲလ္ဆီးအသင္းရဲ႕အဓိက,ကစားသမားတစ္ေယာက္ ျဖစ္ခဲ့သလို အသင္းအတြက္ ၂၁၁ ဂိုးသြင္းယူေပးထားခဲ့သူလည္း ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းနည္းျပ ျဖစ္လာၿပီးေနာက္ မွာလည္း အသင္းပိုင္ရွင္ျဖစ္တဲ့ ေအဘရာမိုဗစ္ရဲ႕ ႏွစ္သက္သေဘာက်ျခင္းကိုခံခဲ့ရေပမယ့္ လက္ရွိရလဒ္ပိုင္းဆိုးရြားမႈေတြ ေၾကာင့္ ထုတ္ပယ္ခံရဖို႔ နီးစပ္ေနတာပဲ ျဖစ္ပါတယ္။
ကလပ္အတြင္းသတင္းသိသူတစ္ေယာက္ကေတာ့ လမ္းပတ္အေနနဲ႔ လာမယ့္အိမ္ကြင္းမွာ ကစားရမယ့္ပြဲစဥ္ သံုးပြဲမွာ ရလဒ္ေကာင္းရဖို႔ လိုအပ္ၿပီး တကယ္လို႔ ရလဒ္ပိုင္းဆိုးရြားခဲ့မယ္ဆိုရင္ေတာ့ ခ်ဲလ္ဆီးအသင္းနည္းျပဘဝ အဆံုးသတ္မွာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ အျခားသတင္းတစ္ခုအရေတာ့ ေအဘရာမိုဗစ္အေနနဲ႔ လမ္းပတ္ကို နည္းျပအျဖစ္မထုတ္ခ်င္ တာေၾကာင့္ အသင္းငယ္ေတြနဲ႔ ကစားမယ့္ အိမ္ကြင္းပြဲစဥ္ သံုးပြဲကို ေစာင့္ၾကည့္မယ္လို႔ ေျပာခဲ့တာျဖစ္တယ္လို႔လည္း သိရ ပါတယ္။