လုခ်ရှောတိုးတက်လာရတဲ့ အကြောင်းရင်းကို ပြောဆိုလာတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောကို ချီးကျူးစကားပြောဆိုသွားခဲ့ပါတယ်။ အင်္ဂလန်နောက်ခံလူဟာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုရဲ့ လက်အောက်မှာ ဦးစားပေးမခံရတဲ့ ကစားသမား ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အသင်းဆီကို အဲလက်စ်တဲလက်စ်ကို ခေါ်ယူခဲ့သော်လည်း အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်ပေးနေပြီး ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်အသင်းနဲ့ ပွဲမှာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ လုခ်ရှောဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ပါ တိုးတက်လာတယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“လုခ်ရှောမှာ အရည်အသွေးရှိပါတယ်။ လီဗာပူးလ်နဲ့ ပွဲမှာဆိုရင် သူဟာ ဘောလုံးကို အရယူပြီး ရှေ့ကို မောင်းနှင်နိုင်တာကို မကြာခဏ မြင်တွေ့ရမှာပါ။ ဒါမျိုးကို သူ့ကို ကျွန်တော်ပိုလုပ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူအဲ့လို လုပ်နိုင်တာကို ကျွန်တော်တို့ သိလို့ပါ။ သူဟာ အခုလက်ရှိမှာ စိတ်ပိုင်းဆိုင်ရာလည်း အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။

သူဟာ အဖေတစ်ယောက်ဖြစ်လာတော့မှာဖြစ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကလည်း အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ သူဟာ ဒီထက်လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ် ။ ဘရန်ဒန် နဲ့ အဲလက်စ်တဲလက်စ်တို့ကလည်း သူ့ကို တွန်းအားတွေပေးနေပါတယ်။ သူသာ ကောင်းကောင်းမကစားနိုင်ရင် ကျွန်တော့်မှာ အစားထိုးစရာ ကစားသမားကောင်းတွေ ရှိနေပါတယ်” လို့ ဆိုးလ်ရှားက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လုခ္ေရွာတိုးတက္လာတဲ့ အေၾကာင္းရင္းကို ေျပာဆိုလာတဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပဆိုးလ္ရွားက အသင္းရဲ႕ ဘယ္ေနာက္ခံလူ လုခ္ေရွာကို ခ်ီးက်ဴးစကားေျပာဆိုသြားခဲ့ပါတယ္။ အဂၤလန္ေနာက္ခံလူဟာ ယူႏိုက္တက္နည္းျပေဟာင္း ေမာ္ရင္ဟိုရဲ႕ လက္ေအာက္မွာ ဦးစားေပးမခံရတဲ့ ကစားသမား ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အသင္းဆီကို အဲလက္စ္တဲလက္စ္ကို ေခၚယူခဲ့ေသာ္လည္း အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာ အေကာင္းဆံုး စြမ္းေဆာင္ေပးေနၿပီး ၿပီးခ့ဲတဲ့အပတ္က လီဗာပူးလ္အသင္းနဲ႔ ပြဲမွာ အေကာင္းဆံုး ကစားသမားဆုကို ရရွိခဲ့ပါတယ္။ ဆိုးလ္ရွားကေတာ့ လုခ္ေရွာဟာ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာ ပါ တိုးတက္လာတယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“လုခ္ေရွာမွာ အရည္အေသြးရွိပါတယ္။ လီဗာပူးလ္နဲ႔ ပြဲမွာဆိုရင္ သူဟာ ေဘာလံုးကို အရယူၿပီး ေရွ႕ကို ေမာင္းႏွင္ႏိုင္တာကို မၾကာခဏ ျမင္ေတြ႕ရမွာပါ။ ဒါမ်ိဳးကို သူ႔ကို ကၽြန္ေတာ္ပိုလုပ္ေစခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူအဲ့လို လုပ္ႏိုင္တာကို ကၽြန္ေတာ္တို႔ သိလို႔ပါ။ သူဟာ အခုလက္ရွိမွာ စိတ္ပိုငး္ဆိုင္ရာလည္း အေကာင္းဆံုး အေနအထားမွာ ရွိေနပါတယ္။

သူဟာ အေဖတစ္ေယာက္ျဖစ္လာေတာ့မွာျဖစ္ၿပီး သူ႔ရဲ႕  ၾကံ့ခိုင္မႈပိုင္းကလည္း အေကာင္းဆံုးအေနအထားမွာ ရွိေနပါတယ္။ သူဟာ ဒီထက္လည္း ပိုေကာင္းလာမွာ ျဖစ္ပါတယ္ ။ ဘရန္ဒန္ နဲ႔ အဲလက္စ္တဲလက္စ္တို႔ကလည္း သူ႔ကို တြန္းအားေတြေပးေနပါတယ္။ သူသာ ေကာင္းေကာင္းမကစားႏိုင္ရင္ ကၽြန္ေတာ့္မွာ အစားထိုးစရာ ကစားသမားေကာင္းေတြ ရွိေနပါတယ္” လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။