အင်တာမီလန်ကွင်းလယ်ဖန်တီးရှင် ဘာရယ်လာကို စောင့်ကြည့်နေတဲ့ စပါး နဲ့ လီဗာပူးလ်

ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ စပါး နဲ့ လီဗာပူးလ်တို့ဟာ အင်တာမီလန်ကြယ်ပွင့် ဘာရယ်လာကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ပိုင်းပွဲတွေ သွင်းဂိုးတွေ နည်းပါးနေလို့ ယာဂင်ကလော့ပ်ဟာ လူငယ်ကြယ်ပွင့်ကစားသမားကို စပါးအသင်းနဲ့ အပြိုင် စိတ်ဝင်စားလာတာပဲဖြစ်ပါတယ်။ စပါးအသင်းကတော့ အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အထောက်အပံ့ပေးနိုင်တဲ့ ကစားသမားမျိုးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဘာရယ်လာကို ခေါ်ယူချင်နေတာပါ။

သတင်းများအရ စပါးအသင်းဟာ ကွန်တီရဲ့ လက်အောက်မှာ အစွမ်းပြနေတဲ့ ဘာရယ်လာကို ခေါ်ယူရန်အတွက် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံလီဗာပူးလ်အသင်းနဲ့ ပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဘယ်အသင်းကို ရောက်မလဲ မသိသေးပေမယ့် အင်တာမီလန်အသင်းကတော့ ဘာရယ်လာအတွက် တန်ကြေးကြီးကြီးမားမား တောင်းဆိုဖွယ်ရှိနေပါတယ်။

ဘာရယ်လာရဲ့ ဆန်စီရို နဲ့ စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ ်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး စီးရီးအေအမှတ်ပေးဖလားကို စိန်ခေါ်နေတဲ့အသင်းက သူ့ကို ဈေးပေါပေါနဲ့ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ ကက်ဂလီယာရီအသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာပြီးနောက် ၂၀၁၉ ခုနှစ်က အပြီးသတ်ခေါ်ယူခဲ့တဲ့ ဘာရယ်လာဟာ အင်တာမီလန်အသင်းအတွက် (၆၆) ပွဲကစားထားပြီး (၆) ဂိုးသွင်း (၁၆) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

ဘာရယ်လာဟာ အင်တာမီလန်အသင်းရဲ့ ကွင်းလယ်မှာ ဒီရာသီ အမာခံ ကစားသမားတစ်ယောက်ဖြစ်နေပြီး စီးရီးအေ (၁၈) ပွဲစလုံးကစားထားပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ နည်းပြကွန်တီရဲ့ စီးရီးအေ အမှတ်ပေးဖလား စိန်ခေါ်နေတဲ့အသင်းအတွက် (၆) ဂိုးဖန်တီးပေးထားပြီး (၂ )ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

အင္တာမီလန္ကြင္းလယ္ဖန္တီးရွင္ ဘာရယ္လာကို ေစာင့္ၾကည့္ေနတဲ့ စပါး နဲ႔ လီဗာပူးလ္

ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းေတြျဖစ္တဲ့ စပါး နဲ႔ လီဗာပူးလ္တို႔ဟာ အင္တာမီလန္ၾကယ္ပြင့္ ဘာရယ္လာကို ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ေနာက္ပိုင္းပြဲေတြ သြင္းဂိုးေတြ နည္းပါးေနလို႔ ယာဂင္ကေလာ့ပ္ဟာ လူငယ္ၾကယ္ပြင့္ကစားသမားကို စပါးအသင္းနဲ႔ အၿပိဳင္ စိတ္၀င္စားလာတာပဲျဖစ္ပါတယ္။ စပါးအသင္းကေတာ့ အသင္းရဲ႕ တိုက္စစ္မွဴး ဟယ္ရီကိန္းကို အေထာက္အပံ့ေပးႏိုင္တဲ့ ကစားသမားမ်ိဳးျဖစ္တဲ့ အသက္ ၂၃ ႏွစ္အရြယ္ ဘာရယ္လာကို ေခၚယူခ်င္ေနတာပါ။

သတင္းမ်ားအရ စပါးအသင္းဟာ ကြန္တီရဲ႕ လက္ေအာက္မွာ အစြမ္းျပေနတဲ့ ဘာရယ္လာကို ေခၚယူရန္အတြက္ ပရီးမီးယားလိဂ္ လက္ရွိ ခ်န္ပီယံလီဗာပူးလ္အသင္းနဲ႔ ၿပိဳင္ဆိုင္ရမွာပဲျဖစ္ပါတယ္။ ဘယ္အသင္းကို ေရာက္မလဲ မသိေသးေပမယ့္ အင္တာမီလန္အသင္းကေတာ့ ဘာရယ္လာအတြက္ တန္ေၾကးႀကီးႀကီးမားမား ေတာင္းဆိုဖြယ္ရွိေနပါတယ္။

ဘာရယ္လာရဲ႕ ဆန္စီ႐ို နဲ႔ စာခ်ဳပ္သက္တမ္းက ၂၀၂၄ ခုႏွစ ္ေႏြရာသီမွာ ကုန္ဆံုးမွာျဖစ္ၿပီး စီးရီးေအအမွတ္ေပးဖလားကို စိန္ေခၚေနတဲ့အသင္းက သူ႔ကို ေစ်းေပါေပါနဲ႔ လက္လႊတ္ခံမွာ မဟုတ္ပါဘူး။ ကက္ဂလီယာရီအသင္းကေန အငွားနဲ႔ ေျပာင္းေရႊ႕လာၿပီးေနာက္ ၂၀၁၉ ခုႏွစ္က အၿပီးသတ္ေခၚယူခဲ့တဲ့ ဘာရယ္လာဟာ အင္တာမီလန္အသင္းအတြက္ (၆၆) ပြဲကစားထားၿပီး (၆) ဂိုးသြင္း (၁၆) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။

ဘာရယ္လာဟာ အင္တာမီလန္အသင္းရဲ႕ ကြင္းလယ္မွာ ဒီရာသီ အမာခံ ကစားသမားတစ္ေယာက္ျဖစ္ေနၿပီး စီးရီးေအ (၁၈) ပြဲစလံုးကစားထားပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ  နည္းျပကြန္တီရဲ႕ စီးရီးေအ အမွတ္ေပးဖလား စိန္ေခၚေနတဲ့အသင္းအတြက္ (၆) ဂိုးဖန္တီးေပးထားၿပီး (၂ )ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။