အာဆင်နယ်အသင်း နဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း လမ်းခွဲ လိုက်ပြီးတဲ့ နောက်ခံလူ ဆိုခရာ့တစ်

အာဆင်နယ်အသင်းဟာ နောက်ခံလူ ဆိုခရာ့တစ် နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက အာဆင်နယ်အသင်းအတွက် တစ်ပွဲတော်င ကစားခွင့် မရသေးပါဘူး။ သူဟာ ဒီရာသီအာဆင်နယ်အသင်းရဲ့ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် လူစာရင်းတွေမှာလည်း ရွေးချယ်ထားခြင်း မခံခဲ့ရသူဖြစ်ပါတယ်။

သူ့ရဲ့ အာဆင်နယ်အသင်းနဲ့ လက်ရှိစာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ဗဟိုနောက်ခံလူဟာ အသင်းနဲ့ အခုလို စောစောစီးစီး လမ်းခွဲရန် သဘောတူညီမှု ရခဲ့ပါတယ်။ အာဆင်နယ်အသင်းဘက်က ယခုလို လွတ်လပ်ခွင့် ပေးလိုက်တဲ့အတွက် ဆိုခရာ့တစ်ဟာ အခြားအသင်းတစ်သင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းကစားခွင့်ရသွားပြီ ဖြစ်ပါတယ်။

ဂရိနောက်ခံလူဟာ အာဆင်နယ်အသင်းဆီကို ဒေါ့မွန်အသင်းဆီကနေ ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၆၉) ပွဲကစားပေးခဲ့ပါတယ်။ သူဟာ အာဆင်နယ်အသင်း အက်ဖ်အေဖလားရခဲ့တဲ့လူစာရင်းမှာ ပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း တမ်းလှမ်းခဲ့ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဗဟိုနောက်ခံလူကို နာပိုလီ နဲ့ ဖီနာဘာချီအသင်းတို့က ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့မယ်ဆိုပါက အာဆင်နယ်အသင်းဖော်ဟောင်း အိုဇေးလ်နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရမှာပဲ ဖြစ်ပါတယ်။

အာဆင္နယ္အသင္း နဲ႔ ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္း လမ္းခြဲ လိုက္ၿပီးတဲ့ ေနာက္ခံလူ ဆိုခရာ့တစ္

အာဆင္နယ္အသင္းဟာ ေနာက္ခံလူ ဆိုခရာ့တစ္ နဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီ ျဖစ္ပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္ မတ္လကတည္းက အာဆင္နယ္အသင္းအတြက္ တစ္ပြဲေတာ္င ကစားခြင့္ မရေသးပါဘူး။ သူဟာ ဒီရာသီအာဆင္နယ္အသင္းရဲ႕ပရီးမီးယားလိဂ္ နဲ႔ ယူ႐ိုပါလိဂ္ လူစာရင္းေတြမွာလည္း ေရြးခ်ယ္ထားျခင္း မခံခဲ့ရသူျဖစ္ပါတယ္။

သူ႔ရဲ႕ အာဆင္နယ္အသင္းနဲ႔ လက္ရွိစာခ်ဳပ္သက္တမ္းက ေႏြရာသီမွာ ကုန္ဆံုးမွာ ျဖစ္ေပမယ့္ ဗဟိုေနာက္ခံလူဟာ အသင္းနဲ႔ အခုလို ေစာေစာစီးစီး လမ္းခြဲရန္ သေဘာတူညီမႈ ရခဲ့ပါတယ္။ အာဆင္နယ္အသင္းဘက္က ယခုလို လြတ္လပ္ခြင့္ ေပးလိုက္တဲ့အတြက္ ဆိုခရာ့တစ္ဟာ အျခားအသင္းတစ္သင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းကစားခြင့္ရသြားၿပီ ျဖစ္ပါတယ္။

ဂရိေနာက္ခံလူဟာ အာဆင္နယ္အသင္းဆီကို ေဒါ့မြန္အသင္းဆီကေန ၂၀၁၈ ခုႏွစ္က ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ (၆၉) ပြဲကစားေပးခဲ့ပါတယ္။ သူဟာ အာဆင္နယ္အသင္း အက္ဖ္ေအဖလားရခဲ့တဲ့လူစာရင္းမွာ ပါ၀င္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္က ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကိုလည္း တမ္းလွမ္းခဲ့ရာမွာလည္း ပါ၀င္ခဲ့သူျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူကို နာပိုလီ နဲ႔ ဖီနာဘာခ်ီအသင္းတို႔က ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ထားတယ္လို႔ သိရပါတယ္။ ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕မယ္ဆိုပါက အာဆင္နယ္အသင္းေဖာ္ေဟာင္း အိုေဇးလ္နဲ႔ ျပန္လည္ဆံုေတြ႕ခြင့္ရမွာပဲ ျဖစ္ပါတယ္။