ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင်းစ်ကို ခေါ်ယူရန် မျက်စိကျနေတဲ့ စပါးအသင်း

စပါးအသင်းဟာ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင်းစ်ကို ခေါ်ယူရန် မျက်စိကျနေတယ်လို့ သိရပါတယ်။ အင်္ဂလန်တိုက်စစ်မှူး ဒန်နီအင်းစ်ဟာ ဒီနွေရာသီမှာ ဆောက်သမ်တန်အသင်းကနေ ထွက်ခွာပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရမယ့် အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ကစားချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ယူရိုစပေါ့သတင်းဌာနက အဆိုအရ စပါးအသင်းနည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင်တို့ရဲ့ အရန်အဖြစ် ဒန်နီအင်းစ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဆောက်သမ်တန်အသင်းဟာ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ကို စာချုပ်သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။

သို့သော်လည်း နည်းပြ ဟက်ဆန်ဟော့တ်ကတော့ အသင်းဟာ ပရီးမီးယားလိဂ်၌ လစာပေးချေဖို့ကိုတောင် ရုန်းကန်နေရတယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်မှာ လစာ ကောင်းကောင်းမပေးချေနိုင်ဘူးဖြစ်နေတယ်” ပြောခဲ့တာဖြစ်ပါတယ်။

ေဆာက္သမ္တန္တိုက္စစ္မွဴး ဒန္နီအင္းစ္ကို ေခၚယူရန္ မ်က္စိက်ေနတဲ့ စပါးအသင္း

စပါးအသင္းဟာ ေဆာက္သမ္တန္တိုက္စစ္မွဴး ဒန္နီအင္းစ္ကို ေခၚယူရန္ မ်က္စိက်ေနတယ္လို႔ သိရပါတယ္။ အဂၤလန္တိုက္စစ္မွဴး ဒန္နီအင္းစ္ဟာ ဒီေႏြရာသီမွာ ေဆာက္သမ္တန္အသင္းကေန ထြက္ခြာၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ ရမယ့္ အသင္းတစ္သင္းဆီကို ေျပာင္းေရႊ႕ကစားခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

ယူ႐ိုစေပါ့သတင္းဌာနက အဆိုအရ စပါးအသင္းနည္းျပ ေမာ္ရင္ဟိုဟာ အသင္းရဲ႕ အဓိက တိုက္စစ္မွဴးေတြျဖစ္တဲ့ ဟယ္ရီကိန္း နဲ႔ ဆြန္ေဟာင္မင္တို႔ရဲ႕ အရန္အျဖစ္ ဒန္နီအင္းစ္ကို ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ ေဆာက္သမ္တန္အသင္းဟာ ၂၀၂၂ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ အသင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ကို စာခ်ဳပ္သက္တမ္းတိုးခ်င္ေနတာျဖစ္ပါတယ္။

သို႔ေသာ္လည္း နည္းျပ ဟက္ဆန္ေဟာ့တ္ကေတာ့ အသင္းဟာ ပရီးမီးယားလိဂ္၌ လစာေပးေခ်ဖို႔ကိုေတာင္ ႐ုန္းကန္ေနရတယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ဟာ ပရီးမီးယားလိဂ္မွာ လစာ ေကာင္းေကာင္းမေပးေခ်ႏိုင္ဘူးျဖစ္ေနတယ္” ေျပာခဲ့တာျဖစ္ပါတယ္။