ပေါင်သန်း ၄၀ ပေးပြီးခေါ်ထားတဲ့ ဗန်ဒီဘိတ်ခ်ကို အရန်ခုံမှာ ထိုင်ခိုင်းပြီး ပေါ့ဘာကို ထွက်ခွင့်မပေးတာအတွက် စဉ်းစားလို့ မရဘူးလို့ ဂယ်ရီနဗီးလ် ပြောဆို


ယူနိုက်တက်အသင်းရဲ့ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်က နွေရာသီအပြောင်းအရွှေ့တုန်းက ပေါင်သန်း ၄၀ ပေးပြီး အေဂျက်ကနေခေါ်ယူထားတဲ့ ဗန်ဒီဘိတ်ကို အရန်ခုံမှာ ထိုင်ခိုင်းတာနဲ့ အသင်းပြောင်းရွှေ့ချင်နေတဲ့ ပေါ့ဘာကို မရောင်းချတာအတွက် သူအနေနဲ့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေရဲ့လုပ်ဆောင်ပုံကို စဉ်းစားလို့ မရကြောင်း ပြောခဲ့ ပါတယ်။ ပေါ့ဘာကို ရီးရဲလ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကလည်း ရီးရဲလ်ကို ပြောင်းရွှေ့ကစားချင်နေတာ ဖြစ်ပါတယ်။


ပေါ့ဘာကို အစောပိုင်းကတည်းက ရီးရဲလ်ကခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာကြောင့် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ဗန်ဒီဘိတ်ခ်ကို ပေါင်သန်း ၄၀ ပေးပြီးခေါ်ယူခဲ့ပေမယ့် ပေါ့ဘာကို ပြန်လည်ရောင်းချခြင်းမရှိတာကြောင့် ယူနိုက်တက်အ သင်းကွင်းလယ်မှာ ပေါ့ဘာ၊ ဖာနန်ဒက်စ်နဲ့ ဗန်ဒီဘိတ်ခ်တို့ သုံးယောက်ဖြစ်နေပြီး ဗန်ဒီဘိတ်ခ်က အရန်ခုံမှာ ထိုင်နေရတာ ပဲ ဖြစ်ပါတယ်။ ဗန်ဒီဘိတ်ခ်ဟာ ယူနိုက်တက်အတွက် ပွဲစဉ် ၂ပွဲသာ ပွဲထွက်ကစားခဲ့ရပေမယ့် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


ဂယ်ရီနဗီးလ်က “ ပေါ့ဘာက အရေးပါတဲ့ကစားသမားတစ်ယောက်ဆိုပေမယ့် သူရဲ့စိတ်မှာ အသင်းပြောင်းဖို့ရှိနေပါတယ်။ ဒီအတွက်ကြောင့်ပဲ ဗန်ဒီဘိတ်ကို ပေါင်သန်း ၄၀ ပေးပြီးခေါ်ယူခဲ့တာလေ။ အခု အသင်းတာဝန်ရှိသူတွေက ပေါင်သန်း ၄၀ နဲ့ ခေါ်ထားတဲ့သူကို အရန်ခုံမှာထိုင်ခိုင်းထားတာက ဘယ်လိုမှ စဉ်းစားလို့မရပါဘူး။ အရင်ကလည်း ပေါ့ဘာလို အသင်းအ တွက် အကျိုးပြုခဲ့တဲ့ကစားသမားတွေ အသင်းကထွက်သွားတာမျိုးတွေလည်း ရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေပါင္သန္း ၄၀ ေပးၿပီးေခၚထားတဲ့ ဗန္ဒီဘိတ္ခ္ကို အရန္ခံုမွာ ထိုင္ခိုင္းၿပီး ေပါ့ဘာကို ထြက္ခြင့္မေပးတာအတြက္ စဥ္းစားလို႔ မရဘူးလို႔ ဂယ္ရီနဗီးလ္ ေျပာဆို
ယူႏိုက္တက္အသင္းရဲ႕ေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဂယ္ရီနဗီးလ္က ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေပါင္သန္း ၄၀ ေပးၿပီး ေအဂ်က္ကေနေခၚယူထားတဲ့ ဗန္ဒီဘိတ္ကို အရန္ခံုမွာ ထိုင္ခိုင္းတာနဲ႔ အသင္းေျပာင္းေရႊ႕ခ်င္ေနတဲ့ ေပါ့ဘာကို မေရာင္းခ်တာအတြက္ သူအေနနဲ႔ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြရဲ႕လုပ္ေဆာင္ပံုကို စဥ္းစားလို႔ မရေၾကာင္း ေျပာခဲ့ ပါတယ္။ ေပါ့ဘာကို ရီးရဲလ္က ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ကစားသမားကလည္း ရီးရဲလ္ကို ေျပာင္းေရႊ႕ကစားခ်င္ေနတာ ျဖစ္ပါတယ္။
ေပါ့ဘာကို အေစာပိုင္းကတည္းက ရီးရဲလ္ကေခၚယူဖို႔ စိတ္ဝင္စားေနခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြက ဗန္ဒီဘိတ္ခ္ကို ေပါင္သန္း ၄၀ ေပးၿပီးေခၚယူခဲ့ေပမယ့္ ေပါ့ဘာကို ျပန္လည္ေရာင္းခ်ျခင္းမရွိတာေၾကာင့္ ယူႏိုက္တက္အ သင္းကြင္းလယ္မွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္နဲ႔ ဗန္ဒီဘိတ္ခ္တို႔ သံုးေယာက္ျဖစ္ေနၿပီး ဗန္ဒီဘိတ္ခ္က အရန္ခံုမွာ ထိုင္ေနရတာ ပဲ ျဖစ္ပါတယ္။ ဗန္ဒီဘိတ္ခ္ဟာ ယူႏိုက္တက္အတြက္ ပြဲစဥ္ ၂ပြဲသာ ပြဲထြက္ကစားခဲ့ရေပမယ့္ တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဂယ္ရီနဗီးလ္က “ ေပါ့ဘာက အေရးပါတဲ့ကစားသမားတစ္ေယာက္ဆိုေပမယ့္ သူရဲ႕စိတ္မွာ အသင္းေျပာင္းဖို႔ရွိေနပါတယ္။ ဒီအတြက္ေၾကာင့္ပဲ ဗန္ဒီဘိတ္ကို ေပါင္သန္း ၄၀ ေပးၿပီးေခၚယူခဲ့တာေလ။ အခု အသင္းတာဝန္ရွိသူေတြက ေပါင္သန္း ၄၀ နဲ႔ ေခၚထားတဲ့သူကို အရန္ခံုမွာထိုင္ခိုင္းထားတာက ဘယ္လိုမွ စဥ္းစားလို႔မရပါဘူး။ အရင္ကလည္း ေပါ့ဘာလို အသင္းအ တြက္ အက်ိဳးျပဳခဲ့တဲ့ကစားသမားေတြ အသင္းကထြက္သြားတာမ်ိဳးေတြလည္း ရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။