ရိုဟိုကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်တဲ့ ဘိုကာဂျူနီယာအသင်း

ဘိုကာဂျူနီယာအသင်းဟာ ယူနိုက်တက်နောက်ခံလူ ရိုဟိုကို ခေါ်ယူနိုင်ရန် ဆွေးနွေးနေပေမယ့် သဘောတူညီမှုတော့ မရသေးဘူးဖြစ်ပါတယ်။ အာဂျင်တီးနားနောက်ခံလူဟာ အိုးထရက်ဖိုဒ့်မှာ ကစားခွင့် ပျောက်ဆုံးခဲ့ပြီးနောက် (၇) နှစ်တာ လက်တွဲခဲ့တဲ့ ယူနိုက်တက်နဲ့ လမ်းခွဲပြီး အမိမြေ ကို ပြန်သွားချင်နေတာပါ။ ရိုဟိုဟာ ဘိုကာဂျူနီယာအသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပေမယ့် ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးနေရဆဲ ဖြစ်ပါတယ်။

သတင်းများအရ ဘိုကာဂျူနီယာအသင်းဘက်က ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးရန် (၆) လပဲ ကျန်တော့တဲ့ အသက် (၃၀) အရွယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး လုံး၀ မပေးချင်နေတာဖြစ်တယ်လို့ သိရပါတယ်။ သို့သော် ယူနိုက်တက်အသင်းဘက်ကလည်း ရိုဟိုကို စာချုပ်သက်တမ်းတိုးခွင့်ရှိနေတဲ့အတွက် အလွတ်နဲ့ လက်မလွှတ်ချင်နေတာဖြစ်ပါတယ်။

ရိုဟိုဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၉ နိုဝင်ဘာလကတည်းက ဒဏ်ရာပြဿနာတွေနဲ့ လုံးပမ်းခဲ့ရပြီးနောက် ငယ်ဘဝကလပ် Estudiantes ဆီကို အငှားပြောင်းရွှေ့ကစားနေပါတယ်။ သို့သော်လည်း ဘိုကာဂျူနီယာအသင်းရဲ့ ဒုတိယဥက္ကဌ ရီကွယ်မီက ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်းမှာ (၆၁) ပွဲအထ ိပါဝင်ကစားပေးထားတဲ့ ရိုဟိုကို ခေါ်ယူလိုနေတာပဲဖြစ်ပါတယ်။

႐ိုဟိုကို ေခၚယူႏိုင္ရန္ နီးစပ္ေနၿပီျဖစ္တဲ့ ဘိုကာဂ်ဴနီယာအသင္း

ဘိုကာဂ်ဴနီယာအသင္းဟာ ယူႏိုက္တက္ေနာက္ခံလူ ႐ိုဟိုကို ေခၚယူႏိုင္ရန္ ေဆြးေႏြးေနေပမယ့္ သေဘာတူညီမႈေတာ့ မရေသးဘူးျဖစ္ပါတယ္။ အာဂ်င္တီးနားေနာက္ခံလူဟာ အိုးထရက္ဖိုဒ့္မွာ ကစားခြင့္ ေပ်ာက္ဆံုးခဲ့ၿပီးေနာက္ (၇) ႏွစ္တာ လက္တြဲခဲ့တဲ့ ယူႏိုက္တက္နဲ႔ လမ္းခြဲၿပီး အမိေျမ ကို ျပန္သြားခ်င္ေနတာပါ။ ႐ိုဟိုဟာ ဘိုကာဂ်ဴနီယာအသင္းနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရခဲ့ေပမယ့္ ေျပာင္းေရႊ႕ေၾကးအတြက္ ေဆြးေႏြးေနရဆဲ ျဖစ္ပါတယ္။

သတင္းမ်ားအရ ဘိုကာဂ်ဴနီယာအသင္းဘက္က ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးရန္ (၆) လပဲ က်န္ေတာ့တဲ့ အသက္ (၃၀) အရြယ္ကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကး လံုး၀ မေပးခ်င္ေနတာျဖစ္တယ္လို႔ သိရပါတယ္။ သို႔ေသာ္ ယူႏိုက္တက္အသင္းဘက္ကလည္း ႐ိုဟိုကို စာခ်ဳပ္သက္တမ္းတိုးခြင့္ရွိေနတဲ့အတြက္ အလြတ္နဲ႔ လက္မလႊတ္ခ်င္ေနတာျဖစ္ပါတယ္။

႐ိုဟိုဟာ ယူႏိုက္တက္အသင္းမွာ ၂၀၁၉ ႏို၀င္ဘာလကတည္းက ဒဏ္ရာျပႆနာေတြနဲ႔ လံုးပမ္းခဲ့ရၿပီးေနာက္ ငယ္ဘ၀ကလပ္ Estudiantes ဆီကို အငွားေျပာင္းေရႊ႕ကစားေနပါတယ္။ သို႔ေသာ္လည္း ဘိုကာဂ်ဴနီယာအသင္းရဲ႕ ဒုတိယဥကၠဌ ရီကြယ္မီက ၂၀၁၄ ကမာၻ႕ဖလားဗိုလ္လုပြဲအထိ တက္လွမ္းႏိုင္ခဲ့တဲ့ အာဂ်င္တီးနားအသင္းမွာ (၆၁) ပြဲအထ ိပါ၀င္ကစားေပးထားတဲ့ ႐ိုဟိုကို ေခၚယူလိုေနတာပဲျဖစ္ပါတယ္။