အမှတ်ပေးဖလား စိန်ခေါ်နေတယ်ဆိုတဲ့ ပြောဆိုနေတာတွေကို ငြင်းဆန်သွားခဲ့တဲ့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ

လက်စတာအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေသော်လည်း နည်းပြ ဘရန်ဒန်ရော်ဂျာက ဖလားရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ငြင်းဆန်သွားခဲ့ပါတယ်။ အန်ဒီဒီ နဲ့ ဂျိမ်းစ်မက်ဒီဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လက်စတာအသင်းဟာ အင်္ဂါနေ့က ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ (၂-ဝ) နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

လက်စတာအသင်းဟာ အခုအခါ အဆင့် (၂) နေရာက ယူနိုက်တက်အသင်းထက် တစ်ပွဲပိုကစားထားပြီး တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အမှတ်ပေးဇယားထိပ်က (၇) သင်းကြားမှာ (၆) မှတ်ပဲ ကွာဟနေတာဖြစ်တဲ့အတွက် ရော်ဂျာကတော့ အမှတ်ပေးဖလားနဲ့ ပတ်သက်ပြီး ပြောတာတွေအပေါ် ပြန်ပြီး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

သူက “ အဲ့ဒီအကြောင်း ကျွန်တော်တစ်ကယ်ကို မစဉ်းစားထားပါဘူး။ ထူးခြားတာတွေ မထင်ထားတာတွေက ရာသီတစ်လျှောက်ဖြစ်လာဦးမှာပါ။ အမှတ်ပေးဇယားထိပ်မှာ ဟိုးအရင်အပတ်တွေတုန်းက စပါး လည်း ရပ်တည်ခဲ့ဖူးပြီး ချဲလ်ဆီးလည်း ရပ်တည်ခဲ့ပါသေးတယ်။ အဲ့ဒါကြောင့် လူတိုင်းက သူတို့တွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါသေးတယ်။

မန်စီးတီး၊ လီဗာပူးလ် နဲ့ ယူနိုက်တက်အသင်းတို့က လည်း အမှတ်ပေးဖလားကို တစ်ကယ်ကို စိန်ခေါ်နေတဲ့အသင်းတွေဖြစ်ပါတယ်။ လက်စတာအသင်းအနေနဲ့ အခုလို အဆင့်တက်လာတာအတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မြဲနေဖို့က ပိုပြီးခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အမွတ္ေပးဖလား စိန္ေခၚေနတယ္ဆိုတဲ့ ေျပာဆိုေနတာေတြကို ျငင္းဆန္သြားခဲ့တဲ့ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာ

လက္စတာအသင္းဟာ အမွတ္ေပးဇယားထိပ္ဆံုးမွာ ရပ္တည္ေနေသာ္လည္း နည္းျပ ဘရန္ဒန္ေရာ္ဂ်ာက ဖလားရႏိုင္တယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြကို ျငင္းဆန္သြားခဲ့ပါတယ္။ အန္ဒီဒီ နဲ႔ ဂ်ိမ္းစ္မက္ဒီဆင္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ လက္စတာအသင္းဟာ အဂၤါေန႔က ခ်ဲလ္ဆီးအသင္းကို အိမ္ကြင္းမွာ (၂-၀) နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

လက္စတာအသင္းဟာ အခုအခါ အဆင့္ (၂) ေနရာက ယူႏိုက္တက္အသင္းထက္ တစ္ပြဲပိုကစားထားၿပီး တစ္မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆံုးမွာ ရပ္တည္ေနပါတယ္။ အမွတ္ေပးဇယားထိပ္က (၇) သင္းၾကားမွာ (၆) မွတ္ပဲ ကြာဟေနတာျဖစ္တဲ့အတြက္ ေရာ္ဂ်ာကေတာ့ အမွတ္ေပးဖလားနဲ႔ ပတ္သက္ၿပီး ေျပာတာေတြအေပၚ ျပန္ၿပီး ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

သူက “ အဲ့ဒီအေၾကာင္း ကၽြန္ေတာ္တစ္ကယ္ကို မစဥ္းစားထားပါဘူး။ ထူးျခားတာေတြ မထင္ထားတာေတြက ရာသီတစ္ေလွ်ာက္ျဖစ္လာဦးမွာပါ။ အမွတ္ေပးဇယားထိပ္မွာ ဟိုးအရင္အပတ္ေတြတုနး္က စပါး လည္း ရပ္တည္ခဲ့ဖူးၿပီး ခ်ဲလ္ဆီးလည္း ရပ္တည္ခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္ လူတိုင္းက သူတို႔ေတြနဲ႔ ပတ္သက္ၿပီး ေျပာဆိုခဲ့ပါေသးတယ္။

မန္စီးတီး၊ လီဗာပူးလ္ န႔ဲ ယူႏိုက္တက္အသင္းတို႔က လည္း အမွတ္ေပးဖလားကို တစ္ကယ္ကို စိန္ေခၚေနတဲ့အသင္းေတြျဖစ္ပါတယ္။ လက္စတာအသင္းအေနနဲ႔ အခုလို အဆင့္တက္လာတာအတြက္ ၀မ္းသာပါတယ္။ ဒါေပမယ့္ ဒီေနရာမွာ ၿမဲေနဖို႔က ပိုၿပီးခက္ခဲပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အေကာင္းဆံုး ႀကိဳးစားသြားမွာျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။