ဂိုးမရှိသရေကျခဲ့တဲ့ လီဗာပူးနဲ့ ယူနိုက်တက်ပွဲက Sky Sports ရဲ့ ပရီးမီးယားလိဂ်ကြည့်ရှုသူ သမိုင်းမှာ စံချိန်တင်ခဲ့

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ပွဲစဉ်ကို ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Sky Sports က ပြသခဲ့ရာမှာတော့ ကြည့်ရှုသူအရေအတွက်က ၄.၈ သန်းအထိ ရှိခဲ့တာကြောင့် Sky Sports ရဲ့ ပရီးမီးယားလိဂ်ကြည့်ရှုသူ အများဆုံးပွဲအဖြစ် စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၉ ကြိမ် မှာ ၄ ကြိမ်အထိ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲမတိုင်ခင် Sky Sports ကနေတဆင့် ထုတ်လွှင့်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကြည့်ရှုသူ အများဆုံးပွဲစဉ်ကတော့ ၂၀၁၂ ခုနှစ်က မန်စီးတီးနဲ့ ယူနိုက်တက်တို့ တွေ့ဆုံတဲ့ပွဲပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ကွန်ပ နီရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ ယူနိုက်တက်ကို အနိုင်ရခဲ့တာဖြစ်ပြီး ကြည့်ရှုသူအရေအတွက်က ၄.၀၄ သန်းအထိရှိခဲ့ တယ်လို့ သိရပါတယ်။


ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လာမယ့်သီတင်းပတ် မှာတော့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာတော့ ပြန်လည်တွေ့ဆုံနေတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ယူနိုက် တက်က အိမ်ကွင်းအဖြစ်လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ ကြည့်ရှုသူအများဆုံး ဘောလုံးပွဲစဉ်က တော့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ဘီဘီစီရဲ့အခမဲ့ရုပ်သံလိုင်းကနေ ပြသခဲ့တဲ့ မန်စီးတီးနဲ့ ဆောက်သမ်တန်ပွဲဖြစ်ပြီး ကြည့် ရှုသူက ၅.၇ သန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။

zawgyi version

ဂိုးမရွိသေရက်ခဲ့တဲ့ လီဗာပူးနဲ႔ ယူႏိုက္တက္ပြဲက Sky Sports ရဲ႕ ပရီးမီးယားလိဂ္ၾကည့္ရႈသူ သမိုင္းမွာ စံခ်ိန္တင္ခဲ့
ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္ကို ႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ Sky Sports က ျပသခဲ့ရာမွာေတာ့ ၾကည့္ရႈသူအေရအတြက္က ၄.၈ သန္းအထိ ရွိခဲ့တာေၾကာင့္ Sky Sports ရဲ႕ ပရီးမီးယားလိဂ္ၾကည့္ရႈသူ အမ်ားဆံုးပြဲအျဖစ္ စံခ်ိန္တင္ခဲ့တယ္လို႔ သိရပါတယ္။ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ဟာ ေနာက္ဆံုးယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၉ ႀကိမ္ မွာ ၄ ႀကိမ္အထိ ဂိုးမရွိသေရရလဒ္ထြက္ေပၚခဲ့တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ရဲ႕ ပြဲမတိုင္ခင္ Sky Sports ကေနတဆင့္ ထုတ္လႊင့္တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ကို ၾကည့္ရႈသူ အမ်ားဆံုးပြဲစဥ္ကေတာ့ ၂၀၁၂ ခုႏွစ္က မန္စီးတီးနဲ႔ ယူႏိုက္တက္တို႔ ေတြ႕ဆံုတဲ့ပြဲပဲ ျဖစ္ပါတယ္။ ဒီပြဲမွာ မန္စီးတီးက ကြန္ပ နီရဲ႕တစ္လံုးတည္းေသာသြင္းဂိုးနဲ႔ ယူႏိုက္တက္ကို အႏိုင္ရခဲ့တာျဖစ္ၿပီး ၾကည့္ရႈသူအေရအတြက္က ၄.၀၄ သန္းအထိရွိခဲ့ တယ္လို႔ သိရပါတယ္။
ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ဟာ ၾကားရက္မွာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး လာမယ့္သီတင္းပတ္ မွာေတာ့ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္မွာေတာ့ ျပန္လည္ေတြ႕ဆံုေနတာျဖစ္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ယူႏိုက္ တက္က အိမ္ကြင္းအျဖစ္လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းမွာ ၾကည့္ရႈသူအမ်ားဆံုး ေဘာလံုးပြဲစဥ္က ေတာ့ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လတုန္းက ဘီဘီစီရဲ႕အခမဲ့႐ုပ္သံလိုင္းကေန ျပသခဲ့တဲ့ မန္စီးတီးနဲ႔ ေဆာက္သမ္တန္ပြဲျဖစ္ၿပီး ၾကည့္ ရႈသူက ၅.၇ သန္းအထိ ရွိခဲ့တာျဖစ္ပါတယ္။