ကျွန်တော်ရဲ့ အနာဂတ်က ကျွန်တော်ရဲ့လက်ထဲမှာ မရှိတော့ဘူးလို့ ပြောခဲ့တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လက်စတာအသင်းဟာ အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ လက်စတာကို ရှုံးခဲ့တဲ့ပွဲကြောင့် ချဲလ်ဆီး အသင်းနည်းပြ လမ်းပတ်အနေနဲ့ ရာထူးက ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေထွက်လာပြီးနောက်မှာတော့ လမ်းပတ် ကိုယ်တိုင်က သူရဲ့အနာဂတ်ဟာ သူရဲ့လက်ထဲမှာ ရှိမနေတော့ဘူးလို့ ပြောခဲ့တယ်ဆိုပြီး သတင်းတွေကဖော်ပြခဲ့ကြပါတယ်။


အသင်းရဲ့လိုအပ်ချက်တွေ အမြဲဖြည့်ပေးလေ့ရှိတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်အနေနဲ့ မျှော်မှန်းထားတဲ့ရလဒ် မျိုး မရဘူးဆိုရင် နည်းပြအပြောင်းအလဲပြုလုပ်လေ့ရှိတာကြောင့် လမ်းပတ်အနေနဲ့ ထုတ်ပယ်ခံရဖို့အတွက် ရေပန်းစားလာ ခဲ့တာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနည်းပြအဖြစ် ၁၈ လတာ ကာလအတွင်းမှာ လမ်းပတ်အနေနဲ့ အသင်းပိုင်ရှင်အေဘ ရာမိုဗစ်ရဲ့ သဘောကျခြင်းခံခဲ့ရပေမယ့် လက်ရှိရလဒ်တွေအရတော့ ထုတ်ပယ်ခံရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။


လက်စတာကို ရှုံးခဲ့တဲ့ပွဲအပြီးမှာတော့ လမ်းပတ်က “ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၈ ပွဲမှာ ၅ ပွဲအထိ ရှုံးခဲ့တယ်လေ၊ အသင်းရဲ့လက်ရှိစွမ်းဆောင်ရည်ကို ကျွန်တော်အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိတော့သလို ကျွန်တော်ရဲ့အနာ ဂတ်ကလည်း ကျွန်တော်လက်ထဲမှာ ရှိမနေတော့ပါဘူး။ အသင်းမှာ ကစားသမားသစ်တွေကြောင့် အခြေကျဖို့ အချိန်လို တယ်ဆိုပေမယ့် လက်ရှိအနေအထားက တကယ်ကို ခက်ခဲတဲ့အချိန်ပါပဲ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ကၽြန္ေတာ္ရဲ႕ အနာဂတ္က ကၽြန္ေတာ္ရဲ႕လက္ထဲမွာ မရွိေတာ့ဘူးလို႔ ေျပာခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ လက္စတာအသင္းဟာ အိမ္ကြင္းမွာ ခ်ဲလ္ဆီးအသင္းကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တာေၾကာင့္ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ လက္စတာကို ရႈံးခဲ့တဲ့ပြဲေၾကာင့္ ခ်ဲလ္ဆီး အသင္းနည္းျပ လမ္းပတ္အေနနဲ႔ ရာထူးက ထုတ္ပယ္ခံရႏိုင္တယ္လို႔ သတင္းေတြထြက္လာၿပီးေနာက္မွာေတာ့ လမ္းပတ္ ကိုယ္တိုင္က သူရဲ႕အနာဂတ္ဟာ သူရဲ႕လက္ထဲမွာ ရွိမေနေတာ့ဘူးလို႔ ေျပာခဲ့တယ္ဆိုၿပီး သတင္းေတြကေဖာ္ျပခဲ့ၾကပါ တယ္။
အသင္းရဲ႕လိုအပ္ခ်က္ေတြ အၿမဲျဖည့္ေပးေလ့ရွိတဲ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္အေနနဲ႔ ေမွ်ာ္မွန္းထားတဲ့ရလဒ္ မ်ိဳး မရဘူးဆိုရင္ နည္းျပအေျပာင္းအလဲျပဳလုပ္ေလ့ရွိတာေၾကာင့္ လမ္းပတ္အေနနဲ႔ ထုတ္ပယ္ခံရဖို႔အတြက္ ေရပန္းစားလာ ခဲ့တာပဲ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းနည္းျပအျဖစ္ ၁၈ လတာ ကာလအတြင္းမွာ လမ္းပတ္အေနနဲ႔ အသင္းပိုင္ရွင္ေအဘ ရာမိုဗစ္ရဲ႕ သေဘာက်ျခင္းခံခဲ့ရေပမယ့္ လက္ရွိရလဒ္ေတြအရေတာ့ ထုတ္ပယ္ခံရဖို႔ ရွိေနတာပဲ ျဖစ္ပါတယ္။
လက္စတာကို ရႈံးခဲ့တဲ့ပြဲအၿပီးမွာေတာ့ လမ္းပတ္က “ ေနာက္ဆံုးကစားခဲ့တဲ့ လိဂ္ပြဲစဥ္ ၈ ပြဲမွာ ၅ ပြဲအထိ ရႈံးခဲ့တယ္ေလ၊ အသင္းရဲ႕လက္ရွိစြမ္းေဆာင္ရည္ကို ကၽြန္ေတာ္အေနနဲ႔ ဘယ္လိုေျဖရွင္းရမလဲဆိုတာ မသိေတာ့သလို ကၽြန္ေတာ္ရဲ႕အနာ ဂတ္ကလည္း ကၽြန္ေတာ္လက္ထဲမွာ ရွိမေနေတာ့ပါဘူး။ အသင္းမွာ ကစားသမားသစ္ေတြေၾကာင့္ အေျခက်ဖို႔ အခ်ိန္လို တယ္ဆိုေပမယ့္ လက္ရွိအေနအထားက တကယ္ကို ခက္ခဲတဲ့အခ်ိန္ပါပဲ” လို႔ ေျပာသြားခဲ့ပါတယ္။