ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘယ်ကစားသမားမှ ခေါ်မှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အခုဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းဆီကို ဘယ်ကစားသမားအသစ်မှ ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ရာသီအစက ရလဒ်တွေ မကောင်းခဲ့တဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့အပတ်တွေကတည်းက (၅) ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အဆင့် (၂) နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသင်းရဲ့ ရလဒ်တွေ တိုးတက်လာတာနဲ့အတူ ကာရာဘောင်ဖလား ဗိုလ်လုပွဲ၊ အက်ဖ်အေဖလား စတုတ္ထအငဆ့် နဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်တွေဆီကိုလည်း ရောက်ရှိနေပါတယ်။ ဒီရာသီမှာ မန်စီးတီးအသင်းအားနည်းနေတဲ့ နေရာက ဗဟိုတိုက်စစ်ကစားသမားဖြစ်တဲ့ အဂူရို နဲ့ ဂါဘရီရယ်လ်ဂျေးဆုတို့ (၂) ယောက်စလုံးဟာ ဒဏ်ရာပြဿနာ နဲ့ ကိုဗစ် ရောဂါတွေကြောင့်ပဲဖြစ်ပါတယ်။

အသင်းမှာ စီနီယာ အရန်ကစားသမားလည်း မရှိတဲ့အတွက် ဂွါဒီယိုလာဟာ အထောင်တိုက်စစ်မှူးအဖြစ် ဖာရန်တောရက်စ်၊ ဒီဘရိုင်း ဒါမှမဟုတ် စတားလင်းတို့ကို နံပါတ် (၉) နေရာမှာ ထားပြီးကစားနေစေခဲ့ပါတယ်။ သို့သော်လည်း ဂွါဒီယိုလာက ““ဒီဆောင်းရာသီအပြောင်းအရွှေ့မှာ ကျွန်တော်တို့ ဘာကစားသမားမှ ခေါ်ယူသွားမှာ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာ မဟုတ်ပေမယ့် လက်ရှိကစားသမားတွေနဲ့ပဲ ရာသီကုန်အထိ ဆက်သွားမှာ ဖြစ်ပါတယ်””လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ဘယ္ကစားသမားမွ ေခၚမွာ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက အခုဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းဆီကို ဘယ္ကစားသမားအသစ္မွ ေခၚယူသြားမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ရာသီအစက ရလဒ္ေတြ မေကာင္းခဲ့တဲ့ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့အပတ္ေတြကတည္းက (၅) ပြဲဆက္တိုက္ အႏိုင္ရခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ အဆင့္ (၂) ေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အသင္းရ႕ဲ ရလဒ္ေတြ တိုးတက္လာတာနဲ႔အတူ ကာရာေဘာင္ဖလား ဗိုလ္လုပြဲ၊ အက္ဖ္ေအဖလား စတုတၳအငဆ့္ နဲ႔ ခ်န္ပီယံလိဂ္ ရႈံးထြက္ (၁၆) သင္းအဆင့္ေတြဆီကိုလည္း ေရာက္ရွိေနပါတယ္။ ဒီရာသီမွာ မန္စီးတီးအသင္းအားနည္းေနတဲ့ ေနရာက ဗဟိုတိုက္စစ္ကစားသမားျဖစ္တဲ့ အဂူ႐ို နဲ႔ ဂါဘရီရယ္လ္ေဂ်းဆုတို႔ (၂) ေယာက္စလံုးဟာ ဒဏ္ရာျပႆနာ နဲ႔ ကိုဗစ္ ေရာဂါေတြေၾကာင့္ပဲျဖစ္ပါတယ္။

အသင္းမွာ စီနီယာ အရန္ကစားသမားလည္း မရွိတဲ့အတြက္ ဂြါဒီယိုလာဟာ အေထာင္တိုက္စစ္မွဴးအျဖစ္ ဖာရန္ေတာရက္စ္၊ ဒီဘ႐ိုင္း ဒါမွမဟုတ္ စတားလင္းတို႔ကို နံပါတ္ (၉) ေနရာမွာ ထားၿပီးကစားေနေစခဲ့ပါတယ္။ သို႔ေသာ္လည္း ဂြါဒီယိုလာက ““ဒီေဆာင္းရာသီအေျပာင္းအေရႊ႕မွာ ကၽြန္ေတာ္တို႔ ဘာကစားသမားမွ ေခၚယူသြားမွာ မဟုတ္ပါဘူး။ ဒါနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးသြားမွာ မဟုတ္ေပမယ့္ လက္ရွိကစားသမားေတြနဲ႔ပဲ ရာသီကုန္အထိ ဆက္သြားမွာ ျဖစ္ပါတယ္””လို႔ ေျပာသြားခ့ဲတာ ျဖစ္ပါတယ္။