လန်းစ်အသင်းက အာဂျင်တီးနား ဗဟိုနောက်ခံလူမက်ဒီနာကို ပေါင် ၁၁ သန်းနဲ့ ကမ်းလှမ်းရန် ရည်ရွယ်နေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ လန်းစ်အသင်းက အာဂျင်တီးနားဗဟိုနောက်ခံလူ မက်ဒီနာကို ခေါ်ယူရန် မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မက်ဒီနာဟာ မနှစ်က နွေရာသီက အာဂျင်တီးနားကလပ် တယ်လာရက်စ်အသင်းကနေ ပြင်သစ်ကလပ်ဆီ ပေါင် ၂.၇ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ခြေစွမ်းပြနေသူဖြစ်ပါတယ်။

သတင်းများအရ ယူနိုက်တက်အသင်းဟာ စုံစမ်းမှုကို အလျင်အမြန်ပြုလုပ်နေပြီး ကနဦး ပေါင် ၁၁ သန်းနဲ့ ကမ်းလှမ်းပြီး လီဂူး ၁ ကလပ်အသင်းဆီပဲ ရာသီကုန်အထိ အငှားချရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ မက်ဒီနာကို အခြားသော အင်္ဂလိပ်ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ကပဲ ရေပန်းစားနေတာ ဖြစ်ပါတယ်။

လန်းစ်အသင်းဟာ ဒီရာသီမှာ လီဂူး ၁ ဆီ တန်းတက်လာတဲ့အသင်းဖြစ်ပြီး ဒီရာသီမှာ ၁၉ ပွဲကစားပြီးချိန်၌ ၂၈ မှတ် ရယူထားပြီး အဆင့် (၁၀)မှတ် ရပ်တည်နေပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ လန်းစ်အသင်းအတွက် (၁၁) ပွဲကစားထားပြီး (၁) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် (၁) နေရာမှာ ရပ်တည်နေပြီး ရာသီအစပိုင်းတုန်းက အသင်းရဲ့ နောက်တန်းဟာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ အသင်းရဲ့ လူစာရင်းကို အင်အားတောင့်တင်းစေရန်အတွက် အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ လှုပ်ရှားမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

လန္းစ္အသင္းက အာဂ်င္တီးနား ဗဟိုေနာက္ခံလူမက္ဒီနာကို ေပါင္ ၁၁ သန္းနဲ႔ ကမ္းလွမ္းရန္ ရည္ရြယ္ေနတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ လန္းစ္အသင္းက အာဂ်င္တီးနားဗဟိုေနာက္ခံလူ မက္ဒီနာကို ေခၚယူရန္ မ်က္စိက်ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ မက္ဒီနာဟာ မႏွစ္က ေႏြရာသီက အာဂ်င္တီးနားကလပ္ တယ္လာရက္စ္အသင္းကေန ျပင္သစ္ကလပ္ဆီ ေပါင္ ၂.၇ သန္းနဲ႔ ေျပာင္းေရႊ႕လာၿပီးကတည္းက ေျခစြမ္းျပေနသူျဖစ္ပါတယ္။

သတင္းမ်ားအရ ယူႏိုက္တက္အသင္းဟာ စံုစမ္းမႈကို အလ်င္အျမန္ျပဳလုပ္ေနၿပီး ကနဦး ေပါင္ ၁၁ သန္းနဲ႔ ကမ္းလွမ္းၿပီး လီဂူး ၁ ကလပ္အသင္းဆီပဲ ရာသီကုန္အထိ အငွားခ်ရန္ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။ မက္ဒီနာကို အျခားေသာ အဂၤလိပ္ကလပ္အသင္းေတြကလည္း စိတ္၀င္စားေနေပမယ့္ ယူႏိုက္တက္ကပဲ ေရပန္းစားေနတာ ျဖစ္ပါတယ္။

လန္းစ္အသင္းဟာ ဒီရာသီမွာ လီဂူး ၁ ဆီ တန္းတက္လာတဲ့အသင္းျဖစ္ၿပီး ဒီရာသီမွာ ၁၉ ပြဲကစားၿပီးခ်ိန္၌ ၂၈ မွတ္ ရယူထားၿပီး အဆင့္ (၁၀)မွတ္ ရပ္တည္ေနပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ လန္းစ္အသင္းအတြက္ (၁၁) ပြဲကစားထားၿပီး (၁) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကေတာ့ လက္ရွိ ပရီးမီးယားလိဂ္မွာ အဆင့္ (၁) ေနရာမွာ ရပ္တည္ေနၿပီး ရာသီအစပိုင္းတုန္းက အသင္းရဲ႕ ေနာက္တနး္ဟာ ပံုစံေကာင္း ေပ်ာက္ဆံုးေနခဲ့တာ ျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွားဟာ အသင္းရဲ႕ လူစာရင္းကို အင္အားေတာင့္တင္းေစရန္အတြက္ အေျပာင္းအေရႊ႕ ေစ်းကြက္ထဲမွာ လႈပ္ရွားမႈေတြ လုပ္ေနတယ္လို႔လည္း သိရပါတယ္။