ဖျားနေတဲ့ အူဘာမီးယန်းကို လူစားလဲခဲ့တဲ့အပေါ် ရှင်းပြလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက အူဘာမီးယန်းကို လူစားလဲခဲ့တဲ့အပေါ် ရှင်းပြသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ တနလာၤနေ့ညက နယူးကာဆယ်အသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ထပ် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ု
အဲ့ဒီပွဲမှာ အူဘာမီးယန်းဟာ (၂) ဂိုးသွင်းပေးခဲ့ပြီး ပွဲပြီးရန် (၁၀) မိနစ်အလိုမှာ လူစားလဲခံခဲ့ရပါတယ်။ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဥမင်လှိုဏ်ခေါင်းထဲကို ဝင်သွားခဲ့ပေမယ့် အာတီတာကတော့ ဒါဟာ ဒဏ်ရာကြောင့်မဟုတ်ပဲ ဖျားနာနေတဲ့အတွက်ကြောင့်လို့ ပြောသွားခဲ့ပါတယ်။ “ဟုတ်ပါတယ်။ ကျွန်တော်တို့သူ့ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲ့ဒါကြောင့် သူ ပြန်သွားခဲ့တာပါ။ အစာအိမ်ပြဿနာပါ” လို့ အာတီတာက သတင်းထောက်များကို ပြောသွားခဲ့တာဖြစ်ပါတယ်။
အူဘာမီးယန်းဟာ အာဆင်နယ်အသင်းရဲ့ ရာသီအစပိုင်းပွဲစဉ်တွေမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ဂိုးသွင်းရန် ရုန်းကန်နေရပါတယ်။ နောက်ပိုင်းမှာတော့ အူဘာမီးယန်းဟာ ဂိုးပေါက်ပြန်တွေ့လာပြီး အာဆင်နယ်အသင်းလည်း နိုင်ပွဲတွေ ရရှိလာတာနဲ့အတူ အမှတ်ပေးဇယားအလယ်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။