တစ်ကိုယ်ကောင်းဆန်တဲ့ ဆာလက်ကြောင့် လီဗာပူးတိုက်စစ် ပြိုလှဲသွားနိုင်တယ်လို့ ပြောခဲ့တဲ့ မိုက်ကယ်အိုဝင်

လီဗာပူးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ မိုက်ကယ်အိုဝင်က လက်ရှိအသင်းရဲ့တိုက်စစ်မှာ ဆာလက်၊ မာနေးနဲ့ ဖာမီနိုတို့ အတွဲညီစွာနဲ့ ကစားနေတယ်ဆိုပေမယ့် တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ ဆာလက်ကြောင့် အသင်းတိုက်စစ်ပြိုလှဲ သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲပျောက်ထားခဲ့သလို နောက်ဆုံး ၃ ပွဲမှာလည်း တိုက်စစ်အနေနဲ့ ဂိုးသွင်းယူနိုင်ခြင်းမရှိတာကြောင့် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။


အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဆာလက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၇ ပွဲကစားထားရာမှာ ၁၃ ဂိုးအထိသွင်းယူပေးထားတဲ့ ကစားသမား တစ်ဦးဆိုပေမယ့် တစ်ကိုယ်ကောင်းဆန်စွာကစားလေ့ရှိပြီး အသင်းအတွက် အကျိုးပြုနိုင်မှုနည်းတဲ့ကစားသ မားလို့ အိုဝင်က ပြောခဲ့တာဖြစ်ပါတယ်။ ဆာလက်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကို အိုဝင်အပြင် အသင်းဖော်ဖြစ်တဲ့ မာနေးကလည်း ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ဖူးတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်အကြောင်းထုတ်လွှင့်မှုမှာတော့ မိုက်ကယ်အိုဝင်က “ ဆာလက်အနေနဲ့ တစ် ကိုယ်ကောင်းဆန်စွာ ကစားတာတွေကို အများကြီးတွေ့ရပါတယ်။ တစ်ခါတလေမှာ အသင်းဖော်တွေက လွတ်လွတ်လပ် လပ်ရှိနေပြီး သူအနေနဲ့ ဘောလုံးပေးပို့လိုက်လို့ ရပေမယ့် မပေးဘဲ မဖြစ်နိုင်တာကို ကန်သွင်းလိုက်တာမျိုးကို ပြုလုပ်လေ့ရှိ ပါတယ်။ ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်ခန့်မှန်းထားတဲ့အတိုင်း လီဗာပူးတိုက်စစ်က ပြိုလှဲသွားဖို့ ရှိနေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

တစ္ကိုယ္ေကာင္းဆန္တဲ့ ဆာလက္ေၾကာင့္ လီဗာပူးတိုက္စစ္ ၿပိဳလွဲသြားႏိုင္တယ္လို႔ ေျပာခဲ့တဲ့ မိုက္ကယ္အိုဝင္

လီဗာပူးအသင္းရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္တဲ့ မိုက္ကယ္အိုဝင္က လက္ရွိအသင္းရဲ႕တိုက္စစ္မွာ ဆာလက္၊ မာေနးနဲ႔ ဖာမီႏိုတို႔ အတြဲညီစြာနဲ႔ ကစားေနတယ္ဆိုေပမယ့္ တစ္ကိုယ္ေကာင္းဆန္လြန္းတဲ့ ဆာလက္ေၾကာင့္ အသင္းတိုက္စစ္ၿပိဳလွဲ သြားႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ လီဗာပူးဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၄ ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားခဲ့သလို ေနာက္ဆံုး ၃ ပြဲမွာလည္း တိုက္စစ္အေနနဲ႔ ဂိုးသြင္းယူႏိုင္ျခင္းမရွိတာေၾကာင့္ ေဝဖန္ခံေနရတာလည္း ျဖစ္ပါတယ္။
အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ ဆာလက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၁၇ ပြဲကစားထားရာမွာ ၁၃ ဂိုးအထိသြင္းယူေပးထားတဲ့ ကစားသမား တစ္ဦးဆိုေပမယ့္ တစ္ကိုယ္ေကာင္းဆန္စြာကစားေလ့ရွိၿပီး အသင္းအတြက္ အက်ိဳးျပဳႏိုင္မႈနည္းတဲ့ကစားသ မားလို႔ အိုဝင္က ေျပာခဲ့တာျဖစ္ပါတယ္။ ဆာလက္ရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈေတြကို အိုဝင္အျပင္ အသင္းေဖာ္ျဖစ္တဲ့ မာေနးကလည္း ထုတ္ေဖာ္ေျပာဆိုမႈေတြ ရွိခဲ့ဖူးတယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
႐ုပ္သံအစီအစဥ္တစ္ခုျဖစ္တဲ့ ပရီးမီးယားလိဂ္အေၾကာင္းထုတ္လႊင့္မႈမွာေတာ့ မိုက္ကယ္အိုဝင္က “ ဆာလက္အေနနဲ႔ တစ္ ကိုယ္ေကာင္းဆန္စြာ ကစားတာေတြကို အမ်ားႀကီးေတြ႕ရပါတယ္။ တစ္ခါတေလမွာ အသင္းေဖာ္ေတြက လြတ္လြတ္လပ္ လပ္ရွိေနၿပီး သူအေနနဲ႔ ေဘာလံုးေပးပို႔လိုက္လို႔ ရေပမယ့္ မေပးဘဲ မျဖစ္ႏိုင္တာကို ကန္သြင္းလိုက္တာမ်ိဳးကို ျပဳလုပ္ေလ့ရွိ ပါတယ္။ ဒီလိုသာဆက္လုပ္ေနမယ္ဆိုရင္ ကၽြန္ေတာ္ခန္႔မွန္းထားတဲ့အတိုင္း လီဗာပူးတိုက္စစ္က ၿပိဳလွဲသြားဖို႔ ရွိေနပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။