မော်ရင်ဟို လက်အောက်ကနေထွက်ပြီး ဆရာဟောင်းပိုချက်တီနိုထံ ပြောင်းခွင့်ရမယ်လို့ အလီ ယုံကြည်နေ


စပါးနည်းပြဟောင်း ပိုချက်တီနိုရဲ့ လက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းရဲ့အဓိက,ကစားသ မားတစ်ဦးဖြစ်တဲ့ခဲ့ အလီဟာ မော်ရင်ဟိုရဲ့လက်ထက်မှာတော့ အရန်ကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့ပြီး ပုံမှန်နေရာ ပျောက်ဆုံးနေခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲအဆင့်တုန်းက ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ဖူလ် ဟမ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာတော့ ကစားခွင့်မရခဲ့ဘဲ အရန်ကစားသမားအဖြစ်သာ အလီအနေနဲ့ ရှိနေခဲ့တာဖြစ်ပါ တယ်။


မာရိန်းကိုအနိုင်ရတဲ့ အက်ဖ်အေဖလားပြိုင်ပွဲအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ စပါးနည်းပြမော်ရင်ဟိုက အလီ ရဲ့ ခြေစွမ်းကို သဘောကျနှစ်သက်တာကြောင့် လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပြန်လည်ကစားခွင့်ပေးတော့မယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် မကစားခွင့်ရခဲ့တာကြောင့် အလီအနေနဲ့ နည်းပြဟောင်း ပိုချက်တီနိုရှိတဲ့ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုကလည်း ဇန်နဝါရီအပြောင်းအရွှေ့မှာ အလီကို ခေါ်ယူဖို့ အလိုရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေထွက်ပေါ်နေပေမယ့် စပါးအသင်းဘက်ကတော့ အလီကိုရောင်းချဖို့အတွက် အလိုမရှိဘူးလို့လည်း သိရပါတယ်။ အသက် ၂၄ နှစ်ပဲရှိသေးတဲ့ အလီကတော့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ် ခင်မှာ ပီအက်စ်ဂျီကို အဌားနဲ့ ပြောင်းရွှေ့ကစားဖြစ်မယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။

zawgyi version

ေမာ္ရင္ဟို လက္ေအာက္ကေနထြက္ၿပီး ဆရာေဟာင္းပိုခ်က္တီႏိုထံ ေျပာင္းခြင့္ရမယ္လို႔ အလီ ယံုၾကည္ေန
စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုရဲ႕ လက္ေအာက္မွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အသင္းရဲ႕အဓိက,ကစားသ မားတစ္ဦးျဖစ္တဲ့ခဲ့ အလီဟာ ေမာ္ရင္ဟိုရဲ႕လက္ထက္မွာေတာ့ အရန္ကစားသမားအျဖစ္သာ ကစားခြင့္ရခဲ့ၿပီး ပံုမွန္ေနရာ ေပ်ာက္ဆံုးေနခဲ့သူလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားၿပိဳင္ပြဲအဆင့္တုန္းက ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ဖူလ္ ဟမ္နဲ႔ တစ္ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာေတာ့ ကစားခြင့္မရခဲ့ဘဲ အရန္ကစားသမားအျဖစ္သာ အလီအေနနဲ႔ ရွိေနခဲ့တာျဖစ္ပါ တယ္။
မာရိန္းကိုအႏိုင္ရတဲ့ အက္ဖ္ေအဖလားၿပိဳင္ပြဲအၿပီး ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေတာ့ စပါးနည္းျပေမာ္ရင္ဟိုက အလီ ရဲ႕ ေျခစြမ္းကို သေဘာက်ႏွစ္သက္တာေၾကာင့္ လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ျပန္လည္ကစားခြင့္ေပးေတာ့မယ္လို႔ တရားဝင္ထုတ္ေဖာ္ေျပာဆိုခဲ့ေပမယ့္ မကစားခြင့္ရခဲ့တာေၾကာင့္ အလီအေနနဲ႔ နည္းျပေဟာင္း ပိုခ်က္တီႏိုရွိတဲ့ ပီအက္စ္ဂ်ီ အသင္းကို ေျပာင္းေရႊ႕ခ်င္ေနတာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းနည္းျပ ပိုခ်က္တီႏိုကလည္း ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အလီကို ေခၚယူဖို႔ အလိုရွိေနတာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းမႈေတြထြက္ေပၚေနေပမယ့္ စပါးအသင္းဘက္ကေတာ့ အလီကိုေရာင္းခ်ဖို႔အတြက္ အလိုမရွိဘူးလို႔လည္း သိရပါတယ္။ အသက္ ၂၄ ႏွစ္ပဲရွိေသးတဲ့ အလီကေတာ့ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ ခင္မွာ ပီအက္စ္ဂ်ီကို အဌားနဲ႔ ေျပာင္းေရႊ႕ကစားျဖစ္မယ္လို႔ ယံုၾကည္ေနေၾကာင္းလည္း သိရပါတယ္။