ဒရော့ဘာ၊ ဟာဇက်နဲ့ ဖာဘရီဂတ်စ် လိုကစားသမားတွေမျိုး အသင်းမှာလိုအပ်တယ်လို့ ပြောခဲ့တဲ့ နည်းပြ လမ်းပတ်


ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်က လက်ရှိအသင်းမှာ ကစားသမားကောင်းတွေ ရှိတယ်ဆိုပေမယ့် အရင်က အသင်းအ တွက် ခြေစွမ်းပြပြီး အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ ဒရော့ဘာ ၊ ဟာဇက်နဲ့ ဖာဘရီဂတ်စ်တို့လို ကစားသမားမျိုးတွေ အ သင်းအတွက် လိုအပ်ပြီး ဒီလိုကစားသမားမျိုးတွေ ရှိမှသာ အသင်းအနေနဲ့ ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်တယ်လို့ ပြောသွား ခဲ့ပါတယ်။ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေ ခေါ်ယူခဲ့ပေမယ့် လက်ရှိမှာတော့ ရုန်းကန် နေရတာ ဖြစ်ပါတယ်။


နွေရာသီအပြောင်းအရွှေ့တုန်းက ပေါင်သန်း ၂၃၀ ကျော်အသုံးပြုထားတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ဖိအား တွေရှိနေတဲ့ ချဲလ်ဆီးဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်က ယူနိုက်တက်နဲ့ ၈ မှတ်အထိ ကွာဟနေတာကြောင့် လမ်းပတ်က အခုလိုပြောခဲ့တာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ရှုံးခဲ့တာကြောင့် ချဲလ်ဆီးအနေနဲ့ အသင်းကြီးတွေကို မယှဉ်နိုင်သေးဘူးလို့လည်း ဝေဖန်ပြစ်တင်ခံနေရတာ ဖြစ်ပါတယ်။


လမ်းပတ်က “ အသင်းမှာ ကစားသမားကောင်းတွေ ရှိတယ်ဆိုတာ မှန်ပေမယ့် ဒရော့ဘာ၊ ဟာဇက်နဲ့ ဖာဘရီဂတ်စ် တို့လို ကစားသမားမျိုးတွေ မရှိပါဘူး။ ဒီကစားသမားတွေနဲ့ အတူတွဲပြီးကစားဖူးတာကြောင့် ဒီကစားသမားတွေရဲ့ စိတ်ဓာတ်တွေ နဲ့ ကစားနိုင်တဲ့ ကစားသမားမျိုး အသင်းမှာ မရှိဘူးလို့ပဲ ဆိုရမှာပါ။ ဒရော့ဘာဆိုရင် အမြဲတမ်း ဂိုးသွင်းနိုင်ဖို့ ပြင်ဆင်ထား သလို ဖာဘရီဂတ်စ်ကလည်း အချိန်တိုင်းဂိုးဖန်တီးမှုပြုလုပ်နိုင်ဖို့ပဲ တွေးနေတာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဒေရာ့ဘာ၊ ဟာဇက္နဲ႔ ဖာဘရီဂတ္စ္ လိုကစားသမားေတြမ်ိဳး အသင္းမွာလိုအပ္တယ္လို႔ ေျပာခဲ့တဲ့ နည္းျပ လမ္းပတ္
ခ်ဲလ္ဆီးအသင္းနည္းျပ လမ္းပတ္က လက္ရွိအသင္းမွာ ကစားသမားေကာင္းေတြ ရွိတယ္ဆိုေပမယ့္ အရင္က အသင္းအ တြက္ ေျခစြမ္းျပၿပီး အေကာင္းဆံုးစြမ္းေဆာင္ေပးခဲ့တဲ့ ဒေရာ့ဘာ ၊ ဟာဇက္နဲ႔ ဖာဘရီဂတ္စ္တို႔လို ကစားသမားမ်ိဳးေတြ အ သင္းအတြက္ လိုအပ္ၿပီး ဒီလိုကစားသမားမ်ိဳးေတြ ရွိမွသာ အသင္းအေနနဲ႔ ခ်န္ပီယံဆုကို ရယူႏိုင္မွာျဖစ္တယ္လို႔ ေျပာသြား ခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားေကာင္းေတြ ေခၚယူခဲ့ေပမယ့္ လက္ရွိမွာေတာ့ ႐ုန္းကန္ ေနရတာ ျဖစ္ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေပါင္သန္း ၂၃၀ ေက်ာ္အသံုးျပဳထားတာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ဖိအား ေတြရွိေနတဲ့ ခ်ဲလ္ဆီးဟာ လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယားထိပ္က ယူႏိုက္တက္နဲ႔ ၈ မွတ္အထိ ကြာဟေနတာေၾကာင့္ လမ္းပတ္က အခုလိုေျပာခဲ့တာပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ေနာက္ဆံုး ၅ ပြဲမွာ အသင္းႀကီးေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ကို ရႈံးခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ အသင္းႀကီးေတြကို မယွဥ္ႏိုင္ေသးဘူးလို႔လည္း ေဝဖန္ျပစ္တင္ခံေနရတာ ျဖစ္ပါတယ္။
လမ္းပတ္က “ အသင္းမွာ ကစားသမားေကာင္းေတြ ရွိတယ္ဆိုတာ မွန္ေပမယ့္ ဒေရာ့ဘာ၊ ဟာဇက္နဲ႔ ဖာဘရီဂတ္စ္ တို႔လို ကစားသမားမ်ိဳးေတြ မရွိပါဘူး။ ဒီကစားသမားေတြနဲ႔ အတူတြဲၿပီးကစားဖူးတာေၾကာင့္ ဒီကစားသမားေတြရဲ႕ စိတ္ဓာတ္ေတြ နဲ႔ ကစားႏိုင္တဲ့ ကစားသမားမ်ိဳး အသင္းမွာ မရွိဘူးလို႔ပဲဲ ဆိုရမွာပါ။ ဒေရာ့ဘာဆိုရင္ အၿမဲတမ္း ဂိုးသြင္းႏိုင္ဖို႔ ျပင္ဆင္ထား သလို ဖာဘရီဂတ္စ္ကလည္း အခ်ိန္တိုင္းဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ဖို႔ပဲ ေတြးေနတာပါ” လို႔ ေျပာခဲ့ပါတယ္။