ပါတေးက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာမယ့် ကစားသမားမျိုးလို့ ချီးကျူးခဲ့တဲ့ နည်းပြ အာတီတာ


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီ တာက ကွင်းလယ်လူပါတေးအနေနဲ့ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာပြီး အသင်းရဲ့ကွင်းလယ်ကို အကောင်းဆုံးထိန်း ကျောင်းနိုင်မယ့် ကစားသမားလို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပါတေးကို ခေါ်ယူဖို့ ကာလရှည်စောင့်ကြည့်နေခဲ့ ပြီးမှ နွေရာသီအပြောင်းအရွှေ့တုန်းက အရခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ပါတေးဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့ရပြီးနောက် နယူးကာဆယ်နဲ့ပွဲမှာတော့ ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ကို အနိုင်ရပြီးနောက် ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာက လူငယ်ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ စမစ်ရိုဝီတို့ကို လည်း ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။


ပွဲအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ အာတီတာက “ တကယ်ကို ပျော်ရွှင်မိပါတယ်။ အသင်းအတွက် လိုအပ် နေတဲ့ နေရာအတွက် ပါတေးပြန်ကစားနိုင်တာ တကယ်ကောင်းပါတယ်။ သူက ပွဲကို အခြားကစားသမားတွေထက် လွှမ်းမိုး နိုင်တဲ့ကစားသမားပါ။ သူရဲ့စွမ်းဆောင်ရည်ကလည်း တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာပါတယ်။ သူနဲ့အတူ လူငယ်ကစား သမားတွေဖြစ်တဲ့ ဆာကာနဲ့ စမစ်ရိုဝီတို့လည်း ခြေစွမ်းပြနိုင်တာကြောင့် ကျေနပ်ပျော်ရွှင်ရပါတယ်” လို့ Sky Sports ကို ပြောသွားခဲ့ပါတယ်။

zawgyi version

ပါေတးက တစ္ေန႔ထက္တစ္ေန႔ ပိုေကာင္းလာမယ့္ ကစားသမားမ်ိဳးလို႔ ခ်ီးက်ဴးခဲ့တဲ့ နည္းျပ အာတီတာ
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ နယူးကာဆယ္ကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲအၿပီးမွာေတာ့ အာဆင္နယ္နည္းျပ အာတီ တာက ကြင္းလယ္လူပါေတးအေနနဲ႔ တစ္ေန႔ထက္တစ္ေန႔ ပိုေကာင္းလာၿပီး အသင္းရဲ႕ကြင္းလယ္ကို အေကာင္းဆံုးထိန္း ေက်ာင္းႏိုင္မယ့္ ကစားသမားလို႔ ေျပာသြားခဲ့ပါတယ္။ အာဆင္နယ္ဟာ ပါေတးကို ေခၚယူဖို႔ ကာလရွည္ေစာင့္ၾကည့္ေနခဲ့ ၿပီးမွ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အရေခၚယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ ပါေတးဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ လူစားဝင္ကစားခဲ့ရၿပီးေနာက္ နယူးကာဆယ္နဲ႔ပြဲမွာေတာ့ ပြဲထြက္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္ကို အႏိုင္ရၿပီးေနာက္ ၿပိဳင္ပြဲစံုေနာက္ဆံုး ၅ ပြဲဆက္ ရႈံးပြဲမရွိခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕နည္းျပ အာတီတာက လူငယ္ကစားသမားေတြျဖစ္တဲ့ ဆာကာနဲ႔ စမစ္႐ိုဝီတို႔ကို လည္း ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ပြဲအၿပီး ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေတာ့ အာတီတာက “ တကယ္ကို ေပ်ာ္ရႊင္မိပါတယ္။ အသင္းအတြက္ လိုအပ္ ေနတဲ့ ေနရာအတြက္ ပါေတးျပန္ကစားႏိုင္တာ တကယ္ေကာင္းပါတယ္။ သူက ပြဲကို အျခားကစားသမားေတြထက္ လႊမ္းမိုး ႏိုင္တဲ့ကစားသမားပါ။ သူရဲ႕စြမ္းေဆာင္ရည္ကလည္း တစ္ေန႔ထက္တစ္ေန႔ ပိုေကာင္းလာပါတယ္။ သူနဲ႔အတူ လူငယ္ကစား သမားေတြျဖစ္တဲ့ ဆာကာနဲ႔ စမစ္႐ိုဝီတို႔လည္း ေျခစြမ္းျပႏိုင္တာေၾကာင့္ ေက်နပ္ေပ်ာ္ရႊင္ရပါတယ္” လို႔ Sky Sports ကို ေျပာသြားခဲ့ပါတယ္။