အသင်းကြီး ၆ သင်းနဲ့ ကစားရင် ဖာနန်ဒက်စ်က ခြေစွမ်းမပြနိုင်တော့ဘူးလားလို့ စစ်တမ်းတွေက ဖော်ပြခဲ့ကြ


ပြီးခဲ့တဲ့နှစ် ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးနောက် တစ်နှစ်အတွင်းမှာ ပရီးမီး ယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်အထိရရှိခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးသိကြပေမယ့် အချက်အလက်စစ်တမ်းတွေ ကောက်ယူတဲ့အဖွဲ့တစ်ခုရဲ့ ဖော်ပြချက် အရတော့ အသင်းကြီးတွေနဲ့ ကစားတဲ့ပွဲတွေမှာ ဖာနန်ဒက်စ်အနေနဲ့ စွမ်းဆောင်ရည်မကောင်းခဲ့တာကို တွေ့ရပါတယ်။


ပြီးခဲ့တဲ့လီဗာပူးနဲ့ ပွဲမှာလည်း ဖာနန်ဒက်စ်အနေနဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးရရှိအောင်စွမ်းဆောင်နိုင်ခြင်း မရှိသလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ကို သူရောက်လာပြီးနောက် အသင်းကြီး ၆ သင်းနဲ့ ၈ ပွဲကစားခဲ့ရာမှာ ဖာနန်ဒက်စ်အနေနဲ့ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ကစားခဲ့တဲ့အချိန်က ၆၅၆ မိနစ်ကစားခွင့်ရခဲ့ တာကြောင့် အသင်းကြီးတွေနဲ့ ကစားရင် ၃၂၈ မိနစ်ရောက်မှ ဖာနန်ဒက်စ်အနေနဲ့ တစ်ဂိုးသာ သွင်းယူနိုင်တယ်လို့ သိရပါတယ်။


အခြားအသင်းတွေနဲ့ ၂၄ ပွဲကစားခဲ့ရာမှာတော့ ၁၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ကစားချိန်က ၂၀၁၆ မိနစ်ရှိခဲ့တာကြောင့် ၁၁၉ မိနစ်ကစားပြီးတိုင်း ဖာနန်ဒက်စ်အနေနဲ့ သွင်းဂိုးတစ်ဂိုး ရရှိနေတယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။ လီဗာပူးနဲ့ ဂိုး မရှိသရေကျခဲ့တဲ့ပွဲအပြီးမှာတော့ လီဗာပူးနည်းပြကလော့ပ်က ဖာနန်ဒက်စ်နဲ့ မန်စီးတီးက ဒီဘရူနီတို့ကို နှိုင်းယှဉ်လို့မရဘဲ ဖာနန်ဒက်စ်က ပင်နယ်တီကန်သွင်းမှု ကောင်းတဲ့ ကစားသမားတစ်ယောက်သာ ဖြစ်တယ်လို့ တွစ်တာမှာ ရေးပြီးတင်ခဲ့ တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version

အသင္းႀကီး ၆ သင္းနဲ႔ ကစားရင္ ဖာနန္ဒက္စ္က ေျခစြမ္းမျပႏိုင္ေတာ့ဘူးလားလို႔ စစ္တမ္းေတြက ေဖာ္ျပခဲ့ၾက
ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ယူႏိုက္တက္အသင္းကို ေရာက္ရွိလာၿပီးေနာက္ တစ္ႏွစ္အတြင္းမွာ ပရီးမီး ယားလိဂ္တစ္လတာအေကာင္းဆံုးကစားသမားဆုကို ၄ ႀကိမ္အထိရရွိခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ကစားသမားေကာင္း တစ္ေယာက္ျဖစ္တယ္ဆိုတာ အားလံုးသိၾကေပမယ့္ အခ်က္အလက္စစ္တမ္းေတြ ေကာက္ယူတဲ့အဖြဲ႕တစ္ခုရဲ႕ ေဖာ္ျပခ်က္ အရေတာ့ အသင္းႀကီးေတြနဲ႔ ကစားတဲ့ပြဲေတြမွာ ဖာနန္ဒက္စ္အေနနဲ႔ စြမ္းေဆာင္ရည္မေကာင္းခဲ့တာကို ေတြ႕ရပါတယ္။
ၿပီးခဲ့တဲ့လီဗာပူးနဲ႔ ပြဲမွာလည္း ဖာနန္ဒက္စ္အေနနဲ႔ ဂိုးရႏိုင္တဲ့ အခြင့္အေရးေတြရခဲ့ေပမယ့္ ဂိုးရရွိေအာင္စြမ္းေဆာင္ႏိုင္ျခင္း မရွိသလို ဂိုးဖန္တီးမႈလည္း ျပဳလုပ္ႏိုင္ခဲ့ျခင္းမရွိခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္ကို သူေရာက္လာၿပီးေနာက္ အသင္းႀကီး ၆ သင္းနဲ႔ ၈ ပြဲကစားခဲ့ရာမွာ ဖာနန္ဒက္စ္အေနနဲ႔ ၂ ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။ ကစားခဲ့တဲ့အခ်ိန္က ၆၅၆ မိနစ္ကစားခြင့္ရခဲ့ တာေၾကာင့္ အသင္းႀကီးေတြနဲ႔ ကစားရင္ ၃၂၈ မိနစ္ေရာက္မွ ဖာနန္ဒက္စ္အေနနဲ႔ တစ္ဂိုးသာ သြင္းယူႏိုင္တယ္လို႔ သိရပါ တယ္။
အျခားအသင္းေတြနဲ႔ ၂၄ ပြဲကစားခဲ့ရာမွာေတာ့ ၁၇ ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး ကစားခ်ိန္က ၂၀၁၆ မိနစ္ရွိခဲ့တာေၾကာင့္ ၁၁၉ မိနစ္ကစားၿပီးတိုင္း ဖာနန္ဒက္စ္အေနနဲ႔ သြင္းဂိုးတစ္ဂိုး ရရွိေနတယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ လီဗာပူးနဲ႔ ဂိုး မရွိသေရက်ခဲ့တဲ့ပြဲအၿပီးမွာေတာ့ လီဗာပူးနည္းျပကေလာ့ပ္က ဖာနန္ဒက္စ္နဲ႔ မန္စီးတီးက ဒီဘ႐ူနီတို႔ကို ႏႈိင္းယွဥ္လို႔မရဘဲ ဖာနန္ဒက္စ္က ပင္နယ္တီကန္သြင္းမႈ ေကာင္းတဲ့ ကစားသမားတစ္ေယာက္သာ ျဖစ္တယ္လို႔ တြစ္တာမွာ ေရးၿပီးတင္ခဲ့ တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။