မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် တိုက်ပွဲဝင်နေတဲ့အသင်းအတွက ်ဂုဏ်ယူနေပါတယ်။ မန်စီးတီးအသင်းဟာ ရာသီအစပိုင်းတုန်းက ရလဒ်တွေဆိုးရွားခဲ့ပြီး ခြေစွမ်းမတည်မငြိမ်ဖြစ်ခဲ့ပေမယ့် နှစ်သစ်ကို စရောက်လာပြီးကတည်းက နိုင်ပွဲတွေ ဆက်နေခဲ့ပြီး တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေစ့်အသင်းနဲ့ ပွဲအပြီးမှာ အသင်းဟာ အမှတ်ပေးဇယားအဆင့် (၂) ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
“ကျွန်တော်တို့ ဒီကို ရောက်ဖို့ အများကြီး တိုက်ပွဲဝင်ခဲ့ပါတယ်။ နောက်ထပ်လည်း အများကြီး တိုက်ပွဲဝင်သွားရဦးမှာပါ။ ဒီရာသီက ပိုပြီးခက်ခဲနေပါတယ်။ အသင်းတိုင်းက အသင်းတိုင်းကို အနိုင်ယူနိုင်နေပြီး ပွဲတိုင်းက ခက်ခဲပါတယ်။ ကစားသမားတွေ အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။
ဒါက အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး နောက်ထပ် နိုင်ပွဲတစ်ပွဲနဲ့ အနိုင်(၃) မှတ်ပါပဲ”လို့ ခရစ္စတယ်ပဲလေ့စ်အသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့ အသင်းဟာ ဗုဒ္ဓဟူးနေ့မှာတော့ အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုက်ကစားသွားရမှာ ဖြစ်ပါတယ်။
အမှတ်ပေးဖလား ပြိုင်ဆိုင်မှု လမ်းကြောင်းပေါ် ပြန်ရောက်လာလို့ ကစားသမားတွေအတွက် ဂုဏ်ယူနေတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ