ဝုလ်ဗ်အသင်းရဲ့ ဗလကြီး ထရာအိုရေးကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ လိဒ်ယူနိုက်တက်အသင်း

လိဒ်ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်တိုက်စစ်ကစားသမား ထရာအိုရေးကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ နူနိုဆန်းတိုစ့်ရဲ့အသင်းအတွက် ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက အထင်ကြီးလောက်စရာ စွမ်းဆောင်ပေးထားပေမယ့် ဒီရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ပရီးမီးယားလိဂ် (၁၈) ပွဲကစားပြီးချိန်မှာ (၁) ဂိုးပဲ ဖန်တီးပေးထားပြီး (၁) ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးတဲ့ ကစားသမားဖြစ်ပါတယ်။

လီဗာပူးလ် နဲ့ မန်စီးတီးအသင်းတို့က ဝုလ်ဗ်အသင်းနဲ့ ၂၀၂၃ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘာစီလိုနာလူငယ်ကစားသမားဟောင်းကို ခေါ်ယူရန် အရင်က ဆက်သွယ်မှုတွေ လုပ်ခဲ့ပါသေးတယ်။ သို့သော်လည်း အခုထွက်ရှိလာတဲ့သတင်းများအရ လိဒ်ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ စပိန်လက်ရွေးစင်ကစားသမားကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ သိရပါတယ်။

ထရာအိုရေးကလည်း နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲစပိန်လက်ရွေးစင်အသင်း၌ ကစားခွင့်ရရန်အတွက် နောက်ရာသီဝက်မှာလည်း ပုံမှန်ကစားခွင့်ရချင်နေသူ ဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းက သူ့ကို မနှစ်ကနွေရာသီတုန်းက ပေါင်သန်း ၇၀ သတ်မှတ်ထားပေမယ့် ယခုလက်ရှိ တန်ကြေးအရ တိုက်စစ်မှူးဟာ ဒီရာသီခြေစွမ်းမပြနိုင်လို့ ပေါင် ၃၅ သန်းအထိ ပဲ တန်ကြေးရှိတော့တယ်လို့ သိရပါတယ်။ စပိန်ကစားသမားဟာ ဝုလ်ဗ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၁၀)ကစားထားပြီး (၈) ဂိုးသွင်းကာ (၁၆) ဂိုးဖန်တီးပေးထားသူ ဖြစ်ပါတယ်။

ဝုလ္ဗ္အသင္းရဲ႕ ဗလႀကီး ထရာအိုေရးကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ လိဒ္ယူႏိုက္တက္အသင္း

လိဒ္ယူႏိုက္တက္အသင္းဟာ ဝုလ္ဗ္တိုက္စစ္ကစားသမား ထရာအိုေရးကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ႏူႏိုဆန္းတိုစ့္ရဲ႕အသင္းအတြက္ ၂၀၁၉-၂၀ ေဘာလံုးရာသီတုန္းက အထင္ႀကီးေလာက္စရာ စြမ္းေဆာင္ေပးထားေပမယ့္ ဒီရာသီမွာ ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးေနၿပီး ပရီးမီးယားလိဂ္ (၁၈) ပြဲကစားၿပီးခ်ိန္မွာ (၁) ဂိုးပဲ ဖန္တီးေပးထားၿပီး (၁) ဂိုးမွ သြင္းယူႏိုင္ျခင္းမရွိေသးတဲ့ ကစားသမားျဖစ္ပါတယ္။

လီဗာပူးလ္ နဲ႔ မန္စီးတီးအသင္းတို႔က ဝုလ္ဗ္အသင္းနဲ႔ ၂၀၂၃ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ ဘာစီလိုနာလူငယ္ကစားသမားေဟာင္းကို ေခၚယူရန္ အရင္က ဆက္သြယ္မႈေတြ လုပ္ခဲ့ပါေသးတယ္။ သို႔ေသာ္လည္း အခုထြက္ရွိလာတဲ့သတင္းမ်ားအရ လိဒ္ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ စပိန္လက္ေရြးစင္ကစားသမားကို ေခၚယူရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ထရာအိုေရးကလည္း ေႏြရာသီမွာ က်င္းပမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲစပိန္လက္ေရြးစင္အသင္း၌ ကစားခြင့္ရရန္အတြက္ ေနာက္ရာသီ၀က္မွာလည္း ပံုမွန္ကစားခြင့္ရခ်င္ေနသူ ျဖစ္ပါတယ္။ ဝုလ္ဗ္အသင္းက သူ႔ကို မႏွစ္ကေႏြရာသီတုနး္က ေပါင္သန္း ၇၀  သတ္မွတ္ထားေပမယ့္ ယခုလက္ရွိ တန္ေၾကးအရ တိုက္စစ္မွဴးဟာ ဒီရာသီေျခစြမ္းမျပႏိုင္လို႔ ေပါင္ ၃၅ သန္းအထိ ပဲ တန္ေၾကးရွိေတာ့တယ္လို႔ သိရပါတယ္။ စပိန္ကစားသမားဟာ ဝုလ္ဗ္အသင္းအတြက္ ၿပိဳင္ပြဲစံု ပြဲေပါင္း (၁၁၀)ကစားထားၿပီး (၈) ဂိုးသြင္းကာ (၁၆) ဂိုးဖန္တီးေပးထားသူ ျဖစ္ပါတယ္။