ရော်နယ်ဒိုကို စာချုပ်သက်တမ်းတိုးရန် စဉ်းစားနေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒိုကို ၂၀၂၃ ဇွန်လအထိ စာချုပ်သက်တမ်းတိုးရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းအတွက် (၁၀၇) ပွဲကစားထားပြီး (၈၄) ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ သူ့ရဲ့ အီတလီစီးရီးအေ ချန်ပီယံအသင်းနဲ့ စာချုပ်သက်တမ်းဟာ ကုန်ဆုံးရန် (၁၈) လ ကျန်ပါသေးတယ်။

ယူနိုက်တက်အသင်းဟာ မကြာသေးခင်က ပေါ်တူဂီလက်ရွေးစင်ကစားသမားကြီးကို ပြန်ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး ဂျူဗင်တပ်စ်အသင်းကလည်း လစာလျော့ချရန်အတွက် သူ့ကို ၂၀၂၀-၂၁ ဘောလုံးရာသီအကုန်မှာ အသင်းက ထွက်ခွာပြုရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သို့သော်လည်း အခုထွက်ပေါ်လာတဲ့ သတင်းများအရ တူရင်အခြေစိုက်ဘီလူးအသင်းဟာ ရော်နယ်ဒိုကို နောက်ထပ် (၁၂) လစာချုပ်သက်တမ်းတိုးရန် ရည်ရွယ်ထားပြီး စာချုပ်သစ်အရ သူဟာ အသင်းမှာ ၂၀၂၂-၂၃ ဘောလုံးရာသီအကုန်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ စွယ်စုံရ တိုက်စစ်မှူးကြီးဟာ ဒီရာသီမှာလည်း ပီယာလိုရဲ့အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားပြီး စီးရီးအေ (၁၃) ပွဲမှာ (၁၅) ဂိုးအပါအဝင် ပြိုင်ပွဲစုံ (၁၈) ပွဲကစားထားလျက် (၁၉) ဂိုးသွင်းပေးထားပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ပြိုင်ပွဲစုံ (၂၉၂) ပွဲကစားထားပြီး (၁၁၈) ဂိုးသွင်းကာ (၆၈) ဂိုးဖန်တီးပေးထားပါတယ်။ အဲ့ဒီနောက် ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့သွားပြီး ဘာနေဗျူးမှာ (၉) ရာသီကြာ ကစားပေးခဲ့သူ ဖြစ်ပါတယ်။

ေရာ္နယ္ဒိုကို စာခ်ဳပ္သက္တမ္းတိုးရန္ စဥ္းစားေနတဲ့ ဂ်ဴဗင္တပ္စ္

ဂ်ဴဗင္တပ္စ္အသင္းဟာ တိုက္စစ္မွဴး ေရာ္နယ္ဒိုကို ၂၀၂၃ ဇြန္လအထိ စာခ်ဳပ္သက္တမ္းတိုးရန္ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၁၀၇) ပြဲကစားထားၿပီး (၈၄) ဂိုးသြင္းယူေပးထားသူျဖစ္ပါတယ္။ သူ႔ရဲ႕ အီတလီစီးရီးေအ ခ်န္ပီယံအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ကုန္ဆံုးရန္ (၁၈) လ က်န္ပါေသးတယ္။

ယူႏိုက္တက္အသင္းဟာ မၾကာေသးခင္က ေပၚတူဂီလက္ေရြးစင္ကစားသမားႀကီးကို ျပန္ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာၿပီး ဂ်ဴဗင္တပ္စ္အသင္းကလည္း လစာေလ်ာ့ခ်ရန္အတြက္ သူ႔ကို ၂၀၂၀-၂၁ ေဘာလံုးရာသီအကုန္မွာ အသင္းက ထြက္ခြာျပဳရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း အခုထြက္ေပၚလာတဲ့ သတင္းမ်ားအရ တူရင္အေျခစိုက္ဘီလူးအသင္းဟာ ေရာ္နယ္ဒိုကို ေနာက္ထပ္ (၁၂) လစာခ်ဳပ္သက္တမ္းတိုးရန္ ရည္ရြယ္ထားၿပီး စာခ်ဳပ္သစ္အရ သူဟာ အသင္းမွာ ၂၀၂၂-၂၃ ေဘာလံုးရာသီအကုန္အထိ ဆက္ရွိေနမွာ ျဖစ္ပါတယ္။ စြယ္စံုရ တိုက္စစ္မွဴးႀကီးဟာ ဒီရာသီမွာလည္း ပီယာလိုရဲ႕အသင္းအတြက္ အေကာင္းဆံုး စြမ္းေဆာင္ေပးထားၿပီး စီးရီးေအ (၁၃) ပြဲမွာ (၁၅) ဂိုးအပါအ၀င္ ၿပိဳင္ပြဲစံု (၁၈) ပြဲကစားထားလ်က္ (၁၉) ဂိုးသြင္းေပးထားပါတယ္။

ေရာ္နယ္ဒိုဟာ ယူႏိုက္တက္အသင္းမွာ ၂၀၀၃ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိ ၿပိဳင္ပြဲစံု (၂၉၂) ပြဲကစားထားၿပီး (၁၁၈) ဂိုးသြင္းကာ (၆၈) ဂိုးဖန္တီးေပးထားပါတယ္။ အဲ့ဒီေနာက္ ရီးရဲလ္မက္ဒရစ္အသင္းဆီကို ေျပာင္းေရႊ႕သြားၿပီး ဘာေနဗ်ဴးမွာ (၉) ရာသီၾကာ ကစားေပးခဲ့သူ ျဖစ္ပါတယ္။