ဟာလန်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၆ သန်းထက် ပိုပေးပြီး ခေါ်ယူရန် ရည်ရွယ်ထားတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆိးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ဒီနွေရာသီမှာ သူတို့ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးထက် ပိုပေးပြီး ခေါ်ဆောင်ရန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် (၁၇) ပွဲကစားကာ (၁၉) ဂိုးအထိသွင်းယူပေးထားပြီး သူရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၆၆.၆ သန်းဖြစ်ပါတယ်။

အသက် ၂၀ အရွယ် နော်ဝေးတိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက် နဲ့ မန်စီးတီးတို့လို ဥရောပအသင်းကြီးတွေအပါအဝင် စိတ်ဝင်စားမှုကို ခံထားရသူပါ။ သို့သော်လည်း ချဲလ်ဆီးအသင်းက ရာသီအကုန်မှာ ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးထက် ပိုပေးပြီး ခေါ်ဆောင်ရန် ကြိုးစားသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းကလည်း အသင်းအတွက် (၃၅) ပွဲကစားထားပြီး (၃၅) ဂိုးသွင်းထားတဲ့ အဓိက ကစားသမားကို လက်လွှတ်မခံချင်နေဘူးလို့ သိရပါတယ်။ ဟာလန်းဟာ ၂၀၂၀ ဇန်နဝါရီတုန်းက ဆဲလ်ဘတ်အသင်းကနေ ဒေါ့မွန်ကို ရောက်လာသူဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူလိုနေတာဖြစ်ပြီး ကိုဗစ်ရောဂါကြောင့် အခြားအသင်းတွေ ဘဏ္ဍာရေးထိခိုက်နေချိန်မှာ သူတို့က ယခုလို ငွေပုံပေးပြီး လှုပ်ရှားရန် ရည်ရွယ်နေတယ်လို့ သိရပါတယ်။

ဟာလန္းကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၆ သန္းထက္ ပိုေပးၿပီး ေခၚယူရန္ ရည္ရြယ္ထားတဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆိးအသင္းဟာ ေဒါ့မြန္တိုက္စစ္မွဴး ဟာလန္းကို ဒီေႏြရာသီမွာ သူတို႔ရဲ႕  စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးထက္ ပိုေပးၿပီး ေခၚေဆာင္ရန္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဟာလန္းဟာ ဒီရာသီမွာ ေဒါ့မြန္အသင္းအတြက္ (၁၇) ပြဲကစားကာ (၁၉) ဂိုးအထိသြင္းယူေပးထားၿပီး သူရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၆၆.၆ သန္းျဖစ္ပါတယ္။

အသက္ ၂၀ အရြယ္ ေနာ္ေ၀းတိုက္စစ္မွဴးဟာ ရီးရဲလ္မက္ဒရစ္၊ ယူႏိ္ုက္တက္ နဲ႔ မန္စီးတီးတို႔လို ဥေရာပအသင္းႀကီးေတြအပါအ၀င္ စိတ္၀င္စားမႈကို ခံထားရသူပါ။ သို႔ေသာ္လည္း ခ်ဲလ္ဆီးအသင္းက ရာသီအကုန္မွာ ဟာလန္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးထက္ ပိုေပးၿပီး ေခၚေဆာင္ရန္ ႀကိဳးစားသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ေဒါ့မြန္အသင္းကလည္း အသင္းအတြက္ (၃၅) ပြဲကစားထားၿပီး (၃၅) ဂိုးသြင္းထားတဲ့ အဓိက ကစားသမားကို လက္လႊတ္မခံခ်င္ေနဘူးလို႔ သိရပါတယ္။  ဟာလန္းဟာ ၂၀၂၀ ဇန္နဝါရီတုနး္က ဆဲလ္ဘတ္အသင္းကေန ေဒါ့မြန္ကို ေရာက္လာသူျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ ကမာၻ႕အဆင့္ တိုက္စစ္မွဴးတစ္ေယာက္ကို ေခၚယူလိုေနတာျဖစ္ၿပီး ကိုဗစ္ေရာဂါေၾကာင့္ အျခားအသင္းေတြ ဘ႑ာေရးထိခိုက္ေနခ်ိန္မွာ သူတို႔က ယခုလို ေငြပံုေပးၿပီး လႈပ္ရွားရန္ ရည္ရြယ္ေနတယ္လို႔ သိရပါတယ္။