အသင်းမှာဆိုရင် အိုဇေးလ် ဆုဖလားတွေ အများကြီး ရနိုင်မယ်လို့ ဆိုလိုက်တဲ့ ဖီနာဘာချီအသင်းရဲ့ အားကစားဒါရိုက်တာ

ဖီနာဘာချီအသင်းရဲ့အားကစားဒါရိုက်တာ အမ်မရီက အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ကို ခေါ်ယူလိုက်နိုင်တဲ့အတွက် ဝမ်းသာနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကနေ ထွက်ခွာလာပြီးနောက် အိုဇေးလ်ဟာ ဒီမနက်မှာပဲ ဆေးစစ်မှု ခံယူခဲ့တာဖြစ်ပြီး (၃) နှစ် စာချုပ်ချုပ်သွားခဲ့ပါတယ်။

အမ်မရီက “ကျွန်တော်က သူနဲ့ သူမိသားစုကို ကျွန်တော်တို့ အိမ်ကနေ ကြိုဆိုပါတယ်။ ကျွန်တော့်မှာ ပြောစရာတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်ဖီနာဘာချီအသင်းအဖွဲ့ချုပ်ရဲ့ ပြောစရာတွေကိုပဲ ပြောသွားပါမယ်။ ကျွန်တော်တို့ဟာ အောင်မြင်မှုတွေ အမှန်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်တော်တော်ကြာအတူတူ ရှိနေပြီး ဆုဖလားတွေ ရသွားမယ်လို့ မျှော်လင့်ပါတယ်။

အိုဇေးလ်က ဘောလုံးလောကရဲ့ အကြီးမားဆုံး ကြယ်ပွင့်တစ်ပွင့်ပါ။ ကျွန်တော်တို့ ဆုဖလားကြီးတွေ ဆွတ်ခူးနိုင်ပါတယ်။ ကျွန်တော်တို့မှာ (၂) ရက် (၃) ရက်လောက် အချိန်ရပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ မျှော်လင့်ထားတာတွေကို အတူတူ လုပ်ဆောင်ကြတော့မယ်” လို့ မနေ့ညက ပြောသွားခဲ့တာဖြစ်ပါတယ်။

အသင္းမွာဆိုရင္ အိုေဇးလ္ ဆုဖလားေတြ အမ်ားႀကီး ရႏိုင္မယ္လို႔ ဆိုလိုက္တဲ့ ဖီနာဘာခ်ီအသင္းရဲ႕ အားကစားဒါ႐ိုက္တာ

ဖီနာဘာခ်ီအသင္းရဲ႕အားကစားဒါ႐ိုက္တာ အမ္မရီက အာဆင္နယ္ကြင္းလယ္လူ အိုေဇးလ္ကို ေခၚယူလိုက္ႏိုင္တဲ့အတြက္ ၀မ္းသာေနတာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းကေန ထြက္ခြာလာၿပီးေနာက္ အိုေဇးလ္ဟာ ဒီမနက္မွာပဲ ေဆးစစ္မႈ ခံယူခဲ့တာျဖစ္ၿပီး (၃) ႏွစ္ စာခ်ဳပ္ခ်ဳပ္သြားခဲ့ပါတယ္။

အမ္မရီက “ကၽြန္ေတာ္က သူနဲ႔ သူမိသားစုကို ကၽြန္ေတာ္တို႔ အိမ္ကေန ႀကိဳဆိုပါတယ္။ ကၽြန္ေတာ့္မွာ ေျပာစရာေတြ အမ်ားႀကီးရွိေနပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ဖီနာဘာခ်ီအသင္းအဖြဲ႔ခ်ဳပ္ရဲ႕ ေျပာစရာေတြကိုပဲ ေျပာသြားပါမယ္။ ကၽြန္ေတာ္တို႔ဟာ ေအာင္ျမင္မႈေတြ အမွန္ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ႏွစ္ေတာ္ေတာ္ၾကာအတူတူ ရွိေနၿပီး ဆုဖလားေတြ ရသြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

အိုေဇးလ္က ေဘာလံုးေလာကရဲ႕ အႀကီးမားဆံုး ၾကယ္ပြင့္တစ္ပြင့္ပါ။ ကၽြန္ေတာ္တို႔ ဆုဖလားႀကီးေတြ ဆြတ္ခူးႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔မွာ (၂) ရက္ (၃) ရက္ေလာက္ အခ်ိန္ရပါေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ထားတာေတြကို အတူတူ လုပ္ေဆာင္ၾကေတာ့မယ္” လို႔ မေန႔ညက ေျပာသြားခဲ့တာျဖစ္ပါတယ္။