ယူနိုက်တက်နဲ့ သရေပွဲမှာ လီဗာပူးလ်အသင်း ထူးထူးခြားခြား ဘာမှ မလုပ်ပြနိုင်ခဲ့ဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးလ် ဂန္တဝင် ဆောင်းနက်စ်

လီဗာပူးလ်ဂန္တဝင်ကစားသမား ဆောင်းနက်စ်က မနေ့က ယူနိုက်တက် နဲ့ (ဝ-၀) သရေကျခဲ့တဲ့ပွဲမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းက ခြေစွမ်းမပြနိုင်ဘူးလို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ (ဝ-၀) သရေကျခဲ့လို့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု နဲ့ ဂိုးသွင်းခွင့်တွေကတော့ ပိုပြီး သာလွန်ခဲ့တာဖြစ်ပါတယ်။

ဆောင်းနက်စ်က “လီဗာပူးလ်မှာရှိတဲ့ လီဗာပူးလ်ပရိသတ်တစ်ယောက်အနေနဲ့ သူတို့မှားယွင်းတာက ရှေ့တန်း (၃) ယောက်ပါပဲ။ သူတို့တွေက ထူးထူးခြားခြား ဘာမှ ကို မလုပ်ပြနိုင်ခဲ့ပါဘူး။ ဖေမီနိုက ပွဲအတွင်းပျောက်နေပါတယ်။ ဆာလာကတော့ လုခ်ရှောကို မကျော်နိုင်ခဲ့ပါဘူး။

ဒီဂီယာလည်း ထူးထူးခြားခြား ကာကွယ်မှု မလုပ်သွားခဲ့ပါဘူး။ လီဗာပူးလ်အသင်းက ထူးခြားတာ ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ ဘယ်သူကမှတော့ ဒီနေ့မှာ နောက်တန်းတွေကို အပြစ်ပြောမှာ မဟုတ်ပါဘူး။ ဆာလာကတော့ လုံးဝကို ပျောက်နေတာပါ” လို့ စကိုင်းစပေါ့ကို ပြောသွားခဲ့ပါတယ်။



