ယူနိုက်တက် နဲ့ သရေကျခဲ့လို့ လီဗာပူးလ်အသင်း ယုံကြည်မှု ကျဆင်းနေတယ်လို့ ဝန်ခံလိုက်တဲ့ ကွင်းလယ်လူ သီယာဂို

လီဗာပူးလ်ကွင်းလယ်လူ သီယာဂိုက တနင်္ဂနွေနေ့က ယူနိုက်တက် နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။ မနေ့ညက ပွဲအပါဝင် လီဗာပူးလ်အသင်းဟာ (၃) ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေတာဖြစ်ပါတယ်။ သို့သော်လည်း သီယာဂိုက အသင်းအနေနဲ့ မကြာခင် ဂိုးတွေ ပြန်ရလာမယ်လို့ ယုံကြည်နေပါတယ်။

သူက “ ကျွန်တော်တို့ အသင်းရဲ့ ရှေ့တန်းက ကစားသမားတွေကို ကြည့်လိုက်ပါ။ တိုက်စစ်မှူး (၃) ယောက်တင်မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အိုရီဂီ၊ ရှာကွီရီ ၊ မီနာမီနို နဲ့ ဂိုးသွင်းနိုင်တဲ့ အခြားကစားသမားတွေ လည်း ရှိပါတယ်။ ကွင်းလယ်မှာလည်း ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ ခံစစ်ကလည်း ဂိုးတွေ သွင်းနိုင်ပါတယ်။ ပြဿနာက အခွင့်အရေးတွေ ဖန်တီးပေးတာက ထိရောက်ဖို့ လိုနေတာပါ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။


