ယူနိုက်တက်နည်းပြရာထူးကို  အရမ်းကောင်းနေရင်လည်း ယောင်လို့တောင် စိတ်မဝင်စားဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ ယူနိုက်တက်အသင်းကို နည်းပြအဖြစ် တာဝန်ယူဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူးလို့ ပြောသွားခဲ့ပါတယ်။ ဂျာမန်လူမျိုးနည်းပြကြီးဟာ လီဗာပူးလ်အသင်းကို ဦးဆောင်ပြီး ချန်ပီယံလိဂ်ဖလား နဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို အောင်မြင်အောင် ဦးဆောင်ပေးထားတဲ့ နည်းပြဖြစ်ပါတယ်။

“ယူနိုက်တက်မှာ ဘယ်လိုအနေအထားဖြစ်မလဲဆိုတာ ကျွန်တော်ဘယ်တုန်းကမှ မတွေးထားမိပါဘူး။ တစ်စက္ကန့်တောင် မတွေးမိတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဒီမှာ လုံး၀ အဆင်ပြေနေပါတယ်။ ဒီနေရာက ကျွန်တော့်အတွက် နေရာမှန်ပါ။ လီဗာပူးလ်မှာ ရှိတဲ့ အနေအထားထက် ပိုကောင်းရင်တောင်မစဉ်းစားမိပါဘူး။ အခုအခြေအနေမှာတော့ လီဗာပူးလ်က ကျွန်တော့်အတွက် အိမ်လည်းဖြစ်နေပါတယ်” လို့ ယာဂင်ကလော့ပ်က ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြရာထူးကို အသင်းက အရမ်းကောင်းနေရင်လည်း ယောင်လို့တောင် စိတ်မ၀င်စားဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

