အသင်းရဲ့ တိုက်စစ်ပိုင်းကို ပေါင်သန်း ၂၀၀ သုံးပြီး ဟာလန်း ၊ လူကာကူ တို့နဲ့ ထပ်မံ အင်အားဖြည့်သွားမယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် ရည်ရွယ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအကုန်မှာ အသင်းရဲ့ ဂိုးအများဆုံး တိုက်စစ်မှူး အဂူရိုက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိနေလို့ တိုက်စစ်မှူး အသစ်တစ်ယောက်ခေါ်ယူရန် ရည်ရွယ်နေတာ ဖြစ်ပါတယ်။

တယ်လီဂရပ်ဖ်သတင်းဌာနရဲ့ အဆိုအရ မန်စီးတီးအသင်းဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့ လူစာရင်းကို ပေါင်သန်း ၂၀၀ လောက်သုံးပြီး တိုက်စစ်ပိုင်းမှာလည်း လူကာကူ နဲ့ ဟာလန်းတို့ကို ခေါ်ယူပြီး အင်အားဖြည့်တင်းချင်နေတယ်လို့ သိရပါတယ်။  ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမားဟာ အီတလီကလပ်အသင်းအတွက် (၇၃) ပွဲကစားထားပြီး (၅၁) ဂိုးသွင်းပေးထားသူ ဖြစ်ပါတယ်။

ဒီရာသီမှာလည်း (၂၂) ပွဲကစားထားပြီး (၁၇) ဂိုးအထိ သွင်းယူပေးထားပါတယ်။ မန်စီးတီးအသင်းဟာ အသင်းမှာ ဒဏ်ရာပြဿနာတွေလည်း မကြာခဏ ရနေပြီး ကြံ့ခိုင်မှုလည်း ပြည့်ဝဖို့ ရုန်းကန်နေရတဲ့ အာဂျင်တီးနား ကစားသမား အဂူရို ကို စာချုပ်သက်တမ်းတိုးရန် အစီအစဉ်မရှိဘူးလို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။



