မက်ဂွဲရားက ယူနိုက်တက်အသင်းအတွက် မှန်ကန်တဲ့ အသင်းခေါင်းဆောင်လို့ ဆိုလိုက်တဲ့ ဂန္တဝင်ကစားသမားကြီး ဘရိုင်ယန်ရော့ဘ်ဆင်

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ရော့ဘ်ဆင်က မက်ဂွဲရားအသင်းကို ဦးဆောင်နေတာကို မြင်ရတဲ့အတွက် ဝမ်းသာနေပါတယ်။ ရော့ဘ်ဆင်ဟာ အင်္ဂလန်အသင်းအတွက် (၆၅) ပွဲ အသင်းခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယူနိုက်တက်အသင်းမှာလည်း ၁၃ နှစ်ကြာ အသင်းခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူက “ဟယ်ရီက အရမ်းကောင်းတဲ့ နာခံတတ်သူပါ။ သူဟာ လူထဲက လူဖြစ်ပေမယ့် အကြံညဏ်တွေကို နှစ်သက်တဲ့ သူပါ။ သူဟာ အစည်းအဝေးမှာဆိုရင် နားထောင်ပြီးမှ ဘာက မှန်သလဲဆိုတာကို ပြောပါတယ်။ ဟယ်ရီက သင်ယူမှုတွေကို လုပ်ပြီး အများကြီးလည်း ရချင်သူပါ။ အသင်းအကြောင်း ၊ ကလပ်အကြောင်း နဲ့ သူ့အသင်းဖော်တွေအကြောင်းကို နားလည်ချင်သူပါ။

ဒါက လူတွေမသိသေးတ့ ဟယ်ရီရဲ့ အခြားအကြောင်းတွေပါ။ “လို့ The Sun သတင်းဌာနကို ပြောသွားခဲ့ပါတယ်။



