အသင်းအတွက် ပွဲတိုင်း မိနစ်တိုင်း ကစားချင်တယ်လို့ နည်းပြ ယာဂင်ကလော့ပ်ကို ပြောဆိုလိုက်တဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာလာက နည်းပြ ယာဂင်ကလော့ပ် အနေနဲ့ သူ့ကို အနားပေးရန် မလိုအပ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ တစ်ကယ်တော့ ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပွဲတိုင်း မိနစ်တိုင်းကစားချင်တယ်လို့ ဝန်ခံပြောသွားခဲ့တာ ဖြစ်ပါတယ်။

သူက “ ကျွန်တော် ကွင်းထဲမှာ ပွဲတိုင်းမိနစ်တိုင်း ရှိချင်ပါတယ်။ ကျွန်တော်ဟာမိနစ် ၉၀ တောင်မဟုတ်ပါဘူး ၉၅ မိနစ်အထိကစားချင်သူပါ။ ဒီရာသီမှာ ပွဲစဉ်ဇယားတွေ တိုက်နေလို့ ကျွန်တော်ကစားချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ဆာလာဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် ၂၅ ပွဲကစားထားပြီး (၁၇) ဂိုးသွင်းကာ (၄) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။



