လော့ဖ်တပ်ချိခ်ကို ချဲလ်ဆီးအသင်းဆီ ပျော်ပျော်ကြီး ပြန်ခေါ်သွားမယ်လို့ ဆိုလိုက်တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်က သူဟာ လော့ဖ်တပ်ချိခ်ကို ဖူလ်ဟမ်အသင်းဆီကနေ ပျော်ပျော်ကြီး ပြန်ခေါ်ယူသွားမယ့်နည်းလမ်းကို ပြောသွားခဲ့ပါတယ်။ လော့ဖ်တပ်ချိခ်ဟာ ဒီနေ့ကစားမယ့် ချဲလ်ဆီး နဲ့ ဖူလ်ဟမ် ဒါဘီပွဲကို ချဲလ်ဆီးကနေ အငှားနဲ့ ပြောင်းကစားတာဖြစ်လို့ ဝင်ရောက်ကစားခွင့် မရှိဘူး ဖြစ်ပါတယ်။

လမ်းပတ်က “သူ့မှာ ရှိတဲ့ အရည်အသွေးတွေကို ကျွန်တော်သိပါတယ်။ သူဟာ ဒီလို အဆင့်မျိုးမှာပဲ ရာသီတစ်လျောက်လုံးကစားသွားပြီး ဒီလို အဆင့်အတန်းမျိုးနဲ့ အသင်းကို ပြန်လာမယ်ဆိုရင် ကျွန်တော်လည်း အရမ်းပျော်ရွှင်မှာပါ။ သူ့ကို အသင်းဆီကို ကျွန်တော် ပျော်ပျော်ကြီး ထည့်သွင်းသွားမှာ အသေအချာပါပဲ” လို့ ပြောသွားခဲ့ပါတယ်။ လော့ဖ်တပ်ချိခ် ဟာ ချဲလ်ဆီးအသင်းမှာ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေး သူ ဖြစ်ပါတယ်။


