စီးရီးအေကို ပြောင်းချင်နေတဲ့ ဂျီရူးကို အသင်းမှာ ဆက်ရှိရန် ကြိုးစားသွားမယ့် ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ရန် သတင်းထွက်နေတဲ့ တိုက်စစ်မှူး ဂျီရူးကို အသင်းမှာ ဆက်ရှိရန် ကြိုးစားသွားမယ်လို့ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် ကစားသမားရဲ့ စတန်းဖိုဒ့်ဘရစ်ချ် နဲ့ စာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး သူဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက်ဂိုးအများဆုံး သွင်းထားသော်လည်း ပုံမှန်ကစားခွင့် မရထားသူဖြစ်ပါတယ်။

သူဟာ ယခုအခါ ပရီးမီးယားလိဂ်က မဟုတ်တဲ့ အသင်းတွေနဲ့ အကြိုသဘောတူညီမှု ရယူလို့ ရနေပြီဖြစ်ပြီး ပီယာလိုရဲ့ ဂျူဗင်တပ်စ် အသင်းက သူ့ကို စိတ်ဝင်စားနေပေမယ့် ဂျီရူးဘက်ကတော့ (၆) လပဲ ကမ်းလှမ်းလို့ မပျော်မရွှင်ဖြစ်နေတယ်လို့ The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အာဆင်နယ်ကစားသမားဟောင်းက အနည်းဆုံး ၁၈ လ လောက် သဘောတူညီမှု ရချင်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဘက်ကလည်း အသင်းမှာ တီမိုဝါနာ နဲ့ အေဘရာဟမ်တို့ကို အလှည့်ကျသုံးနေတာဖြစ်လို့ ဂျီရူးကို ပွဲကစားချိန်ပေးရန် ခက်ခဲနေပါတယ်။ အခြားသတင်းတွေအရလည်း ဂျီရူးကတော့ ချဲလ်ဆီးမှာ ပုံမှန်ကစားခွင့် မရသော်လည်း လက်ရှိအနေအထားကို ကျေနပ်နေတယ်လို့ သိရပါတယ်။

စီးရီးေအကို ေျပာင္းခ်င္ေနတဲ့ ဂ်ီ႐ူးကို အသင္းမွာ ဆက္ရွိရန္ ႀကိဳးစားသြားမယ့္ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္းဆီ ေျပာင္းေရႊ႕ရန္ သတင္းထြက္ေနတဲ့ တိုက္စစ္မွဴး ဂ်ီ႐ူးကို အသင္းမွာ ဆက္ရွိရန္ ႀကိဳးစားသြားမယ္လို႔ သိရပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ ကစားသမားရဲ႕ စတန္းဖိုဒ့္ဘရစ္ခ်္ နဲ႔ စာခ်ဳပ္သက္တမ္းက ေႏြရာသီမွာ ကုန္ဆံုးမွာ ျဖစ္ၿပီး သူဟာ ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ဂိုးအမ်ားဆံုး သြင္းထားေသာ္လည္း ပံုမွန္ကစားခြင့္ မရထားသူျဖစ္ပါတယ္။

သူဟာ ယခုအခါ ပရီးမီးယားလိဂ္က မဟုတ္တဲ့ အသင္းေတြနဲ႔ အႀကိဳသေဘာတူညီမႈ ရယူလို႔ ရေနၿပီျဖစ္ၿပီး ပီယာလိုရ႕ဲ ဂ်ဴဗင္တပ္စ္ အသင္းက သူ႔ကို စိတ္၀င္စားေနေပမယ့္ ဂ်ီ႐ူးဘက္ကေတာ့ (၆) လပဲ ကမ္းလွမ္းလို႔ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ The Sun သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ အာဆင္နယ္ကစားသမားေဟာင္းက အနည္းဆံုး ၁၈ လ ေလာက္ သေဘာတူညီမႈ ရခ်င္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဘက္ကလည္း အသင္းမွာ တီမိုဝါနာ နဲ႔ ေအဘရာဟမ္တို႔ကို အလွည့္က်သံုးေနတာျဖစ္လို႔ ဂ်ီ႐ူးကို ပြဲကစားခ်ိန္ေပးရန္ ခက္ခဲေနပါတယ္။ အျခားသတင္းေတြအရလည္း ဂ်ီ႐ူးကေတာ့ ခ်ဲလ္ဆီးမွာ ပံုမွန္ကစားခြင့္ မရေသာ္လည္း လက္ရွိအေနအထားကို ေက်နပ္ေနတယ္လို႔ သိရပါတယ္။