လီဗာပူးအတွက် ပွဲတိုင်း၊ အချိန်တိုင်း ကစားချင်တယ်လို့ ပြောပြီး အပြောင်းအရွှေ့သတင်းတွေကို ပယ်ချခဲ့တဲ့ ဆာလက်


လီဗာပူးအသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆာလက်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့သတင်းတွေထွက်နေပေမယ့် ကစားသမားကတော့ အသင်းအတွက် ပွဲတိုင်း၊ အချိန်တိုင်းကစားချင်နေတယ်လို့ ပြောခဲ့ပြီး အပြောင်းအရွှေ့သတင်းတွေကို ပယ်ချသွားခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် ခြေစွမ်းပြနေတဲ့ ဆာလက်ကို စပိန်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စောင့်ကြည့်နေတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


beIN Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ ဆာလက်က “ ကျွန်တော်အနေနဲ့ အသင်းအတွက် မိနစ် ၉၀ အပြည့်ပဲ ကစားချင်တာမဟုတ်ပါဘူး။ တတ်နိုင်မယ်ဆိုရင် ၉၅ မိနစ်လောက်အထိကစားချင်ပါတယ်။ ကိုဗစ်ကြောင့် လက်ရှိ အခြေအနေကွဲပြားသွားတယ်ဆိုတာ ကို နားလည်ထားပြီး အသင်းမှာရှိတဲ့ ကစားသမားတိုင်းလည်း ကစားခွင့်ရချင်မှာကိုသိ ပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။


ဆက်လက်ပြီး ဆာလက်က အသင်းရဲ့နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်ခ်၊ ဂိုမက်ဇ်နဲ့ မာတစ်တို့ ဒဏ်ရာရနေချိန်မှာ ကွင်း လယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် ခံစစ်ကို ဆင်းကူပြီးကစားပေးနေတဲ့ ဖာဘင်ဟိုကို လူငယ်ကစားသမားတွေအနေနဲ့ အတုယူသင့်ကြောင်းနဲ့ နည်းပြရဲ့ကစားခိုင်းတဲ့နေရာမှာ အကောင်းဆုံးကစားနိုင်ဖို့ ပြင်ဆင်ထားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ လက်ရှိ အမှတ်ပေးဇယားမှာ ယူနိုက်တက်နဲ့ ၃ မှတ်ကွာဟနေပြီး အဆင့်-၂ နေရာမှာရှိ နေခဲ့တာ ဖြစ်ပါတယ်။

zawgyi version

လီဗာပူးအတြက္ ပြဲတိုင္း၊ အခ်ိန္တိုင္း ကစားခ်င္တယ္လို႔ ေျပာၿပီး အေျပာင္းအေရႊ႕သတင္းေတြကို ပယ္ခ်ခဲ့တဲ့ ဆာလက္
လီဗာပူးအသင္းရဲ႕ အဓိကတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဆာလက္အေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ေနေပမယ့္ ကစားသမားကေတာ့ အသင္းအတြက္ ပြဲတိုင္း၊ အခ်ိန္တိုင္းကစားခ်င္ေနတယ္လို႔ ေျပာခဲ့ၿပီး အေျပာင္းအေရႊ႕သတင္းေတြကို ပယ္ခ်သြားခဲ့ပါတယ္။ လီဗာပူးအသင္းအတြက္ ေျခစြမ္းျပေနတဲ့ ဆာလက္ကို စပိန္ထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ေစာင့္ၾကည့္ေနတယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
beIN Sports နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ ဆာလက္က “ ကၽြန္ေတာ္အေနနဲ႔ အသင္းအတြက္ မိနစ္ ၉၀ အျပည့္ပဲ ကစားခ်င္တာမဟုတ္ပါဘူး။ တတ္ႏိုင္မယ္ဆိုရင္ ၉၅ မိနစ္ေလာက္အထိကစားခ်င္ပါတယ္။ ကိုဗစ္ေၾကာင့္ လက္ရွိ အေျခအေနကြဲျပားသြားတယ္ဆိုတာ ကို နားလည္ထားၿပီး အသင္းမွာရွိတဲ့ ကစားသမားတိုင္းလည္း ကစားခြင့္ရခ်င္မွာကိုသိ ပါတယ္။” လို႔ ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး ဆာလက္က အသင္းရဲ႕ေနာက္ခံလူေတြျဖစ္တဲ့ ဗန္ဒိုက္ခ္၊ ဂိုမက္ဇ္နဲ႔ မာတစ္တို႔ ဒဏ္ရာရေနခ်ိန္မွာ ကြင္း လယ္ကစားသမားတစ္ဦးျဖစ္ေပမယ့္ ခံစစ္ကို ဆင္းကူၿပီးကစားေပးေနတဲ့ ဖာဘင္ဟိုကို လူငယ္ကစားသမားေတြအေနနဲ႔ အတုယူသင့္ေၾကာင္းနဲ႔ နည္းျပရဲ႕ကစားခိုင္းတဲ့ေနရာမွာ အေကာင္းဆံုးကစားႏိုင္ဖို႔ ျပင္ဆင္ထားသင့္ေၾကာင္း တိုက္တြန္း ေျပာၾကားခဲ့ပါတယ္။ လီဗာပူးဟာ လက္ရွိ အမွတ္ေပးဇယားမွာ ယူႏိုက္တက္နဲ႔ ၃ မွတ္ကြာဟေနၿပီး အဆင့္-၂ ေနရာမွာရွိ ေနခဲ့တာ ျဖစ္ပါတယ္။