ဂျိမ်းရိုဒရီဂွတ်ဇ်ကို တစ်ပြားမပေးဘဲ ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ အဲဗာတန်ဘောလုံးဒါရိုက်တာ မာကယ်ဘရန့် ပြောဆို

အဲဗာတန်အသင်းဘောလုံး ဒါရိုက်တာဖြစ်တဲ့ မာကယ်ဘရန့်က နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်က ဂျိမ်းရိုဒရီဂွတ်ဇ်ကို ခေါ်ယူခဲ့ရာမှာ ပြောင်းရွှေ့ကြေးအဖြစ် တစ်ပြားမှပေးခဲ့ရခြင်းမရှိကြောင်း ပြောခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီကစားသမားတစ် ယောက်ဖြစ်တဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကို ခေါ်ယူဖို့ ဥရောပထိပ်သီးကလပ်အသင်းကြီးတွေအဖြစ် ပရီးမီးယားလိဂ်က ယူနိုက်တက်၊ အာဆင်နယ်တို့လည်း စိတ်ဝင်စားခဲ့ကြတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


ရီးရဲလ်အသင်းမှာ ၆ နှစ်ကြာကစားခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းထံကို အဌားချခံခဲ့ရ တဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်အနေနဲ့ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ အတူလက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်း အန်ဆယ်လော့တီရှိ တဲ့ အဲဗာတန်အသင်းကို ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ဂျိမ်းရိုဒရီဂွတ်ဇ် အပြင် ကစားသမားကောင်းအချို့ရောက်လာ တဲ့ အဲဗာတန်ဟာ ရာသီအစပိုင်းတုန်းက ခြေစွမ်းကောင်းရခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။


သတင်းတွေရဲ့ဖော်ပြချက်အရ အဲဗာတန်အသင်းဟာ ဂျိမ်းရိုဒရီဂွတ်ဇ်ကိုခေါ်ယူဖို့ ပေါင် ၂၂ သန်းပေးခဲ့ရတယ်လို့ ဖော်ပြခဲ့ အပြီးမှာ မာကယ်ဘရန့်က “ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အပြီး အသင်းမှာ ကစားသမား ၂၇ အထိရှိခဲ့ပါတယ်။ နွေ ဈေးကွက်မှာ ကစားသမား ၆ ယောက်အထိခေါ်နိုင်ခဲ့ပြီး အဲ့အထဲမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ တစ်ယောက် ရှိပါတယ်။ အဲ့ဒီသူက ဂျိမ်းရိုဒရီဂွတ်ဇ် ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို တစ္ျပားမေပးဘဲ ေခၚယူႏိုင္ခဲ့တာျဖစ္တယ္လို႔ အဲဗာတန္ေဘာလံုးဒါ႐ိုက္တာ မာကယ္ဘရန္႔ ေျပာဆို
အဲဗာတန္အသင္းေဘာလံုး ဒါ႐ိုက္တာျဖစ္တဲ့ မာကယ္ဘရန္႔က ေႏြရာသီအေျပာင္းအေရႊ႕မွာ ရီးရဲလ္က ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေခၚယူခဲ့ရာမွာ ေျပာင္းေရႊ႕ေၾကးအျဖစ္ တစ္ျပားမွေပးခဲ့ရျခင္းမရွိေၾကာင္း ေျပာခဲ့ပါတယ္။ ကမ႓ာ့အဆင့္မီကစားသမားတစ္ ေယာက္ျဖစ္တဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေခၚယူဖို႔ ဥေရာပထိပ္သီးကလပ္အသင္းႀကီးေတြအျဖစ္ ပရီးမီးယားလိဂ္က ယူႏိုက္တက္၊ အာဆင္နယ္တို႔လည္း စိတ္ဝင္စားခဲ့ၾကတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ရီးရဲလ္အသင္းမွာ ၆ ႏွစ္ၾကာကစားခဲ့ေပမယ့္ ပံုမွန္ပြဲထြက္ခြင့္ေပ်ာက္ဆံုးခဲ့သလို ဘိုင္ယန္ျမဴးနစ္အသင္းထံကို အဌားခ်ခံခဲ့ရ တဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္အေနနဲ႔ ရီးရဲလ္၊ ဘိုင္ယန္ျမဴးနစ္အသင္းေတြမွာ အတူလက္တြဲခဲ့ဖူးတဲ့ ဆရာေဟာင္း အန္ဆယ္ေလာ့တီရွိ တဲ့ အဲဗာတန္အသင္းကို ေျပာင္းေရႊ႕လာခဲ့တာပဲ ျဖစ္ပါတယ္။ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ အျပင္ ကစားသမားေကာင္းအခ်ိဳ႕ေရာက္လာ တဲ့ အဲဗာတန္ဟာ ရာသီအစပိုင္းတုန္းက ေျခစြမ္းေကာင္းရခဲ့ၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္တဲ့အထိ ျဖစ္ခဲ့ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အဲဗာတန္အသင္းဟာ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကိုေခၚယူဖို႔ ေပါင္ ၂၂ သန္းေပးခဲ့ရတယ္လို႔ ေဖာ္ျပခဲ့ အၿပီးမွာ မာကယ္ဘရန္႔က “ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အၿပီး အသင္းမွာ ကစားသမား ၂၇ အထိရွိခဲ့ပါတယ္။ ေႏြ ေစ်းကြက္မွာ ကစားသမား ၆ ေယာက္အထိေခၚႏိုင္ခဲ့ၿပီး အဲ့အထဲမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာ တစ္ေယာက္ ရွိပါတယ္။ အဲ့ဒီသူက ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ ပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။