ယူနိုက်တက်က ဘယ်တော့မှ ဖျက်မြင်းအဆင့်မှာပဲ ရှိနေခဲ့တဲ့အသင်းမဟုတ်ဘူးလို့ ပြန်တုံ့ပြန်လိုက်တဲ့ ကလော့ပ်


ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းရဲ့နည်းပြ ကလော့ပ်က နောက်ပိုင်းနှစ်တွေမှာ ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီ ယံဆုနဲ့ ဝေးကွာနေရတယ်ဆိုပေမယ့် ဖျက်မြင်းအဆင့်မှာပဲ ရှိနေခဲ့တာမဟုတ်ဘဲ ကံမကောင်းခဲ့လို့သာ ချန်ပီယံဆုကိုမရခဲ့ တာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားကို ယူနိုက်တက်က ၃ မှတ်အသာနဲ့ ဦးဆောင်တာ ကြောင့် ဒီတစ်ပတ်ကစားမယ့် ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်မှာ လီဗာပူးအနေနဲ့ အနိုင်ရအောင်ကစားဖို့ လိုအပ်နေတာပဲ ဖြစ်ပါ တယ်။


သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက “ ယူနိုက်တက်က စိန်ခေါ် သူလို့ ဆိုရမှာဖြစ်ပြီး လီဗာပူးက လက်ရှိချန်ပီယံပါ။ အဝေးကွင်းမှာ ကျွန်တော်တို့အနိုင်ရခဲ့မယ်ဆိုရင် မထင်မှတ်ထားတဲ့ အံ အားသင့်မှုတစ်ခုလို့ ဆိုရမှာပါ။” လို့ ပြောသွားခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ပြောဆိုမှုနဲ့ ပတ်သက်ပြီး ကလော့ပ်က “ ကျွန်တော် အနေနဲ့ လီဗာပူးကို ရောက်တာ ၅ နှစ်ရှိပါပြီ။ ဒီနှစ်တွေမှာ ယူနိုက်တက်က ဖျက်မြင်းအဆင့်ပဲရှိတဲ့အသင်းမျိုးမဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။


ဆက်လက်ပြီး ကလော့ပ်က “ အခုလက်ရှိရောက်နေတဲ့နေရာက ကျွန်တော်တို့ လိုချင်တဲ့နေရာမဟုတ်ပါဘူး။ ကျွန်တော်တို့ အမှားလုပ်ခဲ့လို့ အခုလိုနေရာရောက်နေတာပါ။ ယူနိုက်တက်နဲ့ ကစားမယ့်ပွဲအတွက် အာရုံစိုက်ထားတယ်ဆိုတာ ရိုးရိုးသား သား ဝန်ခံပါတယ်။ ဒီပွဲမှာ လီဗာပူးအနေနဲ့ ရှုံးသွားခဲ့မယ်ဆိုရင် ၆ မှတ်အထိကွာဟသွားမှာဖြစ်သလို ချန်ပီယံဆုကို ကာ ကွယ်နိုင်ဖို့လည်း ခက်ခဲသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္က ဘယ္ေတာ့မွ ဖ်က္ျမင္းအဆင့္မွာပဲ ရွိေနခဲ့တဲ့အသင္းမဟုတ္ဘူးလို႔ ျပန္တံု႔ျပန္လိုက္တဲ့ ကေလာ့ပ္
ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအသင္းရဲ႕နည္းျပ ကေလာ့ပ္က ေနာက္ပိုင္းႏွစ္ေတြမွာ ယူႏိုက္တက္အသင္းအေနနဲ႔ ခ်န္ပီ ယံဆုနဲ႔ ေဝးကြာေနရတယ္ဆိုေပမယ့္ ဖ်က္ျမင္းအဆင့္မွာပဲ ရွိေနခဲ့တာမဟုတ္ဘဲ ကံမေကာင္းခဲ့လို႔သာ ခ်န္ပီယံဆုကိုမရခဲ့ တာ ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ လက္ရွိမွာ အမွတ္ေပးဇယားကို ယူႏိုက္တက္က ၃ မွတ္အသာနဲ႔ ဦးေဆာင္တာ ေၾကာင့္ ဒီတစ္ပတ္ကစားမယ့္ ထိပ္တိုက္ေတြ႕ဆံုတဲ့ပြဲစဥ္မွာ လီဗာပူးအေနနဲ႔ အႏိုင္ရေအာင္ကစားဖို႔ လိုအပ္ေနတာပဲ ျဖစ္ပါ တယ္။
ေသာၾကာေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက “ ယူႏိုက္တက္က စိန္ေခၚ သူလို႔ ဆိုရမွာျဖစ္ၿပီး လီဗာပူးက လက္ရွိခ်န္ပီယံပါ။ အေဝးကြင္းမွာ ကၽြန္ေတာ္တို႔အႏိုင္ရခဲ့မယ္ဆိုရင္ မထင္မွတ္ထားတဲ့ အံ အားသင့္မႈတစ္ခုလို႔ ဆိုရမွာပါ။” လို႔ ေျပာသြားခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕ေျပာဆိုမႈနဲ႔ ပတ္သက္ၿပီး ကေလာ့ပ္က “ ကၽြန္ေတာ္ အေနနဲ႔ လီဗာပူးကို ေရာက္တာ ၅ ႏွစ္ရွိပါၿပီ။ ဒီႏွစ္ေတြမွာ ယူႏိုက္တက္က ဖ်က္ျမင္းအဆင့္ပဲရွိတဲ့အသင္းမ်ိဳးမဟုတ္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး ကေလာ့ပ္က “ အခုလက္ရွိေရာက္ေနတဲ့ေနရာက ကၽြန္ေတာ္တို႔ လိုခ်င္တဲ့ေနရာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ အမွားလုပ္ခဲ့လို႔ အခုလိုေနရာေရာက္ေနတာပါ။ ယူႏိုက္တက္နဲ႔ ကစားမယ့္ပြဲအတြက္ အာရံုစိုက္ထားတယ္ဆိုတာ ႐ိုး႐ိုးသား သား ဝန္ခံပါတယ္။ ဒီပြဲမွာ လီဗာပူးအေနနဲ႔ ရႈံးသြားခဲ့မယ္ဆိုရင္ ၆ မွတ္အထိကြာဟသြားမွာျဖစ္သလို ခ်န္ပီယံဆုကို ကာ ကြယ္ႏိုင္ဖို႔လည္း ခက္ခဲသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။