လီဗာပူးကို အမှတ်ပေးချန်ပီယံ အကြိမ် ၂၀ ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ သတိပေးခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်


ယူနိုက်တက်အသင်းကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ရဖို့ ရှိ နေပေမယ့် ယူနိုက်တက်အသင်းရရှိထားတဲ့ အမှတ်ပေးချန်ပီယံ အကြိမ် ၂၀ ကိုတော့ လိုက်မီအောင် ဖြစ်ခွင့်ပေးမှာမဟုတ် ဘူးလို့ သတိပေးခဲ့ပါတယ်။ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ ဆုံနေတာဖြစ်ပြီး လက်ရှိမှာ ယူနိုက်တက်က လက်ရှိချန်ပီယံလီဗာပူးကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်တာ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ဒီရာသီအဝေးကွင်းပွဲစဉ် ၈ ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိခဲ့ဘဲ ၇ ပွဲနိုင် ၁ပွဲသရေကျခဲ့တာကြောင့် လီဗာပူးရဲ့ အန်ဖီးလ်ကွင်းမှာ ကစားရမယ့်ပွဲစဉ်မှာလည်း ရလဒ်ကောင်းရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့ တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး တစ်နှစ်အတွင်း မှာပဲ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်အထိရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ဖာနန်ဒက်စ်က “ ကိုယ်ရဲ့ပြိုင်ဘက်ကို ကိုယ်နဲ့ အဆင့်အတန်းတူတဲ့အနေအထားမျိုးနဲ့ မယှဉ်ပြိုင်ချင်ပါဘူး။ ဒါက အသင်း ကို အားပေးတဲ့ပရိသတ်တွေအတွက် ရည်ရွယ်ပြီးပြောဆိုတာပါ။ တကယ်လို့ ဒီနှစ်မှာ ယူနိုက်တက်က ချန်ပီယံဖြစ်ခဲ့မယ် ဆိုရင် ၂၁ ကြိမ်မြောက်ချန်ပီယံဖြစ်တာဖြစ်ပြီး လီဗာပူးက ချန်ပီယံဖြစ်မယ်ဆိုရင် ၁၉ ကြိမ်မြောက် ချန်ပီယံဖြစ်တာပါ။ ဒါပေ မယ့် သူတို့ ဒီနှစ်ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ နောက်နှစ်မှာ ယူနိုက်တက်ရဲ့ စံချိန်ကိုမမီဖို့အတွက် တားဆီးသွားဖို့ အားလုံး မှာ တာဝန်ရှိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

လီဗာပူးကို အမွတ္ေပးခ်န္ပီယံ အႀကိမ္ ၂၀ ျဖစ္ခြင့္ေပးမွာ မဟုတ္ဘူးလို႔ သတိေပးခဲ့တဲ့ ကြင္းလယ္လူ ဖာနန္ဒက္စ္
ယူႏိုက္တက္အသင္းကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ လီဗာပူးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ရဖို႔ ရွိ ေနေပမယ့္ ယူႏိုက္တက္အသင္းရရွိထားတဲ့ အမွတ္ေပးခ်န္ပီယံ အႀကိမ္ ၂၀ ကိုေတာ့ လိုက္မီေအာင္ ျဖစ္ခြင့္ေပးမွာမဟုတ္ ဘူးလို႔ သတိေပးခဲ့ပါတယ္။ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ဟာ ဒီတစ္ပတ္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ထိပ္တိုက္ေတြ႕ ဆံုေနတာျဖစ္ၿပီး လက္ရွိမွာ ယူႏိုက္တက္က လက္ရွိခ်န္ပီယံလီဗာပူးကို ၃ မွတ္ျဖတ္ၿပီး ဦးေဆာင္ထားႏိုင္တာ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ဒီရာသီအေဝးကြင္းပြဲစဥ္ ၈ ပြဲကစားၿပီးခ်ိန္မွာ ရႈံးပြဲမရွိခဲ့ဘဲ ၇ ပြဲႏိုင္ ၁ပြဲသေရက်ခဲ့တာေၾကာင့္ လီဗာပူးရဲ႕ အန္ဖီးလ္ကြင္းမွာ ကစားရမယ့္ပြဲစဥ္မွာလည္း ရလဒ္ေကာင္းရဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့ တဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက စပို႔တင္းလစၥဘြန္းကေန ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး တစ္ႏွစ္အတြင္း မွာပဲ ပရီးမီးယားလိဂ္ရဲ႕ တစ္လတာအေကာင္းဆံုးကစားသမားဆုကို ၄ ႀကိမ္အထိရရွိခဲ့သူလည္း ျဖစ္ပါတယ္။
ဖာနန္ဒက္စ္က “ ကိုယ္ရဲ႕ၿပိဳင္ဘက္ကို ကိုယ္နဲ႔ အဆင့္အတန္းတူတဲ့အေနအထားမ်ိဳးနဲ႔ မယွဥ္ၿပိဳင္ခ်င္ပါဘူး။ ဒါက အသင္း ကို အားေပးတဲ့ပရိသတ္ေတြအတြက္ ရည္ရြယ္ၿပီးေျပာဆိုတာပါ။ တကယ္လို႔ ဒီႏွစ္မွာ ယူႏိုက္တက္က ခ်န္ပီယံျဖစ္ခဲ့မယ္ ဆိုရင္ ၂၁ ႀကိမ္ေျမာက္ခ်န္ပီယံျဖစ္တာျဖစ္ၿပီး လီဗာပူးက ခ်န္ပီယံျဖစ္မယ္ဆိုရင္ ၁၉ ႀကိမ္ေျမာက္ ခ်န္ပီယံျဖစ္တာပါ။ ဒါေပ မယ့္ သူတို႔ ဒီႏွစ္ခ်န္ပီယံျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ေနာက္ႏွစ္မွာ ယူႏိုက္တက္ရဲ႕ စံခ်ိန္ကိုမမီဖို႔အတြက္ တားဆီးသြားဖို႔ အားလံုး မွာ တာဝန္ရွိပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။