တီယာနေး မပါရင် အာဆင်နယ်အသင်း ဘာမှမလုပ်တတ်တော့ဘူးလို့ ဝေဖန်လိုက်တဲ့ ကစားသမားဟောင်းကြီးအီယန်ရိုက်

အီယန်ရိုက်က အာဆင်နယ်အသင်းဟာ တီယာနေးကို အရမ်းအားကိုးလွန်းနေတာက အကြီးမားဆုံး ကျဆုံးမှုပဲ လို့ ယုံကြည်ထားပါတယ်။ စကိုင်းစပေါ့မှာ ဘောလုံးအားကစားတင်ဆက်သူအဖြစ် လုပ်ကိုင်နေသူက အာဆင်နယ်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲက ဦးတည်ချက်ပျောက်နေတဲ့ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အသက်၂၃ နှစ်အရွယ်ကစားသမား တီယာနေးဟာ ကြာသပတေးနေ့က ဂိုးမရှိ သရေကျခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ တီယာနေးဟာ ပွဲမကစားခင် (၂) နာရီအလိုမှာ ကြွက်သားဒဏ်ရာကြောင့် လူစာရင်းကနေ နှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ သူ့ကို သောကြာနေ့မှ စစ်ဆေးမှုတွေ လုပ်ပြီး တနလာၤနေ့ နယူးကာဆယ်အသင်းနဲ့ ပွဲကို ပါဝင်ကစားမလားဆိုတာ စောင့်ကြည့်နေပါတယ်။

တီယာနေးမပါနိုင်ပါက အီယန်ရိုက်က အာဆင်နယ်အသင်းဟာ ဦးတည်ချက်ပျောက်နေတဲ့ နောက်ထပ် ပွဲတစ်ပွဲ ဖြစ်မှာကို စိုးရိမ်နေတာဖြစ်ပါတယ်။သူ့က အာဆင်နယ်အသင်းအနေနဲ့ တီယာနေး ဒဏ်ရာရနေချိန်မှာ အခြားသောနေရာကနေ ဖန်တီးမှုတွေ ရှာဖွေရမယ်လို့ ပြောသွားခဲ့ပါတယ်။

“ ကစားသမားတစ်ယောက်က ဒီလို ပြောင်းလဲမှုကို လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အနည်းငယ် စိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူအသင်းမှာ မပါနိုင်ရင် ကစားပုံ မရှိတော့ပါဘူး။ ကျွန်တော်တို့ဟာ တီယာနေးရဲ့ အတက်အဆင်း ကစားပုံကို ပြောနေတာဖြစ်ပါတယ်။ သူဟာ မိနစ် (၉၀) ပြည့်စလုံး မရပ်မနား ကစားနေသူပါ””လို့ အီယန်ရိုက်က ပြောခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် (၁၁) နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က ယူနိုက်တက်အသင်းနဲ့ (၁၂) မှတ်ကွာဟနေပါတယ်။

တီယာေနး မပါရင္ အာဆင္နယ္အသင္း ဘာမွမလုပ္တတ္ေတာ့ဘူးလို႔ ေ၀ဖန္လိုက္တဲ့ ကစားသမားေဟာင္းႀကီးအီယန္႐ိုက္

အီယန္႐ိုက္က အာဆင္နယ္အသင္းဟာ တီယာေနးကို အရမ္းအားကိုးလြန္းေနတာက အႀကီးမားဆံုး က်ဆံုးမႈပဲ လို႔ ယံုၾကည္ထားပါတယ္။ စကိုင္းစေပါ့မွာ ေဘာလံုးအားကစားတင္ဆက္သူအျဖစ္ လုပ္ကိုင္ေနသူက အာဆင္နယ္အသင္းနဲ႔ ခရစၥတယ္ပဲေလ့စ္ပြဲက ဦးတည္ခ်က္ေပ်ာက္ေနတဲ့ အာဆင္နယ္အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။ အသက္၂၃ ႏွစ္အရြယ္ကစားသမား တီယာေနးဟာ ၾကာသပေတးေန႔က ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။

တီယာေနးဟာ ပြဲမကစားခင္ (၂) နာရီအလိုမွာ ႂကြက္သားဒဏ္ရာေၾကာင့္ လူစာရင္းကေန ႏႈတ္ထြက္သြားခဲ့တာျဖစ္ပါတယ္။ သူ႔ကို ေသာၾကာေန႔မွ စစ္ေဆးမႈေတြ လုပ္ၿပီး တနလာၤေန႔ နယူးကာဆယ္အသင္းနဲ႔ ပြဲကို ပါ၀င္ကစားမလားဆိုတာ ေစာင့္ၾကည့္ေနပါတယ္။

တီယာေနးမပါႏိုင္ပါက အီယန္႐ိုက္က အာဆင္နယ္အသင္းဟာ ဦးတည္ခ်က္ေပ်ာက္ေနတဲ့ ေနာက္ထပ္ ပြဲတစ္ပြဲ ျဖစ္မွာကို စိုးရိမ္ေနတာျဖစ္ပါတယ္။သူ႔က အာဆင္နယ္အသင္းအေနနဲ႔ တီယာေနး ဒဏ္ရာရေနခ်ိန္မွာ အျခားေသာေနရာကေန ဖန္တီးမႈေတြ ရွာေဖြရမယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ ကစားသမားတစ္ေယာက္က ဒီလို ေျပာင္းလဲမႈကို လုပ္ႏိုင္ပါတယ္။ ကၽြန္ေတာ္ကေတာ့ အနည္းငယ္ စိုးရိမ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူအသင္းမွာ မပါႏိုင္ရင္ ကစားပံု မရွိေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ဟာ တီယာေနးရဲ႕ အတက္အဆင္း ကစားပံုကို ေျပာေနတာျဖစ္ပါတယ္။ သူဟာ မိနစ္ (၉၀) ျပည့္စလံုး မရပ္မနား ကစားေနသူပါ””လို႔ အီယန္႐ိုက္က ေျပာခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ လက္ရွိမွာ အမွတ္ေပးဇယား အဆင့္ (၁၁) ေနရာမွာ ရပ္တည္ေနၿပီး ဇယားထိပ္က ယူႏိုက္တက္အသင္းနဲ႔ (၁၂) မွတ္ကြာဟေနပါတယ္။