ချဲလ်ဆီးနောက်ခံလူ တိုမိုရီကို ခေါ်ယူရန် စတင်ခြေလှမ်းလိုက်တဲ့ အေစီမီလန်အသင်း

အေစီမီလန်အသင်းဟာ ချဲလ်ဆီးအသင်းနောက်ခံလူ တိုမိုရီကို အငှားနဲ့ ခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်ပါတယ်။ အီတလီကလပ်အသင်းဟာ စထရာဘော့ဂ်အသင်းက ဆီမက်ကန်ကို ခေါ်ယူချင်ခဲ့ပေမယ့် အသက် ၂၀ အရွယ်ကစားသမားဟာ လိုက်ပ်ဇစ်အသင်းဆီကို ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုမိုရီကို အင်္ဂလန်ကလပ် နယူးကာဆယ်အသင်းနဲ့ လာလီဂါ ကလည်း စိတ်ဝင်စားနေပေမယ့် အီတလီကို ပြောင်းတာက သူ့အတွက် ပိုကောင်းတဲ့ အပြောင်းအရွှေ့ ဖြစ်မယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ သူ့ကို အစပိုင်းမှာ အငှားနဲ့ ခေါ်ယူပြီးမှ ပေါင် ၂၇ သန်းနဲ့ အပြီးဝယ်ယူရန် ဆွေးနွေးနေပါတယ်။

ချဲလ်ဆီးအသင်းကလည်း ဗဟိုနောက်ခံလူ အသစ်တစ်ယောက်ခေါ်ယူလိုနေသော်လည်း လမ်းပတ်ကတော့ တိုမိုရီကို အလားအလာရှိတယ်လို့ ယုံကြည်ခဲ့ပေမယ့် သူဟာ ဒီရာသီမှာ (၄) ပွဲသာ ပွဲကစားခွင့် ရထားပြီး အတွေ့အကြုံ လိုအပ်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရူဒီဂါ နဲ့ ခရစ္စတန်ဆန်တို့အတွက်လည်း ကမ်းလှမ်းမှုတွေကို နားစွင့်နေတယ်လို့ သိရပါတယ်။



