ဝုလ်ဗ်အသင်းရဲ့ ဂိုးသွင်းစွမ်းရည် တိုးတက်ဖို့ လိုအပ်နေတယ်လို့ ဆိုလိုက်တဲ့ ရူဘင်နီဗက်စ်

ဝုလ်ဗ်အသင်းရဲ့ ကွင်းလယ်လူ ရူဘင်နီဗက်စ်က အသင်းရဲ့ တိုက်စစ်ပိုင်းဟာ စွမ်းဆောင်ရည် ကျဆင်းနေတယ်လို့ ထင်နေပါတယ်။ အသင်းပရိသတ်တွေကတော့ အင်္ဂါနေ့က အဲဗာတန်အသင်းကို (၂-၁) နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခံစစ်ကစားပုံ အားနည်းနေတယ်လို့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ရူဘင်နီဗက်စ်ကတော့ အသင်းရဲ့ အဓိက ပြဿနာက တိုက်စစ်က ဂိုးမသွင်းနိုင်တာလို့ ယုံကြည်ထားပါတယ်။

“ဒါက ကျွန်တော့်အလုပ်ပါ။ ကျွန်တော်ဟာ အမြဲတမ်းအကောင်းဆုံးဖြစ်ဖို့ကိုပဲ ကြိုးစားလေ့ရှိပါတယ်။ ကျွန်တော်ဟာ တစ်ဂိုးပဲ သွင်းထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ပွဲအတွင်းက ရမှတ်တွေ မယူနိုင်သမျှတော့ ဒါက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့ ရလဒ်တွေ နဲ့ ပတ်သက်ပြီး ကျွန်တော်တစ်ကယ် စိတ်ပျက်မိပါတယ်။

အနည်းဆုံး သရေတေ့ာ ရသင့်ပါတယ်။ သူတို့ဟာ ဒုတိယပိုင်းမှာ တစ်ခါပဲ ရတဲ့ အခွင့်အရေးကနေ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဂိုးတွေ အများကြီး သွင်းဖို့ တိုးတက်ရပါမယ်။ ဒါက အခုအချိန်မှာ ကျွန်တော်တွေးမိတဲ့ ကွာခြားချက်ပဲ ဖြစ်တယ်” လို့ ရူဘင်နီဗက်က ပြောသွားခဲ့တာဖြစ်ပါတယ်။

ဝုလ္ဗ္အသင္းရဲ႕ ဂိုးသြင္းစြမ္းရည္ တိုးတက္ဖို႔ လိုအပ္ေနတယ္လို႔ ဆိုလိုက္တဲ့ ႐ူဘင္နီဗက္စ္

ဝုလ္ဗ္အသင္းရဲ႕ ကြင္းလယ္လူ ႐ူဘင္နီဗက္စ္က အသင္းရဲ႕ တိုက္စစ္ပိုင္းဟာ စြမ္းေဆာင္ရည္ က်ဆင္းေနတယ္လို႔ ထင္ေနပါတယ္။ အသင္းပရိသတ္ေတြကေတာ့ အဂၤါေန႔က အဲဗာတန္အသင္းကို (၂-၁) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ခံစစ္ကစားပံု အားနည္းေနတယ္လို႔ ေ၀ဖန္ေနၾကတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ႐ူဘင္နီဗက္စ္ကေတာ့ အသင္းရဲ႕ အဓိက ျပႆနာက တိုက္စစ္က ဂိုးမသြင္းႏိုင္တာလို႔ ယံုၾကည္ထားပါတယ္။

“ဒါက ကၽြန္ေတာ့္အလုပ္ပါ။ ကၽြန္ေတာ္ဟာ အၿမဲတမ္းအေကာင္းဆံုးျဖစ္ဖို႔ကိုပဲ ႀကိဳးစားေလ့ရွိပါတယ္။ ကၽြန္ေတာ္ဟာ တစ္ဂိုးပဲ သြင္းထားခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔အေနနဲ႔ ပြဲအတြင္းက ရမွတ္ေတြ မယူႏိုင္သမွ်ေတာ့ ဒါက ျပႆနာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ရလဒ္ေတြ နဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တစ္ကယ္ စိတ္ပ်က္မိပါတယ္။

အနည္းဆံုး သေရေတ့ာ ရသင့္ပါတယ္။ သူတို႔ဟာ ဒုတိယပိုင္းမွာ တစ္ခါပဲ ရတဲ့ အခြင့္အေရးကေန ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဂိုးေတြ အမ်ားႀကီး သြင္းဖို႔ တိုးတက္ရပါမယ္။ ဒါက အခုအခ်ိန္မွာ ကၽြန္ေတာ္ေတြးမိတဲ့ ကြာျခားခ်က္ပဲ ျဖစ္တယ္” လို႔ ႐ူဘင္နီဗက္က ေျပာသြားခဲ့တာျဖစ္ပါတယ္။