ဒါဘီကောင်တီ အသင်းရဲ့ အမြဲတမ်းနည်းပြတရားဝင်ဖြစ်သွားတဲ့ ဝိန်းရွန်းနီ ဘောလုံးသမားဘဝကနေ အနားယူပြီး

ရွန်းနီဟာ ဒါဘီကောင်တီအသင်းရဲ့ နည်းပြအဖြစ် အမြဲတမ်းစာချုပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ရွန်းနီဟာ (၂) နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပြီး သူတို့အသင်းဟာ လက်ရှိ ချန်ပီယံရှစ် တန်းဆင်းဇုန်မှာ ဖြစ်ပါတယ်။ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံလိုက်ရတဲ့ ရွန်းနီဟာ ကစားသမားဘဝကနေလည်း ရုတ်တရက် အနားယူလိုက်ပြီလို့ ဆုံးဖြတ်လိုက်ပါတယ။်

ရွန်းနီဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စံချိန်တင် ဂိုးအများဆုးံသွင်းထားသူတစ်ယောက်ဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့လည်း ဆုဖလားတွေ အကုန်နီးပါး သိမ်းပိုက်နိုင်ခဲ့သ ူဖြစ်ပါတယ်။ အဲဗာတန်အသင်းနဲ့ အသက် ၁၇ နှစ်အရွယ်မှာပဲ ပွဲထွက်လာပြီးနောက် ကလပ်အသင်းနဲ့ နိုင်ငံအတွက် သူ့ မျိုးဆက်တွေထဲက အကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်။

သူဟာ အင်္ဂလန်အသင်းအတွက် ယူရို ၂၀၀၄ ခုနှစ်မှာ တောက်ပလာခဲ့ပြီးနောက် ယူနိုက်တက်အသင်းဆီကို အသက် ၁၈ နှစ်မှာ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာလည်း (၁၃) ရာသီလောက်ကစားခဲ့ပြီး ပွဲပေါင်း (၅၅၉) ပွဲကစားခဲ့ကာ (၂၅၃) ဂိုးသွင်းပြီး အသင်းရဲ့ စံချိန်တင်ဂိုးသမား ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလား (၅) ကြိမ် ၊ အက်ဖ်အေဖလား ၊ လိဂ်ဖလား (၃) ကြိမ်၊ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် ပွဲ (၁၂၀) ကစားခဲ့ပြီး (၅၃) ဂိုး သွင်းခဲ့ပေမယ့် ရွန်းနီဟာ အောင်မြင်မှု ဆုဖလားတော့ မရခဲ့ပါဘူး။ မနှစ်ကမှ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကနေ ဒါဘီအသင်းဆီ ကစားသမားနည်းပြအဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။

သို့သော်လည်း နိုဝင်ဘာလက နည်းပြ ဖီးလစ်ကိုကူ အထုတ်ခံရပြီးနောက် ရွန်းနီဟာ ယာယီနည်းပြ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက် (၉) ပွဲကစားပြီး (၇) ပွဲ ရှုံးပွဲမရှိခဲ့လို့ ဒါဘီဘုတ်အဖွဲ့က ရွန်းနီက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်တာဖြစ်ပြီး သူကလည်း ကစားသမားဘဝကနေ အနားယူလိုက်တာပဲဖြစ်ပါတယ်။

ဒါဘီေကာင္တီ အသင္းရဲ႕  အၿမဲတမ္းနည္းျပတရား၀င္ျဖစ္သြားတဲ့ ဝိန္းရြန္းနီ ေဘာလံုးသမားဘ၀ကေန အနားယူၿပီး

ရြန္းနီဟာ ဒါဘီေကာင္တီအသင္းရဲ႕ နည္းျပအျဖစ္ အၿမဲတမ္းစာခ်ဳပ္ကို ခ်ဳပ္ဆိုလိုက္ၿပီ ျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ ရြန္းနီဟာ (၂) ႏွစ္ခြဲ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး သူတို႔အသင္းဟာ လက္ရွိ ခ်န္ပီယံရွစ္ တန္းဆင္းဇုန္မွာ ျဖစ္ပါတယ္။ အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ျခင္းခံလိုက္ရတဲ့ ရြန္းနီဟာ ကစားသမားဘ၀ကေနလည္း ႐ုတ္တရက္ အနားယူလိုက္ၿပီလို႔ ဆံုးျဖတ္လိုက္ပါတယ။္

ရြန္းနီဟာ အဂၤလန္လက္ေရြးစင္အသင္းအတြက္ စံခ်ိန္တင္ ဂိုးအမ်ားဆုးံသြင္းထားသူတစ္ေယာက္ျဖစ္ၿပီး ယူႏိုက္တက္အသင္းနဲ႔လည္း ဆုဖလားေတြ အကုန္နီးပါး သိမ္းပိုက္ႏိုင္ခဲ့သ ူျဖစ္ပါတယ္။ အဲဗာတန္အသင္းနဲ႔ အသက္ ၁၇ ႏွစ္အရြယ္မွာပဲ ပြဲထြက္လာၿပီးေနာက္ ကလပ္အသင္းနဲ႔ ႏိုင္ငံအတြက္ သူ႔ မ်ိဳးဆက္ေတြထဲက အေကာင္းဆံုး ကစားသမား တစ္ေယာက္ျဖစ္ခဲ့ပါတယ္။

သူဟာ အဂၤလန္အသင္းအတြက္ ယူ႐ို ၂၀၀၄ ခုႏွစ္မွာ ေတာက္ပလာခဲ့ၿပီးေနာက္ ယူႏိုက္တက္အသင္းဆီကို အသက္ ၁၈ ႏွစ္မွာ ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းမွာလည္း (၁၃) ရာသီေလာက္ကစားခဲ့ၿပီး ပြဲေပါင္း (၅၅၉) ပြဲကစားခဲ့ကာ (၂၅၃) ဂိုးသြင္းၿပီး အသင္းရဲ႕ စံခ်ိန္တင္ဂိုးသမား ျဖစ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဖလား (၅) ႀကိမ္ ၊ အက္ဖ္ေအဖလား ၊ လိဂ္ဖလား (၃) ႀကိမ္၊ ခ်န္ပီယံလိဂ္ နဲ႔ ယူ႐ိုပါလိဂ္ဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အဂၤလန္အသင္းအတြက္ ပြဲ (၁၂၀) ကစားခဲ့ၿပီး (၅၃) ဂိုး သြင္းခဲ့ေပမယ့္ ရြန္းနီဟာ ေအာင္ျမင္မႈ ဆုဖလားေတာ့ မရခဲ့ပါဘူး။ မႏွစ္ကမွ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္ကေန ဒါဘီအသင္းဆီ ကစားသမားနည္းျပအျဖစ္ ေျပာင္းေရႊ႕ခဲ့ပါတယ္။

သို႔ေသာ္လည္း ႏို၀င္ဘာလက နည္းျပ ဖီးလစ္ကိုကူ အထုတ္ခံရၿပီးေနာက္ ရြန္းနီဟာ ယာယီနည္းျပ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္ (၉) ပြဲကစားၿပီး (၇) ပြဲ ရႈံးပြဲမရွိခဲ့လို႔ ဒါဘီဘုတ္အဖြဲ႕က ရြန္းနီက အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္လိုက္တာျဖစ္ၿပီး သူကလည္း ကစားသမားဘ၀ကေန အနားယူလိုက္တာပဲျဖစ္ပါတယ္။