ဂါရတ်ဘေးလ်ကို နောက်တစ်နှစ် ထပ်ငှားရန် အစီအစဉ်မရှိတဲ့ စပါးအသင်း

စပါးအသင်းဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကို အသင်းမှာ နောက်ထပ် တစ်နှစ်အငှားနဲ့ ခေါ်ယူထားရန် အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ဘာနေဗျူးမှာ အခွင့်အရေးတွေ ပျောက်ဆုံးခဲ့တဲ့ ဝေးလ်လက်ရွေးစင်ကစားသမားဟာ အသင်းဟောင်း စပါးဆီကို ၂၀၂၀-၂၁ ဘောလုံးရာသီက အငှားနဲ့ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၈) ပွဲ ပွဲထွက် ပါဝင်ကစားခဲ့ထားပြီး (၃) ပွဲ လူစားဝင်ရောက်ကစားပေးထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲက တနင်္ဂနွေနေ့က အက်ဖ်အေဖလားပွဲမှာ မာရင်းနဲ့ ကစားခဲ့တဲ့ ပွဲဖြစ်ပါတယ်။ The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးအသင်းတာဝန်ရှိသူတွေဟာ ဟာ တိုက်စစ်ကစားသမားကို မြောက်လန်ဒန်မှာ နောက်ထပ် တစ်နှစ်ထပ်ခေါ်ယူထားရန် အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

ဂါရတ်ဘေးလ်ဟာ ပရီးမီးယားလိဂ်မှာ ၁၆၁ မိနစ်သာ ကစားခဲ့ရပြီး နောက် (၅) လအတွင်းမှာ အသင်းဘက်က ပွဲကစားချိန်ပိုပေးပြီး ဖွယ်ရှိနေပါတယ်။ သို့သော်လည်း သူဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကို နွေရာသီမှာ ပြန်သွားရဖွယ်ရှိနေပြီး သူ့ရဲ့ စပိန်ဘီလူးအသင်းနဲ့ စာချုပ်သက်တမ်းကလည်း (၁) နှစ်ပဲ ကျန်တော့သာ ဖြစ်ပါတယ်။

ဂါရတ္ေဘးလ္ကို ေနာက္တစ္ႏွစ္ ထပ္ငွားရန္ အစီအစဥ္မရွိတဲ့ စပါးအသင္း

စပါးအသင္းဟာ ရီးရဲလ္မက္ဒရစ္တိုက္စစ္ကစားသမား ဂါရတ္ေဘးလ္ကို အသင္းမွာ ေနာက္ထပ္ တစ္ႏွစ္အငွားနဲ႔ ေခၚယူထားရန္ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။ ဘာေနဗ်ဴးမွာ အခြင့္အေရးေတြ ေပ်ာက္ဆံုးခဲ့တဲ့ ေ၀းလ္လက္ေရြးစင္ကစားသမားဟာ အသင္းေဟာင္း စပါးဆီကို ၂၀၂၀-၂၁ ေဘာလံုးရာသီက အငွားနဲ႔ ျပန္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ စပါးအသင္းအတြက္ ၿပိဳင္ပြဲစံု (၈) ပြဲ ပြဲထြက္ ပါ၀င္ကစားခဲ့ထားၿပီး (၃) ပြဲ လူစား၀င္ေရာက္ကစားေပးထားပါတယ္။ ေနာက္ဆံုးကစားခဲ့တဲ့ပြဲက တနဂၤေႏြေန႔က အက္ဖ္ေအဖလားပြဲမွာ မာရင္းနဲ႔ ကစားခဲ့တဲ့ ပြဲျဖစ္ပါတယ္။ The Times သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ စပါးအသင္းတာ၀န္ရွိသူေတြဟာ ဟာ တိုက္စစ္ကစားသမားကို ေျမာက္လန္ဒန္မွာ ေနာက္ထပ္ တစ္ႏွစ္ထပ္ေခၚယူထားရန္ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။

ဂါရတ္ေဘးလ္ဟာ ပရီးမီးယားလိဂ္မွာ ၁၆၁ မိနစ္သာ ကစားခဲ့ရၿပီး ေနာက္ (၅) လအတြင္းမွာ အသင္းဘက္က ပြဲကစားခ်ိန္ပိုေပးၿပီး ဖြယ္ရွိေနပါတယ္။ သို႔ေသာ္လည္း သူဟာ ရီးရဲလ္မက္ဒရစ္အသင္းဆီကို ေႏြရာသီမွာ ျပန္သြားရဖြယ္ရွိေနၿပီး သူ႔ရဲ႕ စပိန္ဘီလူးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကလည္း (၁) ႏွစ္ပဲ က်န္ေတာ့သာ ျဖစ္ပါတယ္။