လိုဆယ်ဆို ဒဏ်ရာရနေလို့ ဒယ်လီအလီကို အသင်းက ထွက်ခွာခွင့် ပြုမှာ မဟုတ်တဲ့ စပါးအသင်း

စပါးအသင်းဟာ ဒယ်လီအလီကို ဒီလမှာ အသင်းက ထွက်ခွာခွင့် ပြုသွားမှာ မဟုတ်သေးဘူးလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ စပါးအသင်းအတွက် ၂၀၂၀-၂၁ ဘောလုံးရာသီမှာ (၁၂) ပွဲသာ ကစားထားပြီး အဲ့ဒီထဲက ပရီးမီးယားလိဂ်မှာ (၄) ပွဲပဲ ကစားထားသူဖြစ်ပြီး အသင်းကနေ ထွက်ခွာရန် သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားကို လက်ရှိမှာ စပါးနည်းပြဟောင်း ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီအသင်းက အငှားနဲ့ ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။

သို့သော်လည်း ဒေးလီးမေးလ်သတင်းဌာနရဲ့ အဆိုအရ စပါးအသင်းပိုင်ရှင် လီဗိုင်းကတော့ အခုအချိန်မှာ လိုဆယ်ဆို ဒဏ်ရာရနေတဲ့အတွက် အလီကို အသင်းက ထွက်ခွာခွင့် ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အခြားသော သတင်းများရဲ့ ဖော်ပြချက်အရ အလီဟာ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆံးအချိန်ရောက်မှ အသင်းကနေ ထွက်ခွာနိုင်မယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းဘက်ကတော့ အခုလက်ရှိ ကြိုးစားထားတာတွေက အရာမထင်သေးဘူး ဖြစ်ပါတယ်။

အလီဟာ အောက်တိုဘာလကတည်းက စပါးအသင်းအတွက် (၈) မိနစ်သာ ကစားခွင့်ရထားပြီး ဗုဒ္ဓဟူးနေ့ညက ဖူလ်ဟမ်အသင်းနဲ့ စပါး ကစားခဲ့တဲ့ ပွဲမှာလည်း အရန်စာရင်းမှာပဲ ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားရဲ့ စပါးအသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၄ ဇွန်လအထိဖြစ်ပါတယ်။

လိုဆယ္ဆို ဒဏ္ရာရေနလို႔ ဒယ္လီအလီကို အသင္းက ထြက္ခြာခြင့္ ျပဳမွာ မဟုတ္တဲ့ စပါးအသင္း

စပါးအသင္းဟာ ဒယ္လီအလီကို ဒီလမွာ အသင္းက ထြက္ခြာခြင့္ ျပဳသြားမွာ မဟုတ္ေသးဘူးလို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ စပါးအသင္းအတြက္ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ (၁၂) ပြဲသာ ကစားထားၿပီး အဲ့ဒီထဲက ပရီးမီးယားလိဂ္မွာ (၄) ပြဲပဲ ကစားထားသူျဖစ္ၿပီး အသင္းကေန ထြက္ခြာရန္ သတင္းေတြ ထြက္ေပၚေနသူ ျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္ကစားသမားကို လက္ရွိမွာ စပါးနည္းျပေဟာင္း ကိုင္တြယ္ေနတဲ့ ပီအက္စ္ဂ်ီအသင္းက အငွားနဲ႔ ေခၚယူရန္ ပစ္မွတ္ထားေနပါတယ္။

သို႔ေသာ္လည္း ေဒးလီးေမးလ္သတင္းဌာနရဲ႕ အဆိုအရ စပါးအသင္းပိုင္ရွင္ လီဗိုင္းကေတာ့ အခုအခ်ိန္မွာ လိုဆယ္ဆို ဒဏ္ရာရေနတဲ့အတြက္ အလီကို အသင္းက ထြက္ခြာခြင့္ ေပးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ အျခားေသာ သတင္းမ်ားရဲ႕ ေဖာ္ျပခ်က္အရ အလီဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ ေနာက္ဆံးအခ်ိန္ေရာက္မွ အသင္းကေန ထြက္ခြာႏိုင္မယ္လို႔ သိရၿပီး ပီအက္စ္ဂ်ီအသင္းဘက္ကေတာ့ အခုလက္ရွိ ႀကိဳးစားထားတာေတြက အရာမထင္ေသးဘူး ျဖစ္ပါတယ္။

အလီဟာ ေအာက္တိုဘာလကတည္းက စပါးအသင္းအတြက္ (၈) မိနစ္သာ ကစားခြင့္ရထားၿပီး ဗုဒၶဟူးေန႔ညက ဖူလ္ဟမ္အသင္းနဲ႔ စပါး ကစားခဲ့တဲ့ ပြဲမွာလည္း အရန္စာရင္းမွာပဲ ပါ၀င္ခဲ့ပါတယ္။ ကြင္းလယ္တိုက္စစ္ကစားသမားရဲ႕ စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ၂၀၂၄ ဇြန္လအထိျဖစ္ပါတယ္။