ဒီဇင်ဘာလရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ဆွတ်ခူး

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီဇင်ဘာလရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားပါတယ်။ ဒါဟာ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက်ပိုင်း တစ်လတာအကောင်းဆုံး ကစားသမားဆုကို (၄) ကြိမ်မြောက် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ သူ့ထက် အကြိမ်အရေများတဲ့ ကစားသမား (၅) ယောက်ပဲ ရှိပါတယ်။ သူတို့တွေကတော့ အဂူရို၊ ဂျာရတ်၊ ဟယ်ရီကိန်း၊ ဗန်ပါစီ နဲ့ ရွန်းနီ တို့ပဲဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်း ဒီဇင်ဘာလအတွင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆) ပွဲမှာ (၃) ဂိုးသွင်းပေးခဲ့ပြီး ဆိုးလ်ရှားရဲ့ အသင်းကို ရှုံးပွဲမတွေ့စေပဲ (၄) ပွဲနိုင် (၂) ပွဲ သရေကျခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်အသင်း လိဒ်ယူနိုက်တက်ကို (၆-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၂) ဂိုးသွင်းခဲ့ပြီး လက်စတာ နဲ့ (၂-၂) သရေကျခဲ့တဲ့ပွဲမှာ (၁) ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဒီဇင်ဘာလအတွင်း (၄) ဂိုးဖန်တီးပေးခဲ့ပြီး ဝုလ်ဗ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ရပ်ရှ်ဖိုဒ့် နာကျင်အချိန်ပိုမှာ သွင်းခဲ့တဲ့ ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူဟာ ဒီရာသီကစားခဲ့တဲ့ (၂၆) ပွဲမှာ (၁၅) ဂိုးသွင်းပေးထားပြီး ယူနိုက်တက်အသင်းကို လီဗာပူးလ်ထက် (၃) မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီပေးထားသူ တစ်ယောက်ဖြစ်ပါတယ်။

ဒီဇင္ဘာလရဲ႕ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆံုး ကစားသမားဆုကို ယူႏိုက္တက္ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ ဆြတ္ခူး

ယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီဇင္ဘာလရဲ႕ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆံုး ကစားသမားဆုကို ဆြတ္ခူးရရွိသြားပါတယ္။ ဒါဟာ ဘ႐ူႏိုဖာနန္ဒက္စ္အေနနဲ႔ ယူႏိုက္တက္ကို ေရာက္ရွိလာၿပီးေနာက္ပိုင္း တစ္လတာအေကာင္းဆံုး ကစားသမားဆုကို (၄) ႀကိမ္ေျမာက္ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းမွာ သူ႔ထက္ အႀကိမ္အေရမ်ားတဲ့ ကစားသမား (၅) ေယာက္ပဲ ရွိပါတယ္။ သူတို႔ေတြကေတာ့ အဂူ႐ို၊ ဂ်ာရတ္၊ ဟယ္ရီကိန္း၊ ဗန္ပါစီ နဲ႔ ရြန္းနီ တို႔ပဲျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္း ဒီဇင္ဘာလအတြင္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၆) ပြဲမွာ (၃) ဂိုးသြင္းေပးခဲ့ၿပီး ဆိုးလ္ရွားရဲ႕ အသင္းကို ရႈံးပြဲမေတြ႕ေစပဲ (၄) ပြဲႏိုင္ (၂) ပြဲ သေရက်ခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ ယူႏိုက္တက္အသင္း လိဒ္ယူႏိုက္တက္ကို (၆-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ (၂) ဂိုးသြင္းခဲ့ၿပီး လက္စတာ နဲ႔ (၂-၂) သေရက်ခဲ့တဲ့ပြဲမွာ (၁) ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ဒီဇင္ဘာလအတြင္း (၄) ဂိုးဖန္တီးေပးခဲ့ၿပီး ဝုလ္ဗ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ ရပ္ရွ္ဖိုဒ့္ နာက်င္အခ်ိန္ပိုမွာ သြင္းခဲ့တဲ့ ဂိုးကိုလည္း ဖန္တီးေပးခဲ့ပါတယ္။ ေပၚတူဂီလက္ေရြးစင္ကြင္းလယ္လူဟာ ဒီရာသီကစားခဲ့တဲ့ (၂၆) ပြဲမွာ (၁၅) ဂိုးသြင္းေပးထားၿပီး ယူႏိုက္တက္အသင္းကို လီဗာပူးလ္ထက္ (၃) မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆံုးမွာ ရပ္တည္ႏိုင္ေအာင္ ကူညီေပးထားသူ တစ္ေယာက္ျဖစ္ပါတယ္။