ဖာဂူဆန်လက်ထက်တုန်းက ယူနိုက်တက်ကို ဒိုင်လူကြီးတွေအနေနဲ့ ပင်နယ်တီပိုပြီး ပေးခဲ့တယ်လို့ ပြောခဲ့တဲ့ ကလက်တန်ဘတ်


ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ကလက်တန်ဘတ်က ယူနိုက်တက်အသင်းကို နည်းပြဖာဂူဆန် ကိုင်တွယ်ခဲ့ တုန်းက ဒိုင်လူကြီးတွေအနေနဲ့ ပင်နယ်တီအခွင့်အရေးတွေ ပိုပေးခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက လီဗာပူးနည်းပြ ကလော့ပ်က ယူနိုက်တက်အသင်းရဲ့ ပင်နယ်တီရရှိမှုဟာ အခြားအသင်းတွေထက် များနေတာကို ဝေဖန် မှုအပြီးမှာ ကလက်တန်ဘတ်ရဲ့ ပြောစကားကလည်း ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။


ဆာအဲလက်ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းကို ၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူရဲ့လက် ထက်မှာ ယူနိုက်တက်ဟာ အမှတ်ပေးချန်ပီယံအဖြစ် ၁၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။ ကလက်တန်ဘတ်က “ လီဗာပူးနည်းပြ ကလော့ပ်က ယူနိုက်တက်အသင်းရဲ့ ပင်နယ်တီရရှိမှုတွေကို ဝေဖန်ခဲ့တယ်ဆိုရင် ဖာဂူဆန်လက်ထက်မှာ ပင်နယ်တီရခဲ့တဲ့ မှတ်တမ်းတွေကို မသိခဲ့တာပဲ ဖြစ်ပါမယ်” လို့ ပြောခဲ့ပါတယ်။


ကလော့ပ်က လီဗာပူးအသင်းရဲ့နောက်ဆုံး ၅နှစ်ခွဲအတွင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီအရေအတွက်ထက် ယူနိုက်တက်ရဲ့ နောက်ဆုံး ၂နှစ်အတွင်း ရရှိခဲ့တဲ့ ပင်နယ်တီအရေအတွက်က ပိုများနေတယ်ဆိုပြီး ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ ဝေဖန်မှုကိုတော့ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ တီယာနေးကတော့ စိတ်ဓာတ်ရေးရာတိုက်ခိုက်မှုတစ်ခုသာဖြစ်တယ်လို့ ပြောဆို သွားခဲ့ပါတယ်။ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ထိပ်တိုက်တွေ့ဆုံနေ တာပဲ ဖြစ်ပါတယ်။

zawgyi version

ဖာဂူဆန္လက္ထက္တုန္းက ယူႏိုက္တက္ကို ဒိုင္လူႀကီးေတြအေနနဲ႔ ပင္နယ္တီပိုၿပီး ေပးခဲ့တယ္လို႔ ေျပာခဲ့တဲ့ ကလက္တန္ ဘတ္
ပရီးမီးယားလိဂ္ရဲ႕ ဒိုင္လူႀကီးတစ္ဦးျဖစ္တဲ့ ကလက္တန္ဘတ္က ယူႏိုက္တက္အသင္းကို နည္းျပဖာဂူဆန္ ကိုင္တြယ္ခဲ့ တုန္းက ဒိုင္လူႀကီးေတြအေနနဲ႔ ပင္နယ္တီအခြင့္အေရးေတြ ပိုေပးခဲ့ေၾကာင္း ေျပာသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္တုန္းက လီဗာပူးနည္းျပ ကေလာ့ပ္က ယူႏိုက္တက္အသင္းရဲ႕ ပင္နယ္တီရရွိမႈဟာ အျခားအသင္းေတြထက္ မ်ားေနတာကို ေဝဖန္ မႈအၿပီးမွာ ကလက္တန္ဘတ္ရဲ႕ ေျပာစကားကလည္း ထြက္ေပၚလာခဲ့တာပဲ ျဖစ္ပါတယ္။
ဆာအဲလက္ဖာဂူဆန္ဟာ ယူႏိုက္တက္အသင္းကို ၁၉၈၆ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အထိ ကိုင္တြယ္ခဲ့တာျဖစ္ၿပီး သူရဲ႕လက္ ထက္မွာ ယူႏိုက္တက္ဟာ အမွတ္ေပးခ်န္ပီယံအျဖစ္ ၁၃ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ ႀကိမ္အထိရယူႏိုင္ခဲ့ပါတယ္။ ကလက္တန္ဘတ္က “ လီဗာပူးနည္းျပ ကေလာ့ပ္က ယူႏိုက္တက္အသင္းရဲ႕ ပင္နယ္တီရရွိမႈေတြကို ေဝဖန္ခဲ့တယ္ဆိုရင္ ဖာဂူဆန္လက္ထက္မွာ ပင္နယ္တီရခဲ့တဲ့ မွတ္တမ္းေတြကို မသိခဲ့တာပဲ ျဖစ္ပါမယ္” လို႔ ေျပာခဲ့ပါတယ္။
ကေလာ့ပ္က လီဗာပူးအသင္းရဲ႕ေနာက္ဆံုး ၅ႏွစ္ခြဲအတြင္းမွာ ရရွိခဲ့တဲ့ ပင္နယ္တီအေရအတြက္ထက္ ယူႏိုက္တက္ရဲ႕ ေနာက္ဆံုး ၂ႏွစ္အတြင္း ရရွိခဲ့တဲ့ ပင္နယ္တီအေရအတြက္က ပိုမ်ားေနတယ္ဆိုၿပီး ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕ ေဝဖန္မႈကိုေတာ့ ဒိုင္လူႀကီးတစ္ဦးျဖစ္တဲ့ တီယာေနးကေတာ့ စိတ္ဓာတ္ေရးရာတိုက္ခိုက္မႈတစ္ခုသာျဖစ္တယ္လို႔ ေျပာဆို သြားခဲ့ပါတယ္။ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ဟာ ဒီတစ္ပတ္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ထိပ္တိုက္ေတြ႕ဆံုေန တာပဲ ျဖစ္ပါတယ္။