အက်စ်တွန်ဗီလာအသင်းမှာ ကိုဗစ်ဖြစ်သူ ၉ ဦးအထိရှိနေတာကြောင့် အဲဗာတန်နဲ့ ကစားမယ့်ပွဲကို ရွှေ့ဆိုင်းခဲ့


ဗြိတိန်နိုင်ငံမှာ ကိုဗစ်ရောဂါပိုး ပြန်လည်ဖြစ်ပွားနေတာကြောင့် နိုင်ငံအနှံမှာ လော့ဒေါင်းကျမှုတွေရှိနေပေမယ့် ဘောလုံးပွဲ တွေကို ဆက်လက်ယှဉ်ပြိုင်မယ်လို့ ဝန်ကြီးချုပ်နဲ့အတူ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ဆုံးဖြတ်ထားခဲ့ကြပါတယ်။ ဒါပေ မယ့် အခြေအနေတွေအရ ပရီးမီးယားလိဂ်ကလပ်အသင်းတွေမှာ ကစားနေတဲ့ ကစားသမားတွေ ရောဂါကူးစက်ခံရမယ်ဆို ရင်လည်း ပွဲစဉ်တွေ ရွှေ့ဆိုင်းဖို့ကို အစောပိုင်းကတည်းက သဘောတူညီမှုရှိခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိ ရပါတယ်။


ဒီတစ်ပတ်ကစားမယ့် အက်စ်တွန်ဗီလာနဲ့ အဲဗာတန်တို့ကစားမယ့်ပွဲစဉ်မှာလည်း အက်စ်တွန်ဗီလာအသင်းနဲ့ သက်ဆိုင်သူ ၉ ဦးအထိ ရောဂါပိုးကူးစက်ခံထားရတယ်လို့ သတင်းတွေထွက်အပြီးမှာတော့ ဒီပွဲစဉ်ကိုရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။ အက်စ်တွန်ဗီလာအသင်းဟာ အစောပိုင်းကတည်းက ရောဂါပိုးကူးစက်ခံထားရသူတွေရှိတာကြောင့် လီဗာပူးနဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲတုန်းက ယူ-၂၃ အသင်းမှာ ကစားနေတဲ့သူတွေနဲ့ ပေါင်းပြီး ကစားခဲ့ရတယ်လို့လည်း သိရပါတယ်။


ပြီးခဲ့တဲ့နေ့က စပါးအသင်းနဲ့ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ အက်စ်တွန်ဗီလာအသင်းရဲ့ ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းခဲ့ရတာကြောင့် ပရီးမီး ယားလိဂ်ဘုတ်အဖွဲ့တာဝန်ရှိသူတွေက အဲဗာတန်နဲ့ပွဲစဉ်ကိုပါ ထပ်မံရွှေ့ဆိုင်းဖို့အတွက် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် တစ်ပတ်ကို နှစ်ကြိမ် စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

zawgyi version

အက္စ္တြန္ဗီလာအသင္းမွာ ကိုဗစ္ျဖစ္သူ ၉ ဦးအထိရွိေနတာေၾကာင့္ အဲဗာတန္နဲ႔ ကစားမယ့္ပြဲကို ေရႊ႕ဆိုင္းခဲ့
ၿဗိတိန္ႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုး ျပန္လည္ျဖစ္ပြားေနတာေၾကာင့္ ႏိုင္ငံအႏွံမွာ ေလာ့ေဒါင္းက်မႈေတြရွိေနေပမယ့္ ေဘာလံုးပြဲ ေတြကို ဆက္လက္ယွဥ္ၿပိဳင္မယ္လို႔ ဝန္ႀကီးခ်ဳပ္နဲ႔အတူ ပရီးမီးယားလိဂ္တာဝန္ရွိသူေတြက ဆံုးျဖတ္ထားခဲ့ၾကပါတယ္။ ဒါေပ မယ့္ အေျခအေနေတြအရ ပရီးမီးယားလိဂ္ကလပ္အသင္းေတြမွာ ကစားေနတဲ့ ကစားသမားေတြ ေရာဂါကူးစက္ခံရမယ္ဆို ရင္လည္း ပြဲစဥ္ေတြ ေရႊ႕ဆိုင္းဖို႔ကို အေစာပိုင္းကတည္းက သေဘာတူညီမႈရွိခဲ့တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိ ရပါတယ္။
ဒီတစ္ပတ္ကစားမယ့္ အက္စ္တြန္ဗီလာနဲ႔ အဲဗာတန္တို႔ကစားမယ့္ပြဲစဥ္မွာလည္း အက္စ္တြန္ဗီလာအသင္းနဲ႔ သက္ဆိုင္သူ ၉ ဦးအထိ ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ သတင္းေတြထြက္အၿပီးမွာေတာ့ ဒီပြဲစဥ္ကိုေရႊ႕ဆိုင္းခဲ့တယ္လို႔ သိရပါတယ္။ အက္စ္တြန္ဗီလာအသင္းဟာ အေစာပိုင္းကတည္းက ေရာဂါပိုးကူးစက္ခံထားရသူေတြရွိတာေၾကာင့္ လီဗာပူးနဲ႔ကစားခဲ့တဲ့ အက္ဖ္ေအဖလားၿပိဳင္ပြဲတုန္းက ယူ-၂၃ အသင္းမွာ ကစားေနတဲ့သူေတြနဲ႔ ေပါင္းၿပီး ကစားခဲ့ရတယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ေန႔က စပါးအသင္းနဲ႔ ယွဥ္ၿပိဳင္ဖို႔ရွိေနတဲ့ အက္စ္တြန္ဗီလာအသင္းရဲ႕ ပြဲစဥ္ကိုလည္း ေရႊ႕ဆိုင္းခဲ့ရတာေၾကာင့္ ပရီးမီး ယားလိဂ္ဘုတ္အဖြဲ႕တာဝန္ရွိသူေတြက အဲဗာတန္နဲ႔ပြဲစဥ္ကိုပါ ထပ္မံေရႊ႕ဆိုင္းဖို႔အတြက္ ဆံုးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္တာဝန္ရွိသူေတြက ပရီးမီးယားလိဂ္မွာ ကစားေနတဲ့ကစားသမားေတြရဲ႕ က်န္းမာေရးအတြက္ တစ္ပတ္ကို ႏွစ္ႀကိမ္ စစ္ေဆးမႈေတြျပဳလုပ္ခဲ့တယ္လို႔လည္း ေျပာခဲ့ပါတယ္။