ယူနိုက်တက် ကစားသမားတစ်ဦးဆိုပေမယ့် သူရဲ့ စံပြကစားသမားကတော့ အာဆင်နယ်တိုက်စစ်မှူး အွန်နရီလို့ ပြောခဲ့တဲ့ ရက်ရှ်ဖို့ဒ်


ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်က သူရဲ့ကလေးဘဝကတည်းက အားကျရတဲ့ စံပြကစားသမား က အာဆင်နယ်တိုက်စစ်မှူး အွန်နရီဖြစ်တယ် ဆိုပြီး ပြောသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က အာဆင်နယ်အသင်းအတွက် ၂၂၈ ဂိုးသွင်းယူထားပြီး အသင်းသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ အွန်နရီဆီကနေ သင်ယူခဲ့ရပြီး အခုချိန်မှာလည်း ရုပ်သံတင်ဆက်သူတစ်ဦးအဖြစ်လုပ်ကိုင်နေတဲ့ အွန်နရီရဲ့ ဘောလုံးနဲ့ ပတ်သက်ပြီး ပြော တာတွေကို နားထောင်လေ့ရှိကြောင်း ပြောခဲ့ပါတယ်။


ယူနိုက်တက်အသင်းကို အသက် ၇ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လူငယ်အသင်းမှာ ခြေစွမ်းပြ နိုင်ခဲ့တာကြောင့် အသင်းကြီးကိုခေါ်ယူခံခဲ့ရတာဖြစ်ပြီး လက်ရှိ ပွဲပေါင်း ၂၄၂ ပွဲကစားပြီးချိန်မှာ ၈၁ ဂိုးအထိသွင်းယူထားနိုင် ခဲ့သူလည်း ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်က သူအနေနဲ့ အင်္ဂလိပ်ကစားသမား တစ်ဦးဆိုပေမယ့် အာဆင်နယ်တိုက်စစ်မှူး အွန်နရီ ရဲ့ ကစားဟန်နဲ့ တူဖို့အတွက် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။


ရက်ရှ်ဖို့ဒ်က “ ကျွန်တော် အသက် ၁၆ ၊ ၁၇ နှစ်လောက်တုန်းက ကျောနံပါတ် ၉ ဂျာစီဝတ်ဆင်ပြီး ကစားတဲ့နေရာမှာကစား ခဲ့ပါတယ်။ အဲ့ဒီနေရာမှာ အွန်နရီက အခြားနံပါတ် ၉ ဂျာစီဝတ်ဆင်ကစားတဲ့သူတွေနဲ့ မတူတဲ့ ခြေစွမ်းမျိုးနဲ့ကစားနိုင်ခဲ့ပါ တယ်။ အွန်နရီရဲ့ အခုချိန်မှာ ဘောလုံးနဲ့ပတ်သက်ပြီး ပြောတာတွေကလည်း ကျွန်တော်ကို အသိဉာဏ်တွေအများကြီးရ စေပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္ ကစားသမားတစ္ဦးဆိုေပမယ့္ သူရဲ႕ စံျပကစားသမားကေတာ့ အာဆင္နယ္တိုက္စစ္မွဴး အြန္နရီလို႔ ေျပာခဲ့တဲ့ ရက္ရွ္ဖို႔ဒ္
ယူႏိုက္တက္အသင္းရဲ႕တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္က သူရဲ႕ကေလးဘဝကတည္းက အားက်ရတဲ့ စံျပကစားသမား က အာဆင္နယ္တိုက္စစ္မွဴး အြန္နရီျဖစ္တယ္ ဆိုၿပီး ေျပာသြားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္က အာဆင္နယ္အသင္းအတြက္ ၂၂၈ ဂိုးသြင္းယူထားၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ဂိုးသြင္းအမ်ားဆံုး ကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ အြန္နရီဆီကေန သင္ယူခဲ့ရၿပီး အခုခ်ိန္မွာလည္း ႐ုပ္သံတင္ဆက္သူတစ္ဦးအျဖစ္လုပ္ကိုင္ေနတဲ့ အြန္နရီရဲ႕ ေဘာလံုးနဲ႔ ပတ္သက္ၿပီး ေျပာ တာေတြကို နားေထာင္ေလ့ရွိေၾကာင္း ေျပာခဲ့ပါတယ္။
ယူႏိုက္တက္အသင္းကို အသက္ ၇ ႏွစ္အရြယ္ကတည္းက ေရာက္ရွိလာခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ လူငယ္အသင္းမွာ ေျခစြမ္းျပ ႏိုင္ခဲ့တာေၾကာင့္ အသင္းႀကီးကိုေခၚယူခံခဲ့ရတာျဖစ္ၿပီး လက္ရွိ ပြဲေပါင္း ၂၄၂ ပြဲကစားၿပီးခ်ိန္မွာ ၈၁ ဂိုးအထိသြင္းယူထားႏိုင္ ခဲ့သူလည္း ျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္က သူအေနနဲ႔ အဂၤလိပ္ကစားသမား တစ္ဦးဆိုေပမယ့္ အာဆင္နယ္တိုက္စစ္မွဴး အြန္နရီ ရဲ႕ ကစားဟန္နဲ႔ တူဖို႔အတြက္ ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။
ရက္ရွ္ဖို႔ဒ္က “ ကၽြန္ေတာ္ အသက္ ၁၆ ၊ ၁၇ ႏွစ္ေလာက္တုန္းက ေက်ာနံပါတ္ ၉ ဂ်ာစီဝတ္ဆင္ၿပီး ကစားတဲ့ေနရာမွာကစား ခဲ့ပါတယ္။ အဲ့ဒီေနရာမွာ အြန္နရီက အျခားနံပါတ္ ၉ ဂ်ာစီဝတ္ဆင္ကစားတဲ့သူေတြနဲ႔ မတူတဲ့ ေျခစြမ္းမ်ိဳးနဲ႔ကစားႏိုင္ခဲ့ပါ တယ္။ အြန္နရီရဲ႕ အခုခ်ိန္မွာ ေဘာလံုးနဲ႔ပတ္သက္ၿပီး ေျပာတာေတြကလည္း ကၽြန္ေတာ္ကို အသိဉာဏ္ေတြအမ်ားႀကီးရ ေစပါတယ္။” လို႔ ေျပာသြားခဲ့ပါတယ္။