လမ်းပတ်ကို ထုတ်ပြီး ဂရန့်ကို ပြန်ခေါ်မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုသွားခဲ့တဲ့ ချဲလ်ဆီးအသင်း


ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေက လက်ရှိမှာ ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် နည်းပြလမ်းပတ်ကို ထုတ်ပယ်ပြီး နည်းပြ ဟောင်းတစ်ဦးဖြစ်တဲ့ အေဗရန်ဂရန့်ကို ပြန်လည်ခန့်အပ်ဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုသွားခဲ့ပါတယ်။ အေဗရန် ဂရန့် ဟာ ချဲလ်ဆီးအသင်းကို မော်ရင်ဟို ပထမအကြိမ်ကိုင်တွယ်ပြီး ထုတ်ပယ်ခံရချိန်မှာ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီ အ သင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ထိရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


Sunsport ရဲ့ဖော်ပြချက်အရ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဂရန့်အနေနဲ့ ချဲလ်ဆီးနည်းပြ ဖြစ်လာမှာမဟုတ်ဘဲ လက်ရှိနည်း ပြ လမ်းပတ်အတွက် အကြံပေးတစ်ဦးသာ ဖြစ်လာဖို့ရှိတယ်လို့လည်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယား လိဂ် နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲတစ်ပွဲပဲ ရခဲ့သလို ချန်ပီယံဆုအတွက် ပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးကို အိမ်ကွင်းမှာ သုံးဂိုးတစ် ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။


ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီးတော့ အေဗရန်ဂရန့်က “ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်ပြော နိုင်တာ တစ်ခုက အခုအသင်းက တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်နေပါပြီ။ လက်ရှိမှာ ရုန်းကန်နေရတယ်ဆိုပေမယ့် အားလုံးစုပြီး အဖြေရှာဖို့ လိုအပ်ပါတယ်။ ရလဒ်မကောင်းတိုင်းသာ နည်းပြကို ထုတ်ပယ်နေမယ်ဆိုရင် အောင်မြင်တဲ့ အ သင်း တစ်သင်းဖြစ်လာမှာမဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

လမ္းပတ္ကို ထုတ္ၿပီး ဂရန္႔ကို ျပန္ေခၚမယ္ဆိုတဲ့သတင္းေတြကို ျငင္းဆိုသြားခဲ့တဲ့ ခ်ဲလ္ဆီးအသင္း
ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြက လက္ရွိမွာ ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ နည္းျပလမ္းပတ္ကို ထုတ္ပယ္ၿပီး နည္းျပ ေဟာင္းတစ္ဦးျဖစ္တဲ့ ေအဗရန္ဂရန္႔ကို ျပန္လည္ခန္႔အပ္ဖို႔ ရွိတယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆိုသြားခဲ့ပါတယ္။ ေအဗရန္ ဂရန္႔ ဟာ ခ်ဲလ္ဆီးအသင္းကို ေမာ္ရင္ဟို ပထမအႀကိမ္ကိုင္တြယ္ၿပီး ထုတ္ပယ္ခံရခ်ိန္မွာ နည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရၿပီ အ သင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအဆင့္ထိေရာက္ေအာင္ ပို႔ေဆာင္ေပးႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
Sunsport ရဲ႕ေဖာ္ျပခ်က္အရ အသက္ ၆၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဂရန္႔အေနနဲ႔ ခ်ဲလ္ဆီးနည္းျပ ျဖစ္လာမွာမဟုတ္ဘဲ လက္ရွိနည္း ျပ လမ္းပတ္အတြက္ အၾကံေပးတစ္ဦးသာ ျဖစ္လာဖို႔ရွိတယ္လို႔လည္း ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ပရီးမီးယား လိဂ္ ေနာက္ဆံုး ၆ ပြဲမွာ ႏိုင္ပြဲတစ္ပြဲပဲ ရခဲ့သလို ခ်န္ပီယံဆုအတြက္ ၿပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးကို အိမ္ကြင္းမွာ သံုးဂိုးတစ္ ဂိုးနဲ႔ ရႈံးခဲ့တာေၾကာင့္ ေဝဖန္ခံေနရတာပဲ ျဖစ္ပါတယ္။
ထြက္ေပၚေနတဲ့သတင္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေအဗရန္ဂရန္႔က “ လက္ရွိအေျခအေနနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္ေျပာ ႏိုင္တာ တစ္ခုက အခုအသင္းက ေတာင့္တင္းတဲ့အသင္းတစ္သင္းျဖစ္ေနပါၿပီ။ လက္ရွိမွာ ႐ုန္းကန္ေနရတယ္ဆိုေပမယ့္ အားလံုးစုၿပီး အေျဖရွာဖို႔ လိုအပ္ပါတယ္။ ရလဒ္မေကာင္းတိုင္းသာ နည္းျပကို ထုတ္ပယ္ေနမယ္ဆိုရင္ ေအာင္ျမင္တဲ့ အ သင္း တစ္သင္းျဖစ္လာမွာမဟုတ္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။